Connect with us

Asia

အနောက်နိုင်ငံများအနေဖြင့် အာဖဂန်ပြည်သူများအား ကယ်တင်ရန် ရှုံးနိုမ့်သွားပြီဖြစ်ကြောင်း စပိန်ကာကွယ်ရေးဝန်ကြီးပြောကြား

မက်ဒရစ်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

တာလီဘန်များသိမ်းပိုက်ပြီးနောက်စပိန်နှင့်အခြားအင်အားကြီးအနောက်နိုင်ငံများသည် လူများစွာအား ကဘူးလ်မြို့ မှ ကယ်ထုတ်ရန်ရုန်းကန်နေရပြီး အနောက်နိုင်ငံများအနေဖြင့် အာဖဂန်ပြည်သူအား ကယ်တင်ရာတွင် ရှုံးနိုမ့်သွားသည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း စပိန်ကာကွယ်ရေး ဝန်ကြီး Margarita Robles က သြဂုတ် ၂၅ ရက် တွင်ပြောကြားခဲ့သည်။Torryjon de Ardoz ရှိ စပိန်လေတပ်အခြေစိုက်စခန်းသို့ မကြာသေးမီရက်များက ဒုက္ခသည်များတင်ဆောင်လာသည့်လေယာဉ်များ အဆက်မပြတ် ဆိုက်ရောက်လာခဲ့ကြောင်း၊ စပိန်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိအသက်အန္တရာယ်ခြိမ်းခြောက်မှုရှိနေသော်လည်း ကယ်ဆယ်ရေးအတွက် ကြိုးပမ်းအားထုတ်နေပြီး လူအများအပြားကို ဆက်လက်ကယ်ထုတ်ရန် ကျန်ရှိနေသေးကြောင်း Robles က ဝန်ခံခဲ့သည်။

ကဘူးလ်ရှိစပိန်တပ်ဖွဲ့ဝင်များအနေဖြင့် လေဆိပ်အပြင်ဘက်သို့မသွားနိုင်ဟူသောကန့်သတ်ချက်ကြောင့် လေဆိပ်အားကျော်လွန်၍ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီးကရှင်းပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သြဂုတ် ၃၁ ရက် နောက်ဆုံးထားကာ အမေရိကန် တပ်ဖွဲ့ဝင်များ ကဘူးလ်မှ ထွက်ခွါရမည်ဟူ၍ ဆက်လက်ပြောဆိုမှုနေမှုအပေါ် ၎င်းအနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရကြောင်း စပိန်ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

“ကျွန်မတို့အနေနဲ့ နောက်ထပ်လူတွေကိုထပ်ပြီးကယ်ထုတ်လို့မရတော့ပါဘူး။ တုန်လှုပ်ခြောက်ခြားနေတဲ့လူတွေကို ကျွန်မတို့ သတိပြုမိပါတယ်။ ကျွန်မတို့အနေနဲ့ သူတို့ လိုအပ်တဲ့အချိန်အထိ အဲဒီမှာ ရှိနေမှာပါ’’ ဟု Robles ကပြောသည်။ (Xinhua)

——————————————
(English Version)

The West has failed Afghanistan, says Spanish Defense Minister

MADRID, Aug. 25 (Xinhua) — Spain’s Minister of Defense Margarita Robles said on Wednesday there was “no doubt” the West had “failed the Afghan people,” as Spain and other western powers struggle to evacuate as many people from Kabul following the Taliban takeover.

A steady stream of aircraft carrying refugees has been arriving at the Spanish Air Force base at Torrejon de Ardoz in recent days, but despite the efforts of Spanish troops who “are putting their lives at risk,” Robles admitted “a lot of people are going to be left behind.”

The Defense Minister explained that the Spanish troops in Kabul were restricted by the fact they could not act beyond the airport.
She also lamented the attitude of U.S. President Joe Biden, who continues to insist that American troops will leave Kabul on Aug. 31.
“We won’t be able to get any more people out, and we are aware of the human drama … We will be there as long as necessary,” said Robles. Enditem