Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မီးတောင်ပေါက်ကွဲမှုတွင် သေဆုံးသူအရေအတွက် ၂၂ ဦးထိ ရှိလာ ၊ ၃၀ ကျော် ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajang ခရိုင်ရှိ Sumber Wuluh ကျေးရွာ၌ ဒီဇင်ဘာ ၆ ရက်တွင် Semeru မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဘေးဒဏ်ခံရသူများအား ရှာဖွေကယ်ဆယ်မှုများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Semeru မီးတောင်ပေါက်ကွဲမှုတွင် သေဆုံးသူအရေအတွက်သည် ဒီဇင်ဘာ ၆ ရက်တွင် ၂၂ ဦးထိ ရှိလာခဲ့ပြီး လူ ၃၀ ကျော် ပျောက်ဆုံးနေကြောင်း ၊ ချော်ရည်ဖုံးလွှမ်းမှုများ နှင့် မီးခိုးပူများကြားမှ ဘေးဒဏ်ခံရသူများအား ရှာဖွေမှုကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajang ခရိုင်ရှိ Sumber Wuluh ကျေးရွာ၌ ဒီဇင်ဘာ ၆ ရက်တွင် Semeru မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်မှုများအတွင်း သေဆုံးသူ ရုပ်အလောင်းအား ကယ်ဆယ်ရေးအဖွဲ့များက သယ်ဆောင်လာစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Lumajang ခရိုင်ရှိ Sumber Wuluh ကျေးရွာ၌ ဒီဇင်ဘာ ၆ ရက်တွင် Semeru မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပျက်စီးသွားသော လူနေအိမ်တစ်လုံးအား တွေ့ရစဉ်(ဆင်ဟွာ)

ကယ်ဆယ်ရေးအဖွဲ့သည် ဒီဇင်ဘာ ၆ ရက်တွင် Lumajang ခရိုင်၌ ရွှံ့နွံ့များအောက်မှ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး မီးတောင်ပေါက်ကွဲမှုအတွင်း မြစ်များပေါ်တွင် သဲတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် သဲဖုံးပျောက်ဆုံးနေသူဦးရေမှာ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု နှင့် သက်သာလျော့ပါးရေးအေဂျင်စီ၏ သတင်းအချက်အလက်စင်တာရှိ တာဝန်ရှိသူတစ်ဦးဖြစ်သူ Daniel Riza က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရထားတဲ့ အစီရင်ခံစာတွေအရ ၂၂ ဦး သေဆုံးပြီးတော့ လူ ၃၀ နဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ မီးတောင်မပေါက်ကွဲမီက မြစ်တွေပေါ်မှာ တူးဖော်ရေးလုပ်ငန်းတစ်ချို့ ရှိနေတာကြောင့် အဲဒီအရေအတွက်ထက် ပိုများနိုင်ပါတယ်။”ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၁,၇၀၀ သည် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လူနေအိမ်ရာပေါင်းများစွာ ၊ တံတားတစ်စင်း နှင့် အခြား အခြေခံအဆောက်အအုံများ ပျက်စီးသွားခဲ့သောကြောင့် ကယ်ဆယ်ရေးစင်တာများတွင် ခိုလှုံနေထိုင်ကြရကြောင်း Daniel Riza က ပြောကြားခဲ့သည်။

စွမ်းအင် နှင့် သတ္တူအရင်းအမြစ် ဝန်ကြီးဌာနလက်အောက်ရှိ ဘူမိဗေဒအေဂျင်စီ၏ ခေါင်းဆောင် Eko Budi Lelono က မီးတောင်ထိပ်ဝမှ မီးခိုးပူများ ပြန့်နှံထွက်ပေါ်ရန် အလားအလာ ရှိနေသေးသည့်အတွက်ကြောင့် မီးခိုးများ ဖြတ်သွားနိုင်သည့် အနီရောင်ဇုန်အား ရှင်းပစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မီးခိုးပူတွေ ပြန့်နှံထွက်ပေါ်ဖို့ အလားအလာက ရှိနေတုန်းပါပဲ။ ကိရိယာတစ်ခုနဲ့ မီးခိုးပူတွေ မထွက်ပေါ်လာမီ သိရှိနိုင်ပါတယ်။”ဟု ၎င်းက virtual သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ မိုးလေဝသ ၊ ရာသီဥတုဗေဒ နှင့် ဘူမိရူပဗေဒအေဂျင်စီက လာမည့်ရက်များအတွက် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုများသည် ချော်ရည်ဖုံးလွှမ်းမှုများကို ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

လာမည့်သုံးရက်အတွင်း မီးတောင်ဆင်ခြေလျောတောင်စောင်း နှင့် တောင်ထိပ်ဝ တစ်ဝိုက်နေရာများတွင် အပြင်းအထန် ၊ အလယ်အလတ် ၊ အနည်းအကျဉ်း ရွာသွန်းမှုများနှင့်အတူ မိုးရွာသွန်းနိုင်ခြေ ရှိနေဆဲဖြစ်ကြောင်း မိုးလေဝသ ၊ ရာသီဥတုဗေဒ နှင့် ဘူမိရူပဗေဒအေဂျင်စီ၏ အများပြည်သူပိုင် မိုးလေဝသစင်တာခေါင်းဆောင် Fachri Rajab က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Death toll of Indonesia’s volcano eruption rises to 22, over 30 missing
JAKARTA, Dec. 7 (Xinhua) — The death toll of Semeru volcano eruption in Indonesia’s East Java province rose to 22 on Monday with more than 30 people missing, while search for the victims was underway amid a potential of lava floods and hot clouds.
The rescuer team found several bodies buried by mud in Lumajang district on Monday, and the number of missing people may rise as there were sand mining activities on rivers during the eruption, said Daniel Riza, an official at the data and information center of the district’s disaster management and mitigation agency.
“The reports coming to us showed that 22 died, and 30 persons lost contacts, and the number could be more than that as there were some mining activities on the rivers just before the eruption,” he told Xinhua.
The natural disaster has forced 1,700 people to flee homes and take shelters at evacuation centers as hundreds of houses, a bridge and other infrastructure facilities were destroyed, the official said.
Head of the Geological Agency at the Energy and Mineral Resources Ministry Eko Budi Lelono said there was still a potential for hot clouds to spread from the crater of the volcano, so that the red zone where the clouds may pass through must be emptied.
“The potential for the hot clouds to spread still exists. With a tool, it can be known just before it happens,” he told a virtual press conference.
On Sunday, the country’s Meteorology, Climatology and Geophysics Agency warned that heavy rains might happen in the coming days.
Heavy rains have usually triggered lava floods after volcanic eruptions in the vast archipelagic nation.
“There are still a potential of rains, with the level of weak, moderate and heavy, pouring down the areas around the crater and the slope of the volcano in the next three days,” Fachri Rajab, head of the Center for the Public Meteorology of the Meteorology, Climatology and Geophysics Agency (BMKG), told a press conference.■
Photo 1 – Search and rescue teams looks for victims after the eruption of Mount Semeru in Sumber Wuluh village in Lumajang district, East Java, Indonesia, Dec. 6, 2021. (Photo by Kurniawan/Xinhua)
Photo 2 – Search And Rescue (SAR) teams bring body packs of victims during a search operation after Mount Semeru erupted near Sumber Wuluh village in Lumajang, East Java, Indonesia, Dec. 6, 2021. (Photo by Kurniawan/Xinhua)
Photo 3 – A resident squats in front of a damaged house after the eruption of Mount Semeru in Sumber Wuluh village in Lumajang district, East Java, Indonesia, Dec. 6, 2021. (Photo by Kurniawan/Xinhua)