Connect with us

COVID-19 UPDATES

အစ္စရေးနိုင်ငံက အသက် ၆၀ နှစ်အထက်ရှိသူများအား စတုတ္ထအကြိမ်မြောက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ခွင့်ပြု

အစ္စအရေးနိုင်ငံ အလယ်ပိုင်း Rishon LeZion မြို့ရှိ Maccabi ကျန်းမာရေးဝန်ဆောင်မှု ဆေးခန်းတွင် စတုတ္ထအကြိမ်မြောက် COVID-19 ကာကွယ်ဆေး ထိုးနှံနေသော အမျိုးသားတစ်ဦးအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံက အသက် ၆၀ နှစ်အထက်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စတုတ္ထမြောက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းခွင့်ပြုခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက် (Naftali Bennett) က ဇန်နဝါရီ ၂ ရက်က ပြောကြားခဲ့သည်။

Pfizer က ထုတ်လုပ်ထားသော စတုတ္ထမြောက် ကာကွယ်ဆေးအား တတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး အချိန်လေးလကြာရှိပြီဖြစ်သော အသက် ၆၀ နှစ်အထက်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထပ်တိုးအားဖြည့်ကာကွယ်ဆေးသည် အစ္စရေးနိုင်ငံသားများအား “ရောဂါကာကွယ်ရေးအလွှာသစ်” အဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစ္စရေးနိုင်ငံအနေဖြင့် အိုမီခရွန် ဗီဇမျိုးကွဲဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကြောင့် လူသေဆုံးမှု မြင့်တက်လုနီးပါး အခြေအနေတွင် ရောက်ရှိနေခြင်းကြောင့် သက်ကြီးရွယ်အိုများကို အားဖြည့်ကာကွယ်ဆေးထိုးနှံထားကြရန် ဘန်းနက်က တိုက်တွန်းထားသည်။

အစ္စရေးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအသစ် ၅၀,၀၀၀ ကျော်လာဖွယ်ရှိကြောင်း ဘန်းနက်က ဆိုသည်။

အစ္စရေးနိုင်ငံသည် ကိုယ်ခံအားနည်းသောသူများနှင့် သက်ကြီးစောင့်ရှောက်ရေးဂေဟာများတွင် နေထိုင်သူများအတွက် စတုတ္ထမြောက် ကာကွယ်ဆေးကို ဒီဇင်ဘာ ၃၀ ရက်က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအားဖြည့်ကာကွယ်ဆေးထိုးရန် ကမ်းလှမ်းထားသောပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့သည်။

အစ္စရေးနိုင်ငံရှိ လူဦးရေ ၉.၄၅ သန်းအနက် ၇၀ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံထားပြီးဖြစ်ကြောင်းနှင့် ၄၅ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးသုံးကြိမ်လုံး ထိုးနှံထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်၌ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ (Xinhua)

………………………………..
(English Version)
Israel approves 4th COVID-19 vaccine shot for people over 60
Source: Xinhua
Editor: huaxia
2022-01-04 06:16:10
JERUSALEM, Jan. 2 (Xinhua) — Israel has approved a fourth COVID-19 vaccine dose for people over 60 years old and medical staff, Israeli Prime Minister Naftali Bennett said on Sunday.
In a televised press conference, Bennett said that the fourth dose of the vaccine, developed by Pfizer, was approved by the country’s Health Ministry for people over 60 and medical personnel who received the third dose at least four months ago.
He said that the additional booster would provide Israelis “a new layer of defense.”
Bennett urged the elders to get the booster shot, warning that Israel is on the verge of another surge in morbidity due to the spread of the Omicron variant.
The country is likely “to see as many as 50,000 new coronavirus cases,” Bennett said.
On Thursday, Israel approved the fourth vaccine shot for immune-compromised people and the elderly living in care homes, becoming one of the first countries to offer that booster.
Some 70 percent of Israel’s 9.45 million population have received at least one dose of the vaccine, and about 45 percent of the Israelis have received all three doses, according to figures issued on Sunday by the Health Ministry. ■
Photo : A man receives a fourth dose of COVID-19 vaccine at a clinic of Maccabi Health Services in the central Israeli city of Rishon LeZion on Jan.3,2022.(Gil Cohen Magen/Xinhua)