Connect with us

China

အမေရိကန်စစ်တပ်ကြောင့် အရပ်သားများသေဆုံးခဲ့ရခြင်းအတွက် တရားမျှတမှုကို တရုတ်နိုင်ငံက တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ် (Photo from the Foreign Ministry website)

ပေကျင်း ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ခေါင်းစဉ်အောက်တွင် အာဖဂန်နစ္စတန် ၊ အီရတ် ၊ ဆီးရီးယား နှင့် အခြားနိုင်ငံများအား အမေရိကန်နိုင်ငံက ရိုင်းစိုင်းသော စစ်ရေးဝင်ရောက်စွက်ဖက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း နှင့် ကမ္ဘာတစ်ဝှမ်း အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရသည့် အမေရိကန်စစ်တပ်က ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ယင်းမှတ်ချက်များအား ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အရပ်သား ၁၀ ဦး သေဆုံးခဲ့ရသော အမေရိကန်တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှုတစ်ခုတွင် မည်သူမျှ အရေးယူ အပြစ်ပေးအယူရေးယူခြင်းမခံရသည့် အပေါ် မှတ်ချက်ပေးရန် မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့တွေကြောင့် အရပ်သားတွေ သေဆုံးခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လက်ခံနိုင်စရာမရှိပါဘူး။ အကြောင်းအမျိုးမျိုးပြပြီး အမေရိကန်က လူသတ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးနေတာဟာ ပိုလို့တောင် သီးမခံနိုင်စရာဖြစ်ပါတယ် “ ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲ၌ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများနှင့်ပတ်သက်၍ ပြောကြားနေစဉ်အတွင်းမှာပင် အမေရိကန်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့အာဖဂန်ပြည်သူများအတွက် နှစ်သိမ့်ပေးခြင်း မရှိကြောင်း နှင့် ထိုမိသားစုဝင်များအနေဖြင့် ၎င်းတို့၏ မကျေနပ်ချက်ကို တိုင်တန်းရန် နေရာမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး ယင်းသည် အမေရိကန်နိုင်ငံက ပြုမူကျင့်သုံးသော ဒီမိုကရေစီ နှင့် လူအခွင့်အရေးများသည် ကမ္ဘာကြီးကို ရက်စက်ကြမ်းကြုတ်မှုများသာ ဆောင်ကြဉ်းပေးခဲ့သည့်အဖြစ်မှန် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“တရားမျှတမှုဟာ နှောင့်နှေးနိုင်ပေမယ့် ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး။”ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။
ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဆိုသော မူမမှန်သည့် အကြောင်းပြချက်အောက်တွင် ကမ္ဘာတစ်ဝှမ်း၌ မဆင်မခြင်လုပ်ဆောင်ခဲ့သည့်ခေတ်မှာ အဆုံးသတ်ရန် ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း နှင့် အခြားနိုင်ငံများ၌ အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရသည့် အမေရိကန်စစ်တပ်၏ ရာဇဝတ်မှုသည် အရေးယူမခံရဘဲ ပြီးသွားလိမ့်မည်မဟုတ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ (Xinhua)

———————————-
(English Version)
China demands justice for civilians killed by U.S. military: FM spokesperson
BEIJING, Dec. 14 (Xinhua) — China condemns the barbaric military interventions by the United States in Afghanistan, Iraq, Syria and other countries under the banner of “democracy” and “human rights”, and calls on the international community to investigate the war crimes committed by the U.S. military of killing innocent civilians around the world, according to a Foreign Ministry spokesperson.
Spokesperson Wang Wenbin made the remarks at a daily news briefing on Tuesday. He was asked to comment on reports that U.S. military personnel involved in a drone attack that killed 10 civilians in Kabul, Afghanistan, will not be punished in any way.
“The atrocity of killing civilians by U.S. forces in Afghanistan is unacceptable. It is even more intolerable that the United States exonerates the murderer with impunity for various reasons,” said Wang.
While the United States was talking about “democracy” and “human rights” at the “summit for democracy,” the innocent Afghan people who died at the gunpoint of the U.S. military were not consulted and their families had nowhere to lodge complaints, said the spokesperson, adding that this is the cruel reality that has been brought to the world by the “democracy” and “human rights” advocated by the United States.
“Justice may be late, but it will not be absent,” Wang said.
He stressed that the era in which the United States acted recklessly around the world under the pretext of so-called “democracy” and “human rights” has come to an end, and the U.S. military’s crime of killing innocent civilians in other countries will not go unpunished. Enditem
Photo – Wang Wenbin speaks at a regular press conference of China’s Foreign Ministry on Dec. 15, 2020. (Photo from the Foreign Ministry website)