Connect with us

Europe

အစ္စရေးနိုင်ငံက COVID-19 စိုးရိမ်ပူပန်မှုအတွင်း ခရီးသွားလာခြင်းဆိုင်ရာ ပြင်းထန်သော သတိပေးချက်အောက်တွင် ၁၈ နိုင်ငံ ထပ်မံဖြည့်စွက်

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ အနီး Ben Gurion နိုင်ငံတကာလေဆိပ် ထွက်ခွာခန်းမတွင် နှာခေါင်းစည်းတပ်ဆင်ထားသော ခရီးသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ရောဂါ မြင့်တက်လာစဉ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံအား ခရီးသွားလာခြင်းဆိုင်ရာ ပြင်းထန်သော သတိပေးချက်တစ်ရပ်ကို ဩဂုတ် ၃ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။ခရီးသွားလာခြင်း သတိပေးချက်သည် ဩဂုတ် ၁၁ ရက်၌ အသက်ဝင်မည်ဖြစ်ကြောင်း၊ သတိပေးချက် ထုတ်ပြန်ထားသော နိုင်ငံများတွင် အမေရိကန်၊ ပြင်သစ်၊ ယူကရိန်း၊ အီတလီ၊ အိုက်စ်လန်၊ ဆွာဇီလန် (Eswatini) ၊ ဘော့စ်ဝါနာ၊ ဂျာမနီ၊ နယ်သာလန်၊ တန်ဇန်းနီးယား၊ ဂရိ၊ မာလာဝီ၊ အီဂျစ်၊ ချက်၊ ကျူးဘား၊ ရဝမ်ဒါနှင့် တူနီးရှား စသည့်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ အနီး Ben Gurion နိုင်ငံတကာလေဆိပ် ထွက်ခွာခန်းမတွင် နှာခေါင်းစည်းတပ်ဆင်ထားသော ခရီးသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ယခင်က သတ်မှတ်ထားခဲ့သော ခရီးသွားလာခြင်းဆိုင်ရာ ပြင်းထန်သောသတိပေးချက်ထုတ်ပြန်ထားသည့် စာရင်းတွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ ဇင်ဘာဘွေ၊ မွန်ဂိုးလီးယား၊ မြန်မာ၊ နမီးဘီးယား၊ ဖီဂျီ၊ ကိုလံဘီယာနှင့် ကမ္ဘောဒီးယား နိုင်ငံများ ပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် နိုင်ငံတကာလေဆိပ်တွင် နှာခေါင်းစည်းတပ်ဆင်ထားသော ခရီးသွားများအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် အစ္စရေးနိုင်ငံအနေဖြင့် ၎င်း၏နိုင်ငံသားများအား ခြွင်းချက်ကော်မတီမှ အထူးခွင့်ပြုချက် မရရှိပါက ဗြိတိန်၊ ဂျော်ဂျီယာ၊ ဆိုက်ပရက်စ်၊ တူရကီ၊ အာဂျင်တီးနား၊ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယ၊ မက္ကဆီကို၊ ရုရှား၊ ဘယ်လာရုစ်၊ ဥဇဘက်ကစ္စတန်၊ စပိန်နှင့် ကာဂျစ်စတန် နိုင်ငံများသို့ ခရီးသွားလာခြင်း တားမြစ်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ နိုင်ငံများမှ ပြည်တွင်း ခရီးသည်များ အနေဖြင့် ရောဂါမှပြန်လည်ကျန်းမာလာသူနှင့် ကာကွယ်ဆေးထိုးနှံထားသူများ အပါအဝင် ၇ ရက်တာ အရေးပေါ်ကွာရန်တင်း မဖြစ်မနေဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

#Isreal, #COVID_19, #TravelWarning, #Coronavirus, #Xinhua, #Myanmar, #XinhuaMyanmar, #အစ္စရေး, #ခရီးသွားလာခြင်းသတိပေးချက်, #ကိုရိုနာဗိုင်းရပ်စ်, #ဆင်ဟွာ

——————————————————–
(English Version)

Israel adds 18 more countries under severe travel warning over COVID-19 concern

JERUSALEM, Aug. 5 (Xinhua) — The Israeli Ministry of Health had issued on Tuesday a severe travel warning for 18 more countries over their high coronavirus morbidity.

The travel warning will take effect on Aug. 11. The countries are the United States, France, Ukraine, Italy, Iceland, Eswatini, Botswana, Bulgaria, Germany, the Netherlands, Tanzania, Greece, Malawi, Egypt, the Czech Republic, Cuba, Rwanda and Tunisia.

Previously the list of countries under severe travel warning included the United Arab Emirates, Guatemala, Honduras, Zimbabwe, Mongolia, Myanmar, Namibia, Fiji, Colombia and Cambodia.

Israel has decided to ban its citizens from traveling to 14 countries, including Britain, Georgia, Cyprus, Turkey, Argentina, Brazil, South Africa, India, Mexico, Russia, Belarus, Uzbekistan, Spain and Kyrgyzstan unless they can obtain special permission from an exception committee.

Inbound passengers from these countries, including the recovered and vaccinated, must also enter an immediate seven-day quarantine. ■
1- Passengers wearing face masks are seen in the departure hall at Ben Gurion International Airport near Tel Aviv, Israel, July 21, 2021. (Xinhua/Gil Cohen Magen)

2- Passengers wearing face masks are seen in the departure hall at Ben Gurion International Airport near Tel Aviv, Israel, July 21, 2021. (Xinhua/Gil Cohen Magen)

3- Travelers with face masks are seen at the Los Angeles International Airport in Los Angeles, the United States, July 18, 2021. (Xinhua)