Connect with us

Media

အစ္စတန်ဘူလ်လေဆိပ်ရှိ အမှိုက်များကို အနုပညာလက်ရာအဖြစ်ပြောင်းလဲခင်းကျင်းပြသသည့် တူရကီလက်မှုပညာရှင်

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ မှ လက်မှုပညာရှင်တစ်ဦးသည် အစ္စတန်ဘူလ်လေဆိပ်ရှိ စွန့်ပစ် အမှိုက်များစွာကို အနုပညာလက်ရာများအဖြစ် ပြောင်းလဲခဲ့ကြောင်း လေဆိပ် စီမံခန့်ခွဲရေးဌာနက ပြီးခဲ့သော ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။

လေဆိပ်၌ အများပြည်သူစွန့်ပစ်ထားခဲ့သည့် ပစ္စည်းများဖြစ်သော ပလတ်စတစ်ဘူးအမျိုးမျိုးနှင့် အိတ်အမျိုးမျိုး၊ ကြယ်သီးအရောင်အမျိုးမျိုး၊ စာရွက်အပိုင်းအစများ၊ ကေဘယ်လ်ကြိုးများနှင့် ဘက္ကထရီများ ကို Deniz Sagdic ဟုအမည်ရသည့် လက်မှုရှင် တစ်ဦးက ပုံတူပန်းချီကားများအဖြစ်အသွင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

သူ(မ) သည် အစ္စတန်ဘူလ်လေဆိပ်စွန့်ပစ်အမှိုက်များစီမံခန့်ခွဲရေးစင်တာမှ မတူညီသည့် အမှိုက်များကို စုဆောင်းရယူကာ လူမျိုးအမျိုးမျိုး၏ အသွင်သဏ္ဍာန်ပုံတူ ကားချပ် ၂၀ ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
ထိုလက်မှုအနုပညာများကို အစ္စတန်ဘူလ်လေဆိပ် တွင် အစ္စတန်ဘူလ်လေဆိပ် စီမံခန့်ခွဲမှု ၏ အစီအမံဖြင့် လေဆိပ်ဝင်ပေါက်တွင် တီထွင်ဆန်းသစ်သည့်အနုပညာလက်ရာ နေရာများပိုမို ထွက်ရှိလာရန်ပြသထားသည်။

အနုပညာလက်ရာများပြသထားရခြင်း၏ ရည်ရွယ်ချက်မှာ လာရောက်သူများအနေဖြင့် ဂေဟဗေဒနှင့် သဟဇာတ ရှိစေမည့် လူမှုဘဝအကြောင်း စိတ်ဝင်စားမှုရှိစေရန်နှင့် ရေရှည်တည်တံ့ပြီးပြန်လည်အသုံးချနိုင်မည့် ပစ္စည်းများအတွက် အနုပညာလက်ရာ အသိပညာမြှင့်တင်ရန်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီနေရာကိုဖြတ်သွားတဲ့ခရီးသည်တွေက ဒီလက်ရာတွေကို အဝေးက ရုတ်တရက် ကြည့်လိုက်ရင် ဆီဆေးပန်းချီကားတွေလို့ထင်မိပါတယ်” သေသေချာချာကြည့်မှ အပိုင်းအစလေးတွေနဲ့ဖန်တီးထားတယ်ဆိုတာ တွေ့တာပါ ဟု လက်မှုပညာရှင် Sagdic ကဆိုသည်။ (Xinhua)

……………………..
(English Version)
Turkish artist transforms waste collected at Istanbul Airport into artworks

ISTANBUL, Jan. 13 (Xinhua) — A Turkish artist has recently transformed a wide range of waste materials collected at Istanbul Airport into artworks, the airport management said Thursday in a press release.
The waste materials altered by the artist named Deniz Sagdic included various plastic containers and bags, numerous buttons of all colors, paper pieces, cables, and batteries abandoned by people at the airport.
She completed 20 portraits with characteristics of various nationalities by using these wastes collected by Istanbul Airport’s Waste Management Center.
The pieces were put on display by Istanbul Airport in line with the management’s dedication to reserving more space for innovative art at the terminal.
The display aims to inspire visitors about eco-friendly lifestyle and raise awareness on sustainability and recycling, the release noted.
“Passengers who pass by the areas where the works are exhibited perceive the art pieces as oil paintings from distant” until a close look that reveals they are made of scrap, Sagdic said. Enditem