Connect with us

North America

အမေရိကန်က ဆီးရီးယား၏ အရင်းအမြစ်များအား ခိုးယူပြီး တရားမဝင်ပိတ်ဆို့အရေးယူမှုများ ချမှတ်နေကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Faisal Mekdad က ၂၀၂၀ ပြည့်နှစ် ဇွန် ၃ ရက်တွင် ဆင်ဟွာနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ် ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ဆီးရီးယားနိုင်ငံမှ သယံဇာတများအား ခိုးယူနေပြီး တရားမဝင် ပိတ်ဆို့အရေးယူမှုများ ချမှတ်နေကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Faisal Mekdad က ဒီဇင်ဘာ ၂၇ ရက် နှောင်းပိုင်းတွင် ထုတ်လွှင်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့များသည် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)လက်နက်ကိုင်များနှင့်အတူ ဆီးရီးယား ရေနံ ၊ ဂျုံ နှင့် ဝါဂွမ်းများကို ဆက်လက်ခိုးယူနေကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး က နိုင်ငံပိုင် TV တွင် ပြောကြားခဲ့သည်။

ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)သည် အမေရိကန်တပ်ဖွဲ့များ၏ အကူအညီဖြင့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ al-Hol ဒုက္ခသည်စခန်း၌ လူပေါင်း ၆၀,၀၀၀ အား ထိန်းချုပ်ထားကြောင်း ပြောကြားခဲ့ပြီး SDF သည် ဒုက္ခသည်များထံ ပေးပို့သည့် အကူအညီအား ခိုးယူနေကြောင်း မှတ်ချက်ပြုခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Faisal Mekdad က ဆီးရီးယားနိုင်ငံအား အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုသည် တရားမဝင်ကြောင်း နှင့် နိုင်ငံမတည်မငြိမ်ဖြစ်စေရေး ရည်ရွယ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ (Xinhua)

——————————–
(English Version)
U.S. steals Syria’s resources, imposes illegitimate sanctions: Syrian FM
DAMASCUS, Dec. 27 (Xinhua) — The United States is stealing natural resources from Syria and imposing illegitimate sanctions, Syria’s Foreign Minister Faisal Mekdad said in an interview aired late on Monday.
The U.S. forces, with the help of the Syrian Democratic Forces (SDF) militia, continue to steal the Syrian oil, wheat, and cotton, Mekdad told the national TV.
He said the SDF, with the assistance of the U.S. forces, is holding 60,000 people in the al-Hol refugee camp in northeastern Syria, noting that the SDF is stealing the aid that is sent to the refugees.
Meanwhile, Mekdad claimed that U.S. sanctions against Syria are “illegitimate” and aimed at destabilizing the country. ■
Photo – Faisal Mekdad speaks in an interview with Xinhua on June 3, 2020. (Photo by Ammar Safarjalani/Xinhua)