Connect with us

North America

အမေရိကန်နိုင်ငံက သံရုံးဝန်ထမ်းမိသားစုများအား ယူကရိန်းနိုင်ငံမှ ထွက်ခွာရန်ညွှန်ကြား

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တွင် ယူကရိန်းလုံခြုံရေးအခြေအနေ ဆွေးနွေးနေသည့် ယူကရိန်း သမ္မတ Volodymyr Zelensky နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်အား ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ukrainian Presidential Office/Handout via Xinhua)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ သံရုံးဝန်ထမ်းများအား ယူကရိန်းနိုင်ငံအတွင်းမှ ထွက်ခွာကြရန် ဇန်နဝါရီ ၂၃ ရက်က ညွှန်ကြားထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ တိုက်ရိုက်ခန့်အပ်ထားသော ဌာနေဝန်ထမ်းများကိုလည်း ဆန္ဒအလျောက် ထွက်ခွာခွင့်ပြုထားကြောင်းနှင့် ကီးယက်ဗ်ရှိသံရုံးမှ မိသားစုဝင်များအနေဖြင့်လည်း နိုင်ငံအတွင်းမှ ထွက်ခွာကြရန် ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“ယူကရိန်းရှိ အမေရိကန် နိုင်ငံသားတွေအနေနဲ့ အခုချိန်မှာ စီးပွားရေးလုပ်ငန်းသုံး သို့မဟုတ် အခြား ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကဏ္ဍ ရရာကိုအသုံးပြုပြီး ထွက်ခွာကြဖို့ စဉ်းစားသင့်တယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယူကရိန်းနိုင်ငံမှ ထွက်ခွာရန် ဆန္ဒရှိသော အမေရိကန်အစိုးရ၏ မရှိမဖြစ်မဟုတ်သော ဝန်ထမ်းများက ဆန္ဒအလျှောက် ထွက်ခွာခွင့်ကို လျှောက်ထားလျက်ရှိကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြထားသည်။ (Xinhua)

—————————————-
(English Version)
U.S. orders family members of embassy staff to leave Ukraine
2022-01-25 03:02:42
WASHINGTON, Jan. 24 (Xinhua) — The U.S. State Department on Sunday ordered eligible family members of staff at its embassy in Ukraine to leave the country.
The State Department said in a statement that it authorized the voluntary departure of U.S. direct hire employees and ordered the departure of eligible family members from Embassy Kyiv.
“U.S. citizens in Ukraine should consider departing now using commercial or other privately available transportation options,” it said.
The authorized voluntary departure applies to non-essential U.S. government employees, who now have the option to leave Ukraine if they wish, reported local media. ■
Photo : Ukrainian President Volodymyr Zelensky and U.S. Secretary of State Antony Blinken meet to discuss the security situation around Ukraine in Kiev, Ukraine, Jan. 19, 2022. (Ukrainian Presidential Office/Handout via Xinhua)