Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် ကနူးလှေနစ်မြုပ်မှုကြောင့် လူ ၁၈ ဦးထက်မနည်း ပျောက်ဆုံးနေ

ဂျကာတာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဘန်ဂဝန်ဆိုလိုမြစ်တွင် လူဒါဇင်ပေါင်းများစွာ တင်ဆောင်လာသည့် ကနူးလှေတစ်စင်းသည် နိုဝင်ဘာ ၃ ရက်၌ တိမ်းမှောက်သွားပြီးနောက် လူ ၁၈ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။အဆိုပါ ကနူးလှေသည် ဒေသစံတော်ချိန် နံနက် ၉:၃၀ နာရီက Semambung ကျေးရွာရှိ မြစ်အား ကူးဖြတ်နေစဉ် လှိုင်းကြမ်းသဖြင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း Bojonegoro ခရိုင်ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ၏ ယာယီအကြီးအကဲ Ardhian Orianto က ဆိုသည်။

“လူ ၁၀ ဦးခန့်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အခြားသူ ၁၈ ဦးကတော့ ပျောက်ဆုံးနေဆဲပါပဲ” ဟု ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

“မိုးသည်းထန်ပြီး ဒီရေမြင့်တက်နေတာကြောင့် မြစ်ရေစီးကြောင်းက အရမ်းအားသန်နေတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။

ပျောက်ဆုံးနေသူများအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ယင်းကနူးလှေသည် မတော်တဆဖြစ်ပွားချိန်၌ မော်တော်ဆိုင်ကယ် အမြောက်အများ သယ်ဆောင်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

At least 18 missing as canoe capsizes in Indonesia’s East Java
JAKARTA, Nov. 3 (Xinhua) — At least 18 people were missing after a canoe carrying dozens of people capsized on Bengawan Solo River in Indonesia’s East Java province on Wednesday, a senior disaster agency official said.
The canoe was crossing the river in Semambung village at 9:30 a.m. local time when it capsized due to turbulent flow, said Ardhian Orianto, acting Head of Disaster Management Agency in Bojonegoro District.
“As many as 10 people have been rescued, but 18 others remain missing,” he told Xinhua via phone.
“The river current is very strong as the heavy rains have raised the water of the river,” the official added.
A search and rescue operation for the missing was underway.
The canoe also carried scores of motorcycles when the mishap happened, he said. Enditem

Photo taken on June 19, 2018 shows Indonesian search and rescue team during operation for the sunken boat in North Sumatera Province, Indonesia. (Xinhua/Albert Damanik)