Connect with us

COVID-19 UPDATES

အင်္ဂလန်နိုင်ငံတွင် Delta ဗီဇပြောင်းဗိုင်းရပ်စ် စိုးရိမ်ပူပန်မှုများကြားမှ COVID တိုက်ဖျက်ရေး ဖြေလျှော့ပေးခြင်းကို ဆိုင်းငံ့

အမှတ် ၁၀၊ ဒေါင်းနင်းလမ်းမှ ထွက်လာသော ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သော ကူးစက်မြန်ဗီဇပြောင်း Delta ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အင်္ဂလန်နိုင်ငံတွင် ဇွန် ၂၁ ရက်နောက်ပိုင်းတွင် COVID ကန့်သတ်ချက်များအားလုံး ဖြေလျှော့ပေးခြင်းကို သီတင်းပတ်လေးပတ်ကြာ ဆိုင်းငံ့မည့်အကြောင်းကို ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇွန် ၁၄ ရက်၌ အတည်ပြုပြောကြားခဲ့သည်။

 ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Tower Bridge အရှေ့ရှိ Potters Fields ပန်းခြံ၌ လမ်းလျှောက်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဘော်လ်တန်မြို့ရှိ အများပြည်သူသတိပေးဆိုင်းဘုတ်အနီး လမ်းလျှောက်နေသော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းသို့ဆိုင်းငံ့လိုက်ခြင်းသည် ဇူလိုင် ၁၉ ရက်အထိ ကန့်သတ်ချက်များ ဖြေလျှော့ခြင်းကို ဆောင်ရွက်မည် မဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် Delta ဗိုင်းရပ်စ်၏ အန္တရာယ်ကာကွယ်ရန် ကာကွယ်ဆေးထိုးနှံရန်အတွက် ပိုမိုအချိန်ရရှိရေးအတွက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဂျွန်ဆင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဒါက အချိန်နည်းနည်းလေးပိုပြီး စောင့်လိုက်ရတာပါပဲ။ လက်ရှိအခြေအနေအရ သက်သေကိုလည်း ကျွန်တော်တို့ အခု မြင်တွေ့နိုင်ပါတယ်။ ဒီလေးပတ်ထက် ပိုပြီးလုပ်စရာမလိုလောက်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ဂျွန်ဆင်က ပြောခဲ့သည်။

၎င်းအစိုးရအနေဖြင့် ဖေဖော်ဝါရီ လမ်းပြမြေပုံ၌ ခန့်မှန်းထားသလို တတိယလှိုင်းက ပိုပြီးမြန်ဆန်စွာ ပျံ့နှံ့လျက်ရှိသော Delta ဗိုင်းရပ်စ်ကြောင့် လွန်စွာပင်စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

“တစ်ပတ်အတွင်း ရောဂါဖြစ်ပွားမှုက ၆၄ ရာခိုင်နှုန်းမြင့်တက်လာတာကို ကျွန်တေ်ာတို့ တွေ့မြင်ရပြီးတော့ ရောဂါကူးစက်မှု အများဆုံးနေရာတွေမှာတော့ အပတ်စဉ် နှစ်ဆလောက်ရှိနေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး အားထုတ်ကြိုးပမ်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပထမဆုံးကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၄၀ နှစ်ကျော်သူများအနေဖြင့် ဒုတိယအကြိမ်ဆေးထိုးနှံမှုအတွက် သီတင်းပတ် ၁၂ ပတ်အစား ၈ ပတ်သာစောင့်ဆိုင်းရတော့မည်ဖြစ်ကြောင်း၊ အသက် ၂၃ နှင့် ၂၄ နှစ်ကြား အသက်အရွယ်များအနေဖြင့် ဇွန် ၁၅ ရက်မှစ၍ ကာကွယ်ဆေး ထိုးနှံနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတစ်ဝန်း ပထမတစ်ကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ ၄၁.၆ သန်းရှိကြောင်းနှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၂၉.၉ သန်းရှိကြောင်း နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။

ဇွန် ၂၁ ရက်မှစ၍ မင်္ဂလာဆောင်များအနေဖြင့် လူပေါင်း ၃၀ ကျော်ဖြင့် ကျင်းပနိုင်မည်ဖြစ်သလို ပြည်သူများအနေဖြင့် လူချင်းခပ်ခွာခွာနေခြင်းကိုမူ စွဲစွဲမြဲမြဲလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က အတည်ပြုပြောခဲ့သည်။

ဗြိတိန်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါဖြစ်ပွားသူ နောက်ထပ် ၇,၇၄၂ ဦးရှိခဲ့ရာ စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၄,၅၇၃,၄၁၉ ဦး ရှိပြီဖြစ်ကြောင်း ဇွန် ၁၄ ရက်၌ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၃ ဦးရှိလာခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၂၇,၉၀၇ ဦးရှိလာပြီဖြစ်ကြောင်း၊ အဆိုပါ ကိန်းဂဏန်းများမှာ ၎င်းတို့၏ ပထမဆုံး ရောဂါကူးစက်ခံရကြောင်း စစ်ဆေးမှုများအပြီး ၂၈ ရက်အတွင်း သေဆုံးခဲ့သူများသာ ပါဝင်ကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Easing of COVID curbs in England delayed amid concerns over Delta variant risk
Source: Xinhua| 2021-06-15 03:45:16|Editor: huaxia
LONDON, June 14 (Xinhua) — British Prime Minister Boris Johnson on Monday confirmed a four-week delay to the lifting of all COVID restrictions in England beyond June 21, citing the risk of highly transmissible Delta variant that was first identified in India.
The delay means the lifting of restrictions will not take place until July 19, as the new move will allow more time for people to be vaccinated given the dangers of the Delta variant, Johnson said at a press conference.
“I think it is sensible to wait just a little longer,” Johnson said. “As things stand, and on the evidence that I can see right now, I’m confident that we will not need more than four weeks.”
He said that his government was “so concerned” by the Delta variant that is “now spreading faster than the third wave predicted in the February roadmap.”
“We’re seeing cases growing by about 64 percent per week, and in the worst affected areas, it’s doubling every week,” he said.
The government will step up its efforts to vaccinate the people in the country, he said.
Over-40s who have had their first jab will only have to wait eight weeks instead of 12 weeks for their second jab, and 23 and 24-year-olds will start to be offered a vaccine from Tuesday, the prime minister said.
More than 41.6 million people have received their first dose of COVID-19 vaccine and more than 29.9 million have received their second dose across Britain, according to the latest official figures.
Meanwhile, weddings can go ahead with more than 30 people from June 21, as long as people stick with social distancing, the prime minister confirmed.
Britain reported another 7,742 COVID-19 cases in the past 24 hours, bringing the total number of coronavirus cases in the country to 4,573,419, according to official figures released Monday.
The country also recorded another three coronavirus-related deaths, bringing the total number of coronavirus-related deaths in Britain to 127,907. These figures only include the deaths of people who died within 28 days of their first positive test.

1-British Prime Minister Boris Johnson leaves 10 Downing Street for the Prime Minister’s Questions at the House of Commons in London, Britain, on May 26, 2021. (Photo by Ray Tang/Xinhua)
2-People walk at Potters Fields Park in front of the Tower Bridge in London, Britain, June 1, 2021. (Xinhua/Han Yan
3-A woman walks past a public information sign in Bolton, Britain, on May 21, 2021. (Photo by Jon Super/Xinhua)■