Connect with us

International Organizations

အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ မွေးမြူရေးခြံ တစ်ခု၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားကြောင်း သတင်းထုတ်ပြန်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ ကမ်းရိုးတန်းမြို့ ဖြစ်သော Netanya မြို့အနီး၊ Emek Hefer ချိုင့်ဝှမ်းရှိ ရေလှောင်ကန်တစ်ခုတွင် အဖြူရောင် နှုတ်သီးရှည် ဆောင်းခိုငှက်ငယ်များ ကျက်စားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံတောင်ပိုင်းရှိ ကြက်ဆင်ခြံတစ်ခြံတွင် ရောဂါပိုးကူးစက်နိုင်သော H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လှောင်ချိုင့်အတွင်း ကြက်ဆင်များ ပုံမှန်မဟုတ်သော သေဆုံးမှုသတင်းကို ပိုင်ရှင်က သတင်းပို့ပြီးနောက် Avigdor ရွာရှိ ခြံတစ်ခြံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဌာန၏ တိရစ္ဆာန်ဆေးကုသရေး ဝန်ဆောင်မှုများသည် ၎င်းမွေးမြူရေးနေရာကို သီးခြားခွဲထားကာ မွေးမြူရေးခြံအတွင်းရှိ လှောင်ချိုင့်များအားလုံးကို နိုးကြွားစွာစောင့်ကြည့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

H5N1ကြက်ငှက်တုပ်ကွေးရောဂါသည် ကြောင်၊ ကျားနှင့် ဝက်ကဲ့သို့သော အခြားတိရစ္ဆာန်များနှင့် ရှားပါးသော အခြေအနေများတွင်လည်း လူသားများသို့လည်းကူးစက်နိုင်ကြောင်း သိရသည်။
လူသားများတွင် ဖြစ်ပွားသော ကြက်ငှက်တုပ်ကွေး၏ ပထမဆုံးလက္ခဏာများမှာ အများအားဖြင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် အဖျားတက်ခြင်း ဖြစ်ကြောင်း သိရသည်။
အစ္စရေးနိုင်ငံ၌ ၂၀၀၆ ခုနှစ်တွင် ကြက်ငှက်တုပ်ကွေးရောဂါ အကြီးအကျယ်ဖြစ်ပွားမှုစံချိန်တင်ခဲပြီး တောင်ပိုင်းရှိ ကြက်ဆင်မွေးမြူရေးစခန်း ၉ ခုတွင် ကူးစက်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Israel reports outbreak of bird flu at southern farm
JERUSALEM, Dec. 6 (Xinhua) — Israel has reported an outbreak of the pathogenic H5N1 avian influenza at a turkey farm in the south of the country, the Ministry of Agriculture and Rural Development said in a statement on Monday.
The bird flu cases were detected at a farm in the village of Avigdor, after the owner reported abnormal mortality of turkeys in the coop, the ministry said.
The ministry’s veterinary services isolated the farm area, and carried out active monitoring of all the coop farms in the area.
H5N1 bird flu can also infect other animals, such as cats, tigers and pigs, and in rare cases humans as well.
The first symptoms of bird flu in humans are usually severe respiratory illness and fever.
A large outbreak of bird flu in Israel was recorded in 2006, involving nine industrial turkey coops in the south. Enditem