Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မာကူလူပြည်နယ်အနီးပင်လယ်ပြင်တွင် ပြင်းအား ၆.၁ အဆင့် ငလျင်လှုပ်ခတ်

ဂျကာတာ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မာကူလူပြည်နယ်အနီး ပင်လယ်ပြင်တွင် နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရှိရသေးကြောင်း သိရသည်။နိုဝင်ဘာ ၂ ရက် ဂျကာတာစံတော်ချိန် ၂၃ နာရီ ၄၃ မိနစ်ခန့်က မာကူလူပြည်နယ် Tanimbarကျွန်းစု အနောက်မြောက်ပင်လယ်ပြင် မြေအောက်အနက် ၁၂၃ ကီလိုမီတာကို ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပအေဂျင်စီ ဝဘ်ဆိုက်၏ သတင်းများအရ သိရသည်။

ငလျင်ဗဟိုချက်မအနီးရှိ ကျွန်းများနှင့်ကျေးရွာမြို့နယ်များတွင် လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရကြောင်း ဆိုသည်။ ယခုအကြိမ်လှုပ်ခတ်ခဲ့သော ငလျင်နှင့်စပ်လျဉ်း၍ အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပအေဂျင်စီက ဆူနာမီသတိပေးချက် မထုတ်ပြန်ခဲ့သော်လည်း ငလျင်ဗဟိုချက်အနီးတွင် နောက်ဆက်တွဲငလျင်များလှုပ်ခတ်နိုင်ခြင်းကြောင့် ယင်းဒေသနေပြည်သူများအနေဖြင့် သတိထားကြရန် သတိပေးထားသည်။

အမေရိကန်ဘူမိဗေဒလေ့လားရေးဌာန(USGS)ဝဘ်ဆိုက် သတင်းများအရ ယခုလှုပ်ခတ်သည့် ငလျင်မှာ ပြင်းအား ၅.၇ အဆင့်ရှိပြီး မြေအောက်အနက် ၈၉ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင် တည်ရှိရာ နှစ်စဉ် ငလျင်ကြီးငယ်အကြိမ်ရေ ထောင်နှစ်ချီဖြစ်လှုပ်ခတ်လေ့ရှိသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလက မာကူလူပြည်နယ် မြို့တော် အန်ဘို အရှေ့မြောက်ပိုင်း ကုန်းမြေတွင် ပြင်းအား ၆.၅ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၃၁ ဦးသေဆုံးပြီး ၁၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(Chinese Version)

(国际)印尼马鲁古省附近海域发生6.1级地震
2021-11-03 02:28:05
新华社雅加达11月2日电印度尼西亚马鲁古省附近海域2日晚发生6.1级地震,目前尚无人员伤亡和财产损失报告。
据印尼气象、气候和地球物理局网站消息,地震发生于雅加达时间2日23时43分(北京时间3日零时43分),震中位于马鲁古省塔宁巴尔群岛西北部海域,震源深度为123公里。
据报道,距震中较近的岛屿和乡镇有轻微震感。印尼气象、气候和地球物理局未就本次地震发布海啸预警,但警告说震中附近有发生余震的可能,并提醒居民保持警惕。
另据美国地质调查局地震信息网消息,此次地震的震级为5.7级,震源深度为89公里。
印尼地处环太平洋地震带,每年发生大小地震数千次。2019年9月,马鲁古省首府安汶市东北陆地曾发生6.5级地震,造成至少31人死亡、179人受伤。(完)
图说1:4月11日,救援人员在印度尼西亚东爪哇省玛琅一个村庄的震后废墟展开搜救行动。新华社发(普特丽摄)