Connect with us

Africa & Middle East

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ဘန်းနက် ကျမ်းသစ္စာကျိန်ဆို ၊ နေတန်ရာဟု၏ ၁၂ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်

လက်ယာယိမ်း (United Right) ပါတီမှ ခေါင်းဆောင် နက်ဖ်တာလီဘန်းနက်အား ညွန့်ပေါင်းအစိုးရသစ် မဲပေးရွေးချယ်ရန် ဂျေရုဆလင်မြို့၌ ဇွန် ၁၃ ရက်တွင် ပြုလုပ်သော လွှတ်တော်၏ အထူးအစည်းအဝေးတွင် တွေ့ရစဉ်(JINI via Xinhua)

ဂျေရုဆလင် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် သစ်အဖြစ် လက်ယာယိမ်း Yamina (United Right) ပါတီမှ ခေါင်းဆောင် နက်ဖ်တာလီဘန်းနက် (Naftali Bennett) က ဇွန် ၁၃ ရက် ညပိုင်းတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဘင်ဂျမင်နေတန်ရာဟုအနေဖြင့် ၁၂ နှစ်ကြာ စံချိန်တင် အုပ်ချုပ်ခဲ့ပြီးနောက် အတိုက်အခံ အဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

အလယ်အလတ်ဝါဒီ Yesh Atid (Future) ပါတီခေါင်းဆောင် Yair Lapid အား အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ သက်တော်ရှည် ဝန်ကြီးချုပ် လက်ယာယိမ်း Likud ပါတီ ခေါင်းဆောင် ဘင်ဂျမင်နေတန်ရာဟုအား ညွန့်ပေါင်းအစိုးရသစ် မဲပေးရွေးချယ်ရန် ဂျေရုဆလင်မြို့၌ ဇွန် ၁၃ ရက်တွင် ပြုလုပ်သော လွှတ်တော် အထူးအစည်းအဝေးတွင် တွေ့ရစဉ်(JINI via Xinhua)

ညွန့်ပေါင်းအစိုးရသစ်တစ်ရပ်အား အစ္စရေးနိုင်ငံလွှတ်တော်က အတည်ပြုခဲ့ပြီးနောက် Tel Aviv မြို့လယ်ရှိ Rabin ရင်ပြင်၌ အစ္စရေးနိုင်ငံသားများ ဇွန် ၁၃ ရက်တွင် အောင်ပွဲခံနေစဉ် (Tomer Neuberg/JINI via Xinhua)

ယင်းမှာ လှို့ဝှက်မဲပေးမှုဖြင့် လွှတ်တော်က အတည်ပြုခဲ့သည့် လက်ယာယိမ်း Yamina (United Right) ပါတီမှ ခေါင်းဆောင် နက်ဖ်တာလီဘန်းနက် နှင့် အလယ်အလတ်ဝါဒီ Yesh Atid (Future) ပါတီခေါင်းဆောင် Yair Lapid တို့ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက လွှတ်တော်၌ ပြုလုပ်သော လှို့ဝှက်မဲပေးမှုတွင် လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ဦးအနက် ၆၀ ဦးက အစိုးရသစ်အား ထောက်ခံခဲ့ပြီး ကျန်လွှတ်တော်အမတ် ၅၉ ဦးက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးအား ရုပ်သံထုတ်လွှင့်မှုတွင် ဘန်းနက် နှင့် လတ်ပစ် တို့သည် ညွန့်ပေါင်းအစိုးရ အဖွဲ့အတွက် ထောက်ခံမှုနှင့်အတူ လွှတ်တော်ရှေ့ထိုင်ခုံအသစ်တွင် အသီးသီးနေရာယူခဲ့ပြီး အစ္စရေးနိုင်ငံ၏ သက်တော်ရှည် နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း နေတန်ရာဟုသည် အတိုက်အခံများ ထိုင်ရသည့် အနောက်ဘက်တန်းတွင် ပြောင်းရွှေ့ထိုင်ခဲ့ရကြောင်း တွေ့ရသည်။

တစ်ချိန်တည်းမှာပင် ညွန့်ပေါင်းအစိုးရအဖွဲ့သစ်၏ ဝန်ကြီးသစ် ၂၇ ဦး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်အဖြစ် ဘန်းနက်နှင့် လတ်ပစ် တို့သည် ၂ နှစ်တစ်ကြိမ် အလှည့်ကျ တာဝန်ထမ်းဆောင်သွားမည် ဖြစ်ပြီး ဘန်းနက်က ဝန်ကြီးချုပ်အဖြစ် ဗွေဆော်ဦး တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။ လတ်ပစ် သည် အစ္စရေးနိုင်ငံ၏ အလှည့်ကျ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

တနင်္ဂနွေနေ့ညပိုင်းက အစ္စရေးလွှတ်တော်ဥက္ကဌသစ်ရွေးချယ်ပွဲကိုလည်း ကျင်းပခဲ့ရာ Yesh Atid ပါတီမှ ဥပဒေပြုအမတ် Mickey Levy က ဥက္ကဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

ပါတီပေါင်း ၈ ခုဖြင့် ဖွဲ့စည်းထားသည့် အစ္စရေးနိုင်ငံ၏ ညွန့်ပေါင်းအစိုးရဖွဲ့သစ်တွင် ပထမဆုံး အာရပ်ကိုယ်စားပြုပါတီတစ်ခုဖြစ်သော အစ္စလာမ်မစ် Ra’am party ပါတီလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။

နေတန်ရာဟု အုပ်ချုပ်မှု အဆုံးသတ်သွားသည်ကို ပျော်ရွှင်နေကြသည့် အစ္စရေးနိုင်ငံသားထောင်ပေါင်းများစွာသည် ဇွန် ၁၃ ရက် ညပိုင်းက တဲလ်အဗစ်မြို့လယ်ရှိ ရာဘင် ရင်ပြင်တွင် စုရုံးအောင်ပွဲခံခဲ့ကြသည်။

ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းက အစ္စရေးနိုင်ငံ၌ ၂ နှစ်အတွင်း ရွေးကောက်ပွဲ လေးကြိမ် ပြုလုပ်ခဲ့ရသည့် နိုင်ငံရေးအကြပ်အတည်းကို အဆုံးသတ်သွားစေခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Bennett sworn in as Israel’s new PM, ending Netanyahu’s 12-year rule
JERUSALEM, June 13 (Xinhua) — Naftali Bennett, leader of the right-wing Yamina (United Right) party, was sworn in as new Israeli prime minister on Sunday night, sending Benjamin Netanyahu to the opposition after a record 12-year rule.
This came after the new coalition government, headed by Bennett and Yair Lapid, leader of the centrist Yesh Atid (Future) party, was approved by the parliament, or Knesset, in a vote of confidence.
In the vote of confidence held in the parliament earlier, 60 lawmakers of the 120-member chamber voted in favor of the new government while 59 voted against it.
TV footages of the parliament session showed Bennett and Lapid taking their new seats at the coalition seats in the parliament, while Netanyahu, Israel’s longest-serving leader, moved to the back seats of the opposition.
At the same time, the 27 new ministers of the new governing coalition were also sworn in.
Bennett and Lapid will rotate as the prime minister on a two-year base, with Bennett going first. Lapid will serve as Israel’s alternate prime minister and foreign minister.
Israel’s parliament on Sunday night also elected Mickey Levy, a lawmaker with Yesh Atid, as its new speaker.
The new coalition includes eight parties, including the Islamist Ra’am party, the first Arab faction to be included in a governing coalition in Israel.
Thousands of Israelis gathered on Rabin Square in central Tel Aviv on Sunday night to celebrate the end of Netanyahu’s rule.
The forming of the new coalition government has ended a political crisis in Israeli, that has seen four elections in two years. ■
1.Naftali Bennett (M) , head of Israel’s right-wing Yamina party, is seen during a special session of the parliament to vote on a new coalition government, in Jerusalem, on June 13, 2021. (JINI via Xinhua)
2.Yair Lapid, leader of Israeli centrist party of Yesh Atid, speaks during a press conference in Tel Aviv, Israel, on May 6, 2021. (Photo by Gil Cohen Magen/Xinhua)
3.Netanyahu (L), head of Israel’s right-wing Likud party and the country’s longest-serving prime minister, speaks during a special session of the parliament to vote on a new coalition government, in Jerusalem, on June 13, 2021. (JINI via Xinhua)
4.Israelis celebrate after Israel’s parliament voted in a new coalition government, on the Rabin Square in Tel Aviv, Israel, on June 13, 2021. (Tomer Neuberg/JINI via Xinhua)