Connect with us

Europe

အစ္စရေးကာကွယ်ရေးကုမ္ပဏီက Apache ရဟတ်ယာဉ်များအတွက် အမေရိကန်စစ်တပ်အား မြင်ကွင်းစနစ်များ ထောက်ပံ့မည်

ဂျေရုဆလမ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

အစ္စရေးကာကွယ်ရေး အီလက်ထရောနစ်ကုမ္ပဏီ Elbit Systems က Apache ရဟတ်ယာဉ်များအတွက် မြင်ကွင်းစနစ်များနှင့်အတူ အမေရိကန်စစ်တပ်အား ထောက်ပံ့သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ကုမ္ပဏီက ပြောကြားခဲ့သည်။စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၆ သန်းတန်ဖိုးရှိသည့် ယင်းသဘောတူစာချုပ်သည် ငါးနှစ်တာကာလအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း Elbit Systems ကုမ္ပဏီက ပြောကြားခဲ့သည်။

ဘက်စုံပေါင်းစပ်အဆင့်မြှင့်တင်ထားသည့် ခေါင်းဆောင်းဦးထုပ် နှင့် မြင်ကွင်းပြစနစ်များ(IHADSS)သည် ဘိုးရင်း AH-64 Apache ရဟတ်ယာဉ်များအတွက် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ခေါင်းဆောင်းဦးထုပ်တပ်ဆင်ထားသည့်စနစ်သည် အရေးပါသော ပျံသန်းမှု နှင့် ပစ်မှတ်အချက်အလက်ကို ရဟတ်ယာဉ်မောင်း၏ မျက်စိရှေ့တိုက်ရိုက်ဖော်ပြပေးမည် ဖြစ်ကာ မစ်ရှင်အောင်မြင်ရေး နှင့် ရဟတ်ယာဉ်အဖွဲ့သားလုံခြုံရေးကို ပံ့ပိုးပေးကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

ဘက်စုံပေါင်းစပ်အဆင့်မြှင့်တင်ထားသည့် ခေါင်းဆောင်းဦးထုပ် နှင့် မြင်ကွင်းပြစနစ်များ(IHADSS) အစိတ်အပိုင်းများကို တက္ကဆတ်ပြည်နယ် Fort Worth မြို့ရှိ Elbit အမေရိကန် ကုမ္ပဏီခွဲ အင်ဂျင်နီယာ နှင့် ကုန်ထုတ်လုပ်မှုစက်ရုံမှ အမေရိကန်စစ်တပ်သို့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Elbit Systems ကုမ္ပဏီကို ၁၉၆၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အစ္စရေးနိုင်ငံမြောက်ပိုင်း မြို့၌ အခြေစိုက်ကာ လေတပ် ၊ ကြည်းတပ် နှင့် ရေတပ်သုံးစနစ်များ နှင့် ကာကွယ်ရေးအတွက် ထုတ်ကုန်များ ၊ အမိမြေလုံခြုံရေး နှင့် စီးပွားဖြစ်အသုံးအဆောင်များ ထောက်ပံ့ထုတ်လုပ်ကြောင်း သိရသည်။ (Xinhua)

————————————————-
(English Version)

Israeli defense company to provide U.S. Army sight systems for Apache helicopters

JERUSALEM, Oct. 6 (Xinhua) — Israeli defense electronics company Elbit Systems will provide the U.S. Army with sight systems for the Apache helicopter fleet, the company announced on Wednesday.
The contract, with the total value of 76 million U.S. dollars, will be performed over a five-year period, Elbit said.

The Integrated Helmet And Display Sight Systems (IHADSS) are uniquely designed for the Boeing AH-64 Apache helicopters.
This helmet-mounted system presents critical flight and targeting information directly in front of the pilot’s eye, contributing to mission success and crew safety, according to Elbit.
The IHADSS parts will be delivered to the U.S. Army from Elbit U.S. subsidiary’s engineering and manufacturing facility at Fort Worth, Texas.
Elbit Systems, founded in 1966 and headquartered in the city of Haifa in northern Israel, develops and supplies airborne, land and naval systems and products for defense, homeland security and commercial applications. Enditem

Photo – An Apache helicopter is displayed at the 27th International Defence Industry Exhibition in Kielce, Poland, on Sept. 5, 2019. The 27th International Defence Industry Exhibition MSPO, one of the largest in Central and Eastern Europe with around 600 exhibitors, is held here from Sept. 3 to Sept. 6. (Photo by Jaap Arriens/Xinhua)