Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်အလယ်ပိုင်း၌ ရေနံချက်စက်ရုံသိုလှောင်ကန် မီးလောင်မှုဖြစ်ပွားပြီးနောက် ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ မတ်လအတွင်း ဖြစ်ပွားခဲ့သော ရေနံချက်စက်ရုံ မီးလောင်မှုတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဂျကာတာ ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်အလယ်ပိုင်းရှိ ရေနံချက်စက်ရုံသိုလှောင်ကန်တစ်ကန်သည် နိုဝင်ဘာ ၁၃ ရက်ညပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားများက မီးငြှိမ်းသတ်နေစဉ် စက်ရုံအနီးတစ်ဝိုက် နေထိုင်ကြသည့် ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း နိုင်ငံပိုင် ရေနံနှင့်ဓာတ်ငွေ့ ကုမ္ပဏီ PT Pertamina ပြောကြားခဲ့သည်။

ကုမ္ပဏီက ဝယ်ယူသူများအတွက် ရေနံ နှင့် ရေနံဓာတ်ငွေ့အရည် ဖြည့်ပေးခြင်းများမှာ ယင်းမီးလောင်မှုကြောင့် ထိခိုက်မည် မဟုတ်ကြောင်း ကြေညာချက်တွင် အာမခံထားသည်။

အဆိုပါမီးလောင်မှုသည် ဂျကာတာစံတော်ချိန် ည ၇ နာရီ ၂၀ မိနစ်ခန့် (ဂရင်းနစ်စံတော်ချိန် ၁၂၂၀)တွင် Cilacap ခရိုင်ရှိ ရေနံချက်စက်ရုံသိုလှောင်ကန်တစ်ကန်၌ ဖြစ်ပွားခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အစောပိုင်းတွင် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Ifki Sukarya က ယင်းမီးလောင်မှုသည် ဂျကာတာစံတော်ချိန် ည ၇ နာရီခွဲခန့် (ဂရင်းနစ်စံတော်ချိန် ၁၂၃၀)တွင် စတင်ခဲ့သည်ဟု ဆိုသည်။

မီးလောင်နေသည့်သိုလှောင်ကန်အား စောင့်ကြည့်သူများက စွမ်းဆောင်ရည်မြင့်မားသည့် မီးငြှိမ်းသတ်သော အမြှုပ်များအသုံးပြုကာ မီးငြှိမ်းသတ်ရေး အပြင်းအထန် လုပ်ဆောင်နေကြကြောင်း နှင့် သိုလှောင်ကန်များတည်ရှိရာ ပတ်ပတ်လည်တစ်ဝိုက် မီးမကူးစက်စေရေးအတွက် ရေပက်ဖြန်းမှုများ ပြုလုပ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မီးလောင်မှု ဖြစ်ပွားရာတစ်ဝိုက် နေထိုင်ကြသည့် ဒေသခံများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Cilacap ခရိုင်ရှိ ရေနံချက်စက်ရုံသည် PT Pertamina ကုမ္ပဏီ၏ ရေနံချက်စက်ရုံ ၆ ရုံအနက် တစ်ရုံဖြစ်သည်။ ယင်းရေနံချက်စက်ရုံတွင် ရေနံစိမ်း ချက်လုပ်မှုမှ ရေနံ နှင့် ဓာတ်ငွေ့ သာမက ရေနံစိမ်းများအား ချက်လုပ်ရန် သိုလှောင်ကန် ၂၀၀ ရှိကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Residents to be evacuated after oil refinery tank on fire in Indonesia’s Central Java
JAKARTA, Nov. 13 (Xinhua) — An oil refinery tank in Indonesia’s Central Java province caught fire on Saturday night, and residents living around the facility would be evacuated as firefighters were battling the blaze, the country’s state oil and gas firm PT Pertamina said.
The company ensured in a statement that the supplies of oil and liquefied petroleum gas for buyers were not disturbed by the accident.
The fire broke out at an oil refinery tank in Cilacap district at about 7:20 p.m. Jakarta time (1220 GMT), the statement said.
Earlier the company’s spokesman Ifki Sukarya said the fire started at about 7:30 p.m. Jakarta time (1230 GMT).
“The efforts to extinguish the fire are intensively being carried out, using high capacity foam monitors at the burned tank, and for the tanks located around it, water sprinkles are being used to cool them in a bid to prevent further spread of the fire,” the statement said.
“Residents living around the fire site will be evacuated to safer grounds,” it said.
The Cilacap refinery is one of PT Pertamina’s six refineries. The refinery comprises 200 tanks for crude to be processed as well as oil and gas from crude oil processing. Enditem