Connect with us

North America

အမေရိကန်က ပိတ်ဆို့မှုများကို ဖယ်ရှားပေးလျှင် နျူကလီးယားဆွေးနွေးပွဲ “ကောင်းမွန်သော သဘောတူညီမှု” ရရှိမည်ဟု အီရန်သမ္မတပြော

တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဆိုပါက နျူကလီးယားဆွေးနွေးမှုများသည် “ ကောင်းမွန်သောသဘောတူညီမှု ”တစ်ခု ရရှိနိုင်လိမ့်မည်ဟု အီရန်က မျှော်လင့်ထားကြောင်း အီရန်နိုင်ငံသမ္မတ အီဘရာဟင်ရိုင်စီ က စနေနေ့တွင်ပြောကြားခဲ့သည်။“ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအနေနဲ့ ဆွေးနွေးမှုတွေမှာ ဂုဏ်သိက္ခာရှိစွာပါဝင်ခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုမှာ လေးနက်မှုကို ပြသဖို့ (စာသားဖြင့်) အဆိုပြုချက်တွေကို ဖော်ပြခဲ့ပါတယ်” ဟု အီရန်သမ္မတရုံးဝက်ဆိုက်တွင် ရိုင်စီက ပြောကြားခဲ့သည်။

အီရန်အိမ်နီးချင်းနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာ အီရန်သံအမတ်ကြီးများ နှင့် သံရုံးအကြီးအကဲများ နှင့်အတူ ပြုလုပ်သော အစည်းအဝေးတစ်ရပ်တွင် အီရန်သမ္မတက ထိုသို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး “ အကယ်၍ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အခြားတစ်ဖက်က ပြန်ပြီးရုပ်သိမ်းပေးဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့သဘောတူညီမှုတစ်ခုရရှိနိုင်ပါလိမ့်မယ် ၊ အဲဒီအတွက်လည်း ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အီရန်သမ္မတသည် အိမ်နီးချင်းနိုင်ငံများနှင့်အတူ ဆက်ဆံရေးတိုးမြှင့်ရန်အတွက် ၎င်းအစိုးရအဖွဲ့၏ မူဝါဒများကို မီးမောင်းထိုးပြောကြားခဲ့ပြီး ၊ အီရန်၏ အိမ်နီးချင်းဆိုင်ရာမူဝါဒ နှင့် အိမ်နီးချင်းနိုင်ငံများနှင့်အတူ ဆက်ဆံရေးသည် ဒဏ်ခတ်ပိတ်ဆို့မှုများ ရပ်တံ့ရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေး မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း ၊ ယင်းမှာ နည်းဗျူဟာလှုပ်ရှားမှု တစ်ခုမဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ပူးတွဲ ဘက်စုံအရေးယူဆောင်ရွက်မှုအစီအစဉ် (JCPOA) ဟု တရားဝင်ခေါ်ဆိုသည့် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်မှ အမေရိကန်အစိုးရသည် ၂၀၁၈ ခုနှစ်တွင် တစ်ဖက်သတ်နုတ်ထွက်သွားပြီးနောက်တွင် မသေချာမရေရာမှုဖြင့် ကြုံတွေ့နေရသဖြင့် အီရန် နှင့် အခြားသော သက်ဆိုင်ရာနိုင်ငံများသည် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ဒီဇင်ဘာ ၉ ရက်က အဆိုပါ JCPOA အစီအစဉ်အား ပြန်လည်သုံးသပ်ရန်အတွက် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

If U.S. lifts anti-Iran sanctions, “good agreement” will be reached in nuclear talks: Iran’s

TEHRAN, Dec. 11 (Xinhua) — If the United States lifts anti-Iran sanctions, a “good agreement,” which Iran is looking for, will be reached in nuclear negotiations, Iran’s President said on Saturday.

“The Islamic Republic participated in the negotiations with dignity, and showed by presenting the text (proposals) that it is serious in the negotiations,” Raisi was quoted as saying by the presidential website.

The Iranian president, who was making the remarks at a meeting of ambassadors and heads of missions of Iran to the neighboring countries, said that “if the other side is determined to lift the sanctions, a good agreement will be reached and we are looking for that.”

Underlying his administration’s policy for improving relations with the neighboring states, he noted that Iran’s neighborhood policy and relations with neighbors to counter and neutralize sanctions is a strategic, not a tactical move.

Iran and other remaining parties to the 2015 nuclear deal, formally known as the Joint Comprehensive Plan of Action (JCPOA), reconvened in the Austrian capital of Vienna on Thursday to discuss the ways for the revival of the JCPOA, the fate of which was uncertain after the withdrawal of the former U.S. administration in 2018.

Photo- Ebrahim Raisi attends his first press conference after winning the election in Tehran, Iran, on June 21, 2021. (Photo by Ahmad Halabisaz/Xinhua)