Connect with us

Africa & Middle East

အစ္စရေးနှင့် ဥရောပသမဂ္ဂ (EU) တို့ COVID-19 ကာကွယ်ဆေး လက်မှတ်များ နှစ်ဖက် အပြန်အလှန်အသိအမှတ်ပြုရေး သဘောတူ

ဂျေရုဆလင်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အစ္စရေးနှင့်ဥရောပသမဂ္ဂ (အီးယူ) တို့သည် COVID-19 ကာကွယ်ဆေး လက်မှတ်များ နှစ်ဖက် အပြန်အလှန်အသိအမှတ်ပြုရန် စက်တင်ဘာ ၁၅ ရက် ကသဘောတူခဲ့ကြကြောင်း အစ္စရေးနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Nitzan Horowitz ပြောသည်။

အောက်တိုဘာလအစောပိုင်းတွင် စတင်အသက်ဝင်မည်ဟုမျှော်မှန်းထားသော ဤလုပ်ဆောင်ချက်သည်အစ္စရေးနှင့်ဥရောပသမဂ္ဂတို့အကြားခရီးသွားလုပ်ငန်းနှင့်စီးပွားရေးဆက်ဆံမှုများကိုလွယ်ကူချောမွေ့စေလိမ့်မည်ဟုဝန်ကြီးကဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းသဘောတူညီချက်အရ သတ်မှတ်ချက်ပြည့်မီသော အစ္စရေးနိုင်ငံသားများအတွက် အီးယူ၏ ဒစ်ဂျစ်တယ်လက်မှတ် ရယူခွင့်ပြုမည်ဖြစ်ပြီး၊ အစ္စရေးနိုင်ငံအနေဖြင့် အီးယူနိုင်ငံများသို့ခရီးသွားလာရေး ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဥရောပအသိအမှတ်ပြုလက်မှတ်သည် လူတစ် ဦး သည် COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း ၊ ဗိုင်းရပ်စ် ပိုးမရှိဟူသည့် အဖြေရလဒ်ကောင်းရရှိခြင်း (သို့) ရောဂါမှပြန်လည် သက်သာကောင်းမွန်လာခြင်း စသည်တို့အတွက် ထုတ်ပေးသော ဒစ်ဂျစ်တယ်အထောက်အထားဖြစ်သည်။

သို့သော် ဝန်ကြီးဌာနက နှစ်ဖက်အပြန်အလှန်အသိအမှတ်ပြုမှုသည် ပြည်ဝင်ခွင့်အတွက် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်းနှင့် quarantine ဝင်ခြင်းကဲ့သို့သော သက်ဆိုင်ရာနိုင်ငံတစ်ခုခြင်းစီအလိုက် လိုအပ်ချက်များပေါ်တွင် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။

ယင်းသဘောတူညီချက်အရ အီးယူခရီးသွားများအားလက်ခံမည့် အစ္စရေး၏ ခရီးသွားကဏ္ဍ အဖွင့်အတွက် မြေပြင်ပြင်ဆင်မှုများအား ဆောင်ရွက်ရန်လိုအပ်ကြောင်း၎င်းတို့ကဖြည့်စွက်ဖော်ပြထားသည်။

အစိမ်းရောင်ဖြတ်သန်းသွားလာခွင့်လက်မှတ်ဟု လူသိများသော ဥရောပသမဂ္ဂအသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် အီးယူနိုင်ငံတိုင်း၌ ကိုရိုနာဗိုင်းရပ်စ် လမ်းညွှန်ချက်များနှင့်အညီစားသောက်ဆိုင်များ၊ ယဉ်ကျေးမှုစင်တာများ၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများနှင့်အခြားနေရာများအား ဝင်ရောက်ခွင့်ပြုကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Israel, EU agree on mutual recognition of COVID-19 vaccine certificates

JERUSALEM, Sept. 15 (Xinhua) — Israel and the European Union (EU) on Wednesday agreed on mutual recognition of COVID-19 vaccination certificates, Israel’s Health Minister Nitzan Horowitz said.
This move, expected to take effect in early October, will facilitate tourism and economic relations between Israel and Europe, the minister added.

The agreement will allow eligible Israelis to obtain the EU digital COVID certificate, which will make it easier for Israelis to travel to EU countries, according to a statement by the Israeli Ministry of Health and the Ministry of Foreign Affairs.

The European certificate is a digital proof that a person has either been vaccinated against COVID-19, received a negative test result, or recovered from the virus.
The ministries noted, however, that mutual recognition is subject to each country’s requirements for foreign entry such as taking coronavirus tests and entering quarantine.
The agreement will also prepare the ground for the opening of the Israeli tourism sector to host European tourists, they added.

The European certificate, known as the green pass, also allows entry to restaurants, cultural centers, public institutions and more, in accordance with coronavirus guidelines in each country. Enditem