Connect with us

INTERNATIONAL ORGANIZATION

အမေရိကန်ဆေးရုံများ အောက်စီဂျင် ပြတ်လပ်မှုများဖြင့် ကြုံတွေ့နေရ

ဝါရှင်တန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအနှံ့ရှိ ဆေးရုံများသည် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် လူနာများအား အဓိက ကုသပေးနေရသောကြောင့် အောက်စီဂျင် ပြတ်လပ်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း CNN က စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။ယခုနှစ် ဒီဇင်ဘာလတွင် COVID-19 ရောဂါကြောင့် နောက်ထပ် လူဦးရေ ၁၀၀,၀၀၀ သေဆုံးနိုင်ကြောင်း မကြာသေးမီက ဝါရှင်တန်တက္ကသိုလ် ခန့်မှန်းတွက်ချက်မှုအား ကိုးကား၍ သတင်းတွင် ဖော်ပြခဲ့သည်။
ယင်းခန့်မှန်းချက်သည် ကြောက်စရာကောင်းသော်လည်း အမေရိကန်နိုင်ငံသားများ ကာကွယ်ဆေး ပိုမိုထိုးနှံပါက ကာကွယ်နိုင်ကြောင်း အမေရိကန်နိုင်ငံ ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး Anthony Fauci ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

ကာကွယ်ဆေး ထိုးနှံရန် အရည်အချင်းပြည့်မီသော အမေရိကန်နိုင်ငံသား သန်း ၈၀ ခန့်သည် ကာကွယ်ဆေး မထိုးနှံရသေးကြောင်း Fauci က ဩဂုတ်လ ၂၉ ရက်တွင် ပြောကြားခဲ့ပြီး ယင်းကာကွယ်ဆေးမထိုးနှံရသေးသူများအား အမေရိကန်အလုပ်အသမားနေ့တွင် ခရီးသွားလာခြင်းမှ ရှောင်ကြဉ်ကြရန် တာဝန်ရှိသူများက တိုက်တွန်းနေကြောင်း သိရသည်။

အသက်အရွယ်အုပ်စုအမျိုးမျိုးတွင် Delta မျိုးဗီဇပြောင်းပိုး ကူးစက်ခံရနိုင်ကြောင်း CNN တွင် ဖော်ပြခဲ့ပြီး ကလေးငယ်များသည် အန္တရာယ်ပို၍မြင့်တက်လာကြောင်း နှင့် အမေရိကန်နိုင်ငံရှိ ကလေးများသည် ယခုနှစ် ယခင်အစောပိုင်းလများကထက် ပြီးခဲ့သောလတွင် COVID-19 ရောဂါဖြင့် ဆေးရုံတင်ကုသရမှု ပိုများကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

U.S. hospitals face oxygen shortages: CNN

WASHINGTON, Sept. 2 (Xinhua) — Hospitals across the United States are facing oxygen shortages as they mainly handle unvaccinated patients, CNN reported on Wednesday.
And another 100,000 people could die from COVID-19 by December this year, said the report, citing a recent University of Washington model forecast.

This forecast was terrifying, but could be prevented if more Americans get vaccinated, Anthony Fauci, director of the U.S. National Institute of Allergy and Infectious Diseases, was quoted as saying.
About 80 million eligible Americans had still not been vaccinated, Fauci said on Sunday. And officials were urging these unvaccinated people to refrain from traveling during the U.S. Labor Day.

Stressing the Delta variant can hit any age group, CNN said that children were increasingly at risk and more children in the United States were hospitalized with COVID-19 last month than previous months this year. Enditem
Photo – A healthcare worker watches a patient in the “COVID Area” of a hospital in Montebello City, California, the United States, Jan. 22, 2021. (Xinhua)