Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ COVID-19 ဆိုင်ရာ ကန့်သတ်ချက်များအား ဖြေလျှော့

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Melasti ကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ် မတ်လတွင် လာရောက်လည်ပတ်သူ မရှိသော ခရီးသွားနေရာလွတ်တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် COVID-19 ရောဂါ ဖြစ်ပွားမှုအသစ် အရေအတွက်များ ကျဆင်းလာသည်နှင့်အမျှ ဘာလီအပန်းဖြေကျွန်းပေါ်တွင် လူထုလှုပ်ရှားမှုများကို အဆင့်လေးဆင့်ဖြင့် ကန့်သတ်ထားခြင်းအား လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် တိုက်ရိုက်ထုတ်လွှင့်သော ရှင်းလင်းပွဲတွင် အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်း နှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan က ယခုအခါ ဘာလီကျွန်း၏ ကန့်သတ်ချက် အဆင့်အား အဆင့် ၄ မှ အဆင့်၃ သို့ လျှော့ချနိုင်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ဖြေလျှော့လိုက်သော်လည်း COVID-19 ဆိုင်ရာ ကျန်းမာရေးလုပ်ထုံးလုပ်နည်းများအား ဆက်လက်လိုက်နာရန် ပြည်သူလူထုအား ၎င်းက တောင်းဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ဂျာဗား နှင့် ဘာလီကျွန်းများပေါ်တွင် ယခင်က စက်တင်ဘာ ၁၃ ရက်တွင် အဆုံးသတ်မည့် ကန့်သတ်ချက်များအား စက်တင်ဘာ ၂၀ ရက် အထိ တိုးမြှင့်ခဲ့ကြောင်းလည်း ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan က ကြေညာခဲ့သည်။

အလွန်ကူးစက်မြန်သော Delta မျိုးဗီဇပြောင်းပိုးကြောင့် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လထိ COVID-19 ရောဂါဖြစ်ပွားမှုများ မြင့်တက်လာပြီးနောက် အဆိုပါကန့်သတ်ချက်မူဝါဒအား သတ်မှတ်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 လူနာအရေအတွက်သည် စက်တင်ဘာ ၁၃ ရက်တွင် ၄ ဒသမ ၁ သန်းထိ မြင့်တက်လာပြီး သေဆုံးသူအရေအတွက်သည် ၁၃၉,၁၆၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ယခုအထိ နိုင်ငံ၌ အနည်းဆုံး ပြည်သူ ၄၂ ဒသမ ၁ သန်းမှာ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားပြီး လူပေါင်း ၇၃ ဒသမ ၃၁ သန်းမှာ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် စုစုပေါင်းလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် ၊ လူ ၂၀၈ ဒသမ ၂ သန်းအား ကာကွယ်ဆေးထိုးနှံရန် ရည်မှန်းထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Indonesia relaxes COVID-19 restrictions in Bali
JAKARTA, Sept. 13 (Xinhua) — The Indonesian government has decided to lower the level of the four-tiered restrictions on public activities on the country’s resort island of Bali as the number of new COVID-19 cases is decreasing.
During a live-streamed briefing on Monday evening, the country’s Coordinating Minister for Maritime and Investment Affairs Luhut Binsar Pandjaitan said that Bali can now lower its level of the restrictions from Level 4 to Level 3.
But Pandjaitan called on the public to keep following the COVID-19 health protocols after the relaxation.
He also announced that the government has extended the restrictions on the islands of Java and Bali until Sept. 20, which were previously set to end on Sept. 13.
The restriction policy was imposed following the surge in COVID-19 cases from late June to July fueled by the highly transmissible Delta variant.
The number of COVID-19 cases in the country on Monday increased to 4.1 million with the death toll reaching 139,165.
To date, at least 42.1 million people in Indonesia have received two shots of vaccines, and 73.31 million have received the first doses.
The Indonesian government is targeting to vaccinate 208.2 million people, about 80 percent of the total population. Enditem
Photo – Photo shows an empty tourism site in Melasti Beach, Bali, Indonesia, March 14, 2020. (Photo by Wawan Kurniawan/Xinhua)