Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းတွင် သင်္ဘောမီးလောင်မှုဖြစ်ပွား၊ ခရီးသည်များအားလုံးကို ကယ်ဆယ်နိုင်ခဲ့

အင်ဒိုနီးရှားနိုင်ငံ ဘာလစ်ပါပန်မြို့ ရေပြင်တွင် ဆီယိုစိမ့်နေသည့် သင်္ဘောမီးလောင်မှုကြောင့် မီးခိုးများ ထွက်ပေါ်လာသည်ကို ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/P.S Prabowo)

ဂျကာတာ၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေစီ တန်ဂါရာပြည်နယ် ရေပြင်တွင် ဩဂုတ် ၁၆ ရက်က အနည်းဆုံးလူ ၃၄ ဦး တင်ဆောင်လာသည့် သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

KM Bukit Sumber Poleang သင်္ဘောသည် ဘွမ်ဘာနာခရိုင်၊ မာပီလာကျေးရွာ ရေပြင်တွင် ရွက်လွှင့်ခုတ်မောင်းစဉ် ဒေသစံတော်ချိန် မွန်းတည့် ၁၂:၀၀ နာရီ၌ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောသည် ဘွမ်ဘာနာခရိုင် Sikeli ကျေးရွာမှ Kasipute ကျေးရွာသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး ပြောခွင့်ရပုဂ္ဂိုလ် Yusuf Latief က ပြောခဲ့သည်။

မီးလောင်မှုကြောင့် သင်္ဘောကိုယ်ထည်တစ်ခုလုံးနီးပါး လောင်ကျွမ်းခဲ့သော်လည်း ကံကောင်းစွာဖြင့် သင်္ဘောပေါ် လိုက်ပါသွားသူများအားလုံးကို ရွက်သင်္ဘောများဖြင့် ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ခရီးသည်တွေအားလုံး ဘေးကင်းပါတယ်။ သူတို့တွေက ရေထဲခုန်ချခဲ့ပြီး ဒေသခံသင်္ဘောသားတွေနဲ့ ရွာသားတွေက ကူညီပေးခဲ့ပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

သင်္ဘောမီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းလေ့လာနေကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
————————————
(English Version)
Ship catches fire in central Indonesia, all passengers rescued
Source: Xinhua| 2021-08-17 00:28:12|Editor: huaxia
JAKARTA, Aug. 16 (Xinhua) — A ship carrying at least 34 people caught fire in the waters off Sulawesi Tenggara province in the central part of Indonesia on Monday, an official said.
The ship, KM Bukit Sumber Poleang, went down at 12:00 p.m. local time when it was sailing in the waters off Mapila village in Bombana district.
The ship departed from Sikeli village in Bombana district for Kasipute village also in the district, the National Search and Rescue Office’s spokesman Yusuf Latief said.
The fire engulfed most of the body of the vessel, but fortunately all the people on board were rescued safely by sailor ships, the spokesman disclosed.
“All the people on board are safe. They jumped into the waters and were helped by local sailors and villagers,” he told Xinhua by phone.
The cause of the accident has been under investigation, according to him. Enitem
Photo : Black smoke rises from a burned oil spill at the waters in Balikpapan, Indonesia, March 31, 2018. A cargo ship caught fire in waters off East Kalimantan province in central Indonesia on Saturday, leaving two people dead and two others missing, an official said. (Xinhua/P.S Prabowo)