Connect with us

Africa & Middle East

အစ္စရေးနိုင်ငံက F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်သစ် ၃ စင်း လက်ခံရရှိ

အစ္စရေးနိုင်ငံ၌ F-35 ဂျက်တိုက်လေယာဉ်တစ်စင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ လေတပ်သည် အမေရိကန်နိုင်ငံမှ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်သစ် ၃ စင်းကို စက်တင်ဘာ ၂၆ ရက်တွင် လက်ခံရရှိကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ၌ Adir (ဟီဘရူးဘာသာစကား၌ ခွန်အားကြီးမားသော ) ဟု လူသိများသည့် ယင်းဂျက်လေယာဉ်များသည် နိုင်ငံတောင်ပိုင်း Nevatim လေတပ်စခန်းသို့ ဆင်းသက်ခဲ့သည်။ ယင်းဂျက်လေယာဉ်များသည် ‘Lions of the South’ လေတပ်ဖွဲ့နှင့် ပူးပေါင်းကာ အစ္စရေးနိုင်ငံ၏ ဝေဟင်အား ကာကွယ်ရန် Adir ဂျက်လေယာဉ်များ၏ များစွာသောတန်ဖိုးများကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်တွင် ပြောကြားခဲ့သည်။

အသစ်ရောက်ရှိလာသော ဂျက်လေယာဉ်များနှင့်အတူ အစ္စရေးနိုင်ငံ၌ ယခုအခါ F-35 ဂျက်တိုက်လေယာဉ် အစင်း ၃၀ ရှိသည်။ အဆိုပါဂျက်လေယာဉ်များသည် F-35s အစင်း ၅၀ ဝယ်ယူမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အစ္စရေး နိုင်ငံသို့ ပထမဆုံး ဂျက်လေယာဉ်များသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

F-35 ဂျက်လေယာဉ်ကို ရေဒါရှောင်ကွင်းနည်းပညာဖြင့် ဖန်တီးထားကာ အဆင့်မြင့်စွမ်းရည် ပါဝင်သောကြောင့် သမားရိုးကျ ရေဒါများဖြင့် ဖမ်းယူနိုင်မည်မဟုတ်ကြောင်း နှင့် ယင်းဂျက်လေယာဉ်များသည် ဗုံးများလည်း သယ်ဆောင်နိုင်ပြီး အလွန်မြန်ဆန်သောမြန်နှုန်း Mach 1.6 (တစ်နာရီလျှင်မိုင် ၁,၂၃၀ ခန့်) ထိ ပျံသန်းနိုင်စွမ်း ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Israel receives 3 new F-35 stealth jets
JERUSALEM, Sept. 26 (Xinhua) — Israel’s Air Force received from the United States three new F-35 stealth fighter jets on Sunday, an Israeli military spokesperson said.
The jets, known in Israel as “Adir” which means “mighty” in Hebrew, landed at the Nevatim airbase in southern Israel. They “will join the ‘Lions of the South’ squadron and boost the array of Adir jets to protect the skies of Israel,” the spokesperson said in a statement.
With the new arrivals, Israel has 30 F-35 jets now. The jets are part of an acquisition of 50 F-35s. The first jets arrived in Israel in December 2016.
The F-35 features advanced stealth capabilities that allow the jet to avoid being discovered by regular radars, while it can carry an array of bombs and fly at a supersonic speed of Mach 1.6 (about 1,230 miles per hour). Enditem
Photo – File photo of a F-35 fighter jet is provided by Israel Defense Forces (IDF). Israel’s air force announced Wednesday that its new squadron of U.S.-made F-35 fighter jets is fully operational. (Xinhua/IDF)