Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် ပြင်းအား ၇.၃ ပမာဏရှိသော ငလျင်လှုပ်ခတ်၊ ထိခိုက်မှုအနည်းငယ်ရှိ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ငလျင်နှင့် မြေပြိုမှုဖြစ်ပွားပြီးနောက် ပျက်စီးနေသော အိမ်တစ်လုံးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ ဘန်ဒါပင်လယ်တွင် ဒီဇင်ဘာ ၃၀ ရက်က ပြင်းအား ၇.၃ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ထိခိုက်မှုအနည်းငယ်ရှိခဲ့ကြောင်း မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပအေဂျင်စီ (BMKG) အရ သိရသည်။

အင်ဒိုနီးရှား အနောက်တောင်ပိုင်း မာလူကူကျွန်းတွင် နေအိမ်နှစ်လုံး ပြိုကျခဲ့ပြီး အခြား ပျက်စီးမှုအချို့ရှိခဲ့ကြောင်း၊ သို့သော် ငလျင်ကြောင့် ဆူနာမီဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။
၎င်းငလျင်သည် မာလူကူပြည်နယ်၊ မာလူကူခရိုင် Tiakur မြို့အရှေ့ပိုင်း ၁၃၂ ကီလိုမီတာ အကွာအဝေးရှိ ပင်လယ်အတွင်း ဗဟိုပြုလျက် နံနက် ၁:၂၅ နာရီက လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပင်လယ်ကြမ်းခင်းအောက် အနက် ၁၈၃ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း BMKG ၏ ငလျင်နှင့် ဆူနာမီစင်တာ အကြီးအကဲ Bambang Setiyo Prayitno က ဒီဇင်ဘာ ၃၀ ရက်၌ စာဖြင့်ရေးသားသောထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ပမာဏအများဆုံး ၅.၂ ရှိသော နောက်ဆက်တွဲငလျင် သုံးခုလည်း လှုပ်ခတ်ခဲ့ကြောင်း အေဂျင်စီက မှတ်တမ်းတင်ထားသည်။

ပြည်သူများအနေဖြင့် ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များမှ အချက်အလက်များကို စောင့်ကြည်ရန်နှင့် ငလျင်ကြောင့် အက်ကြောင်းရာများ သို့မဟုတ် ပျက်စီးနေသော အဆောက်အအုံများမှ ရှောင်ရှားကြရန် အေဂျင်စီက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
2nd LD Writethru: 7.3-magnitude quake hits off eastern Indonesia, minor damages reported
2021-12-30 13:18:46
JAKARTA, Dec. 30 (Xinhua) — A earthquake measuring 7.3 magnitude hit the Banda Sea in the eastern part of Indonesia on Thursday with minor damages reported, according to the country’s Meteorology, Climatology and Geophysics Agency (BMKG).
The BMKG said that two houses collapsed and some other minor damages were reported in Southwest Maluku, but the quake triggered no tsunami.
The earthquake took place at 1:25 a.m. local time with the epicenter in the sea at a distance of 132 kilometers east of Tiakur city in Southwest Maluku district, Maluku province and at a depth of 183 kilometers under the seabed, the BMKG’s Head for Earthquake and Tsunami Center Bambang Setiyo Prayitno said in a written statement on Thursday.
The agency recorded three aftershocks with the largest measuring 5.2 magnitude.
The agency called on people to keep updating information from reliable sources, and to avoid cracks or damaged buildings caused by the earthquake. Enditem
Photo : A damaged house is seen after a 4.8-magnitude quake and landslide hit Bali, in Indonesia, Oct. 16, 2021. Three people were killed and seven others suffered broken bones with another one still buried under rubbles of a building after a 4.8-magnitude quake damaged houses in Indonesia’s resort island of Bali early Saturday. (Photo by Komang Alfan/Xinhua)