Connect with us

Europe

အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စားမီးရထားလမ်းတွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ရထား စမ်းသပ်ပြေးဆွဲမှု ပြီးစီး

ဂျေရုဆလင်၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စား ရထားလမ်းတွင် ဗုဒ္ဓဟူးနေ့ညက ပထမဆုံး ရထားစမ်းသပ်ပြေးဆွဲမှုပြုလုပ်ခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင်ကုမ္ပဏီ NTA Metropolitan Mass Transit Systemက ပြောကြားခဲ့သည်။ပထမဆုံးစမ်းသပ်ပြေးဆွဲသည့် လျှပ်စစ်ရထားကို အစ္စရေးအစိုးရ၏တင်ဒါခေါ်ယူမှုတွင် ရရှိခဲ့သည့် တရုတ်ကုမ္ပဏီ CRRC Changchun Railway Vehicles Co.က တီထွင်ထုတ်လုပ်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံထုတ် အပေါ့စားရထား (LRT) အစ္စရေးနိုင်ငံ တဲလ်အဗစ်အနီရောင်ရထားလမ်းစနစ်ဘက်စုံစမ်းသပ်မှုတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါမော်ဒယ်ရထားကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ချန်ချွမ်းမြို့တွင် ဧပြီလအစောပိုင်းက အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် အစ္စရေးသို့ ပထမဆုံး ရထားတွဲရောက်ရှိလာခြင်းဖြစ်သည်။ စမ်းသပ်ပြေးဆွဲမှုကို အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စားရထားလိုင်း စီမံကိန်း လိုင်းသုံးခု၏ ပထမဆုံးရထားလိုင်းဖြစ်သည့် အနီရောင်လိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အနီရောင်းရထားလိုင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် စတင်လည်ပတ်ရန် ခန့်မှန်းထားကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် အပေါ့စားရထား (LRT) အစ္စရေးနိုင်ငံ တဲလ်အဗစ်အနီရောင်ရထားလမ်းစနစ်ဘက်စုံစမ်းသပ်မှုတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ကုမ္ပဏီလုပ်ငန်း ဝန်ထမ်းများနှင့် အစ္စရေး NTA Metropolitan Mass Transit System Ltd ဝန်ထမ်းများအတူ တဲလ်အဗစ်အနီရောင် အပေါ့စားရထားလမ်းစနစ်အား ဘက်စုံ စမ်းသပ်နေသည်ကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ကုမ္ပဏီလုပ်ငန်း ဝန်ထမ်းများနှင့် အစ္စရေး NTA Metropolitan Mass Transit System Ltd ဝန်ထမ်းများအတူ တဲလ်အဗစ်အနီရောင် အပေါ့စားရထားလမ်းစနစ်အား ဘက်စုံ စမ်းသပ်နေသည်ကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် အပေါ့စားရထား (LRT) အစ္စရေးနိုင်ငံ တဲလ်အဗစ်အနီရောင်ရထားလမ်းစနစ်ဘက်စုံစမ်းသပ်မှုတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းရထားလမ်းသည် အစ္စရေးနိုင်ငံအလယ်ပိုင်း တဲလ်အဗစ်မြို့ပြဧရိယာ၏ လူစည်းကားရာ မြို့ ၅ မြို့ ဖြတ်သန်းသွားခြင်းဖြစ်သည်။ ရထားလမ်းအရှည် ၂၄ ကီလိုမီတာရှိရာ ၁၁ ကီလိုမီတာသည် ဥမင်လိုဏ်ခေါင်းဖြစ်ပြီး မြေပေါ်ဘူတာ ၂၄ ခုနှင့် မြေအောက်ဘူတာ ၁၀ ခုဖြင့် စုစုပေါင်း ဘူတာ ၃၄ ခု ပါရှိကြောင်း သိရသည်။

၃.၅မိနစ်လျှင်ရထားတစ်စီးနှုန်း ၊ ရထားတစ်စီးလျှင် ခရီးသည် ၅၀၀ ဦးတင်ဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ယင်းရထားလိုင်းရှိ ဥမင်လိုဏ်ခေါင်း၊ ဘူတာ၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးစနစ် တည်ဆောက်မှုများကို China Civil Engineering Construction Corporation (CCECC)နှင့်၎င်း၏ မိတ်ဖက်ဖြစ်သည့် CRTG-EEBတို့က အစ္စရေးကုမ္ပဏီ Solel Boneh၊ Danya Cebusတို့နှင့် ပူးတွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)
1st light rail line of Israel’s Tel Aviv completes test run with China-made electric train
2021-10-22 00:02:58
JERUSALEM, Oct. 21 (Xinhua) — The first light rail line of Israel’s Tel Aviv underwent its first full test drive on Wednesday night, Israeli state-owned company NTA Metropolitan Mass Transit System said.
The test drive was carried out with an electric train developed and manufactured by the Chinese company CRRC Changchun Railway Vehicles Co., which won an Israeli government tender for supplying the carriages.
The first carriages arrived in Israel in November 2019, after the CRRC successfully tested the model in China’s northeastern city of Changchun earlier in April.
The test drive in Israel was made along the Red Line, the first of the three lines in the Tel Aviv light rail project. The Red Line is scheduled to start operating in November 2022.
This line will pass through five cities in the most congested areas of Tel Aviv Metropolitan Area in central Israel.
The length of the line is 24 km, 11 km of which is in tunnels. It includes 34 stations along its route, with 24 above ground and 10 underground.
The frequency of travel planned on the line will be a train in every 3.5 minutes, and each train is expected to carry up to 500 passengers.

The construction of the tunnels, stations and tracks on this line, as well as the electrical and communication systems, were carried out by China Civil Engineering Construction Corporation (CCECC) and its Chinese partnership CRTG-EEB, together with the Israeli companies Solel Boneh and Danya Cebus. Enditem

图说1-3:10月20日,一辆中国制造的轻轨列车参加以色列特拉维夫轻轨红线系统工程首次全面动车调试。新华社发(吉尔•科恩•马根摄)
图说4,5:10月20日,中企人员和以色列NTA大都会公共交通系统有限公司的工程人员参加特拉维夫轻轨红线系统工程首次全面动车调试。新华社发(吉尔•科恩•马根摄)
图说6:10月20日,一辆中国制造的轻轨列车参加以色列特拉维夫轻轨红线系统工程首次全面动车调试。新华社发(吉尔•科恩•马根摄)