Connect with us

Europe

အင်္ဂလိပ်ပရီးမီးယားလိဂ်ကစားသမား ၇၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေး အပြည့်အဝထိုးနှံထား

လန်ဒန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

အင်္ဂလိပ်ပရီးမီးယားလိဂ်က ၎င်းတို့၏ ကစားသမား ၆၈ ရာခိုင်နှုန်းသည် COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် အတည်ပြုခဲ့သည်။ပရီးမီးယားလိဂ်က ကလပ်အသင်း ၂၀ ၏ ကာကွယ်ဆေးထိုးနှံမှုနှုန်းအား အပတ်စဉ် စုဆောင်းခဲ့ကြောင်း ပြောကြားခဲ့သည်။”ကစားသမားတွေရဲ့ ၈၁ ရာခိုင်နှုန်းက COVID-19 ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံထားပြီးတော့ ၆၈ ရာခိုင်နှုန်းက အပြည့်အဝ ကာကွယ်ဆေးထိုးထားတယ်ဆိုတာ ဒီနေ့ အတည်ပြုနိုင်ပါတယ်” ဟု ပရီးမီးယားလိဂ်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထိပ်ဆုံးအသင်းရှိ ကလပ်အသင်း ၇ သင်းသာ ၎င်းတို့၏ ကစားသမား၏ ၅၀ ရာခိုင်နှုန်းကျော်အား အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ပရီးမီးယားလိဂ်သည် ကစားသမားများနှင့် ကလပ်အသင်းဝန်ထမ်းများအကြားတွင် ကာကွယ်ဆေး ထိုးနှံခြင်းအား အခိုင်အမာ တိုက်တွန်းလှုံဆော်လျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)
Nearly 70% players of English Premier League fully vaccinated

LONDON, Oct. 19 (Xinhua) — The English Premier League confirmed on Tuesday that 68 percent of their players are fully vaccinated against COVID-19.
The top flight of English football said that they collected vaccination rates of the 20 clubs on a weekly basis.

“The Premier League can confirm today that 81 percent of players have received at least one COVID-19 vaccination dose, with 68 percent now fully vaccinated,” read a statement by the Premier League.
According to British media reports, only seven clubs in the top flight have had more than 50 percent of their players fully vaccinated.
The Premier League has strongly encouraged vaccination among players and club staff. Enditem

Photo – Liverpool’s Diogo Jota (L) celebrates after scoring the first goal during a match between Liverpool and Burnley at Anfield in Liverpool, Britain, on Aug. 21, 2021, as supporters return to Premier League matches. (Xinhua/Han Yan)