Connect with us

Europe

အမေရိကန်က COVID-19 စိုးရိမ်ပူပန်မှုကြောင့် ဒုက္ခသည်ဝင်ရောက်မှု ပိတ်ပင်တားဆီးခြင်းမှာ “မှားယွင်းမှု ၊ ရှက်စရာဖြစ်မှု” ဟု အစီရင်ခံစာ ဆို

မက္ကဆီကိုနိုင်ငံ Tijuana မြို့တွင် အမေရိကန်နိုင်ငံထဲသို့ဝင်ရောက်ရန် ကြိုးပမ်းမှုပိတ်ပင်တားမြစ်ခံရသူများက အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေအား ကန့်ကွက် ဆန္ဒထုတ်ဖော်နေသည်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဒိုဟာ ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအောက်တွင် ဒုက္ခသည်ခိုလှုံခွင့်ပယ်ဖျက်အမိန့်တစ်ခုကို သက်တမ်းတိုးရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ ““မှားယွင်းမှု ၊ ရှက်စရာဖြစ်မှု” ဟုအမေရိကန်နိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းများ နှင့် ကျွမ်းကျင်သူများ အုပ်စုတစ်ခု ပြစ်တင်ဝေဖန်လိုက်ကြောင်း မကြာသေးခင်က Al Jazeera သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအောက်တွင် အမေရိကန်နိုင်ငံတောင်ပိုင်းနယ်စပ် မက္ကဆီကိုနိုင်ငံကို ဖြတ်ကျော်၍ အများဆုံး ခိုလှုံခွင့်ရရန်ကြိုးပမ်းသူများအား ပယ်ဖျက်ရန် အရာရှိများအား ခွင့်ပြုထားသည့် ဒုက္ခသည်ပိတ်ပင်တားဆီးရေးအမိန့်ကို သက်တမ်းတိုးရန် ဘိုင်ဒန်အစိုးရအဖွဲ့က တနင်္လာနေ့တွင် ကြေညာခဲ့သည်။

မက္ကဆီကိုနိုင်ငံ Tijuana မြို့တွင် အမေရိကန်နိုင်ငံထဲသို့ဝင်ရောက်ရန် ကြိုးပမ်းမှုပိတ်ပင်တားမြစ်ခံရသူများက အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေအား ကန့်ကွက် ဆန္ဒထုတ်ဖော်နေသည်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ယင်းအမိန့်သည် ယခင်သမ္မတဒေါ်နယ်ထရမ့်လက်ထက်က ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစင်တာ(CDC)မှ ထုတ်ပြန်သော အမေရိကန်ပြည်ထောင်စု ပြည်သူ့ကျန်းမာရေး ဥပဒေစည်းမျဉ်းအမှတ်-၄၂ (Code Title 42) တွင်အကြုံးဝင်ကြောင်း သတင်းက ဆိုသည်။

ယင်းအမိန့်အား သက်တမ်းတိုးလိုက်ခြင်းအပေါ် ရွှေ့ပြောင်းအခြေချ နှင့် တက်ကြွလှုပ်ရှားသူများက ပြစ်တင်ဝေဖန်လိုက်ပြီး ပြည်တွင်း နှင့် နိုင်ငံခြားရေးမူဝါဒတွင် လူ့အခွင့်အရေး ဦးစားပေးဖော်ဆောင်မည့် သမ္မတဂျိုးဘိုင်ဒန်၏ ကတိကဝတ်ကို ရှေ့နောက်မညီဖြစ်စေကြောင်း ဆိုသည်။

“ ဒါကမှားယွင်းမှုနဲ့အရှက်ရမှုပါပဲ” ဟု အမေရိကန်နိုင်ငံ We Dream immigrants’ rights အဖွဲ့တည်ထောင်သူ Cristina Jimenez ကတွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် သမ္မတဘိုင်ဒန်တာဝန်ယူချိန်ကတည်းက နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းအခြေချဝင်ရောက်မှု တိုးမြင့်လာခြင်းကို ဟန့်တားရန်အလို့ငှာ ပြည်သူ့ ကျန်းမာရေးစိုးရိမ်ပူပန်မှုကိုသုံး၍ တရားမဝင် လုပ်ဆောင်နေကြောင်း ဝေဖန်သူများက စွပ်စွဲထားသည်။

တစ်ချိန်တည်းမှာပင် များစွာသော ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများက Title 42 စဉ်းမျဉ်းဥပဒေနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြပြီး မည်သည့်သိပ္ပံဆိုင်ရာ အချက်အလက်မဟုတ်ပါက COVID-19 ကပ်ရောဂါ ကူးစက်မှုအား ရပ်တံ့ရန် မဖြစ်မနေလိုအပ်ချက်ကို ထောက်ပံ့နိုင်မည်မဟုတ်ကြောင်း ဆိုသည်။(Xinhua)

——————————————————–
(English Version)

Critics denounce extended U.S. refugee ban over COVID-19 concerns as “wrong and shameful”: report

DOHA, Aug. 5 (Xinhua) — A group of U.S. human rights organizations and experts denounced President Joe Biden’s latest decision to extend an order that expels asylum seekers under COVID-19 precautions, slamming it as “wrong and shameful,” according to a recent Al Jazeera report.

The Biden administration announced Monday the extension of a refugee ban, which allows officials to expel most asylum seekers crossing the southern border with Mexico under COVID-19 precautions.

The order, which invokes the public health provision of the United States Code Title 42, was launched by the Centers for Disease Control and Prevention under former President Donald Trump in March 2020, said the report.

Immigration and rights groups slammed the extension, saying it contradicts Biden’s promise to endorse human rights-leading domestic and foreign policies.

“This is wrong and shameful,” Cristina Jimenez, founder of the United We Dream immigrants’ rights organization, wrote on Twitter.
Critics have accused the U.S. government of illegally using public health concerns as a cover to stem immigration amid a surge in border crossings since Biden took office.

Meanwhile, many public health experts questioned Title 42, saying no scientific data can support that the order is necessary to help curb the spread of COVID-19.

(1)Tourists are seen near the White House in Washington, D.C., the United States, July 26, 2021. (Xinhua/Liu Jie)
(2)People participate in a protest calling for immigration rights to be protected by the U.S. in Tijuana, Mexico, Oct. 21, 2020. (Photo by Joebeth Terriquez/Xinhua)