Connect with us

North America

အမေရိကန်နိုင်ငံရှိ ကလေးငယ်များ COVID-19 ရောဂါကြောင့် ဆေးရုံတက်ရောက်မှု စံချိန်သစ်တင်

နယူးယောက်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတစ်ဝန်း ဒယ်လ်တာ မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသည့် ကလေးငယ်အရေအတွက် မြင့်မားလာကြောင်း၊ စာသင်နှစ် စတင်ပြီဖြစ်သဖြင့် ဆရာဝန်များ စိုးရိမ်မှုဖြစ်ပေါ်စေခဲ့ကြောင်း မကြာသေးမီက ထုတ်လွှင့်သော CNN သတင်းအရ သိရသည်။အမေရိကန် ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဦးစီးဌာနမှ အချက်အလက်များအရ စက်တင်ဘာ ၇ ရက်အထိ COVID-19 ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေရသည့် ကလေးငယ် ၂,၃၉၆ ဦးအထိ မြင့်တက်ခဲ့ကြောင်း သတင်းက ဆိုသည်။

၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှစ၍ ကပ်ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသခဲ့သော ကလေးငယ်အရေအတွက်မှာ ၅၅,၀၀၀ ကျော်ရှိကြောင်း၊ ယင်းအနက် ကလေးငယ်အများအပြားမှာ ရောဂါဖြစ်ပွားသည့် အခြေအနေမရှိကြောင်း သတင်းကဖြည့်စွက်ဖော်ပြထားသည်။

ကလေးငယ်များတွင် COVID-19 ကြောင့် သေဆုံးမှုမှာ ရှားပါးနေဆဲဖြစ်သော်ငြားလည်း ရောဂါကူးစက်မှု အရေအတွက်မှာမူ မြင့်တက်လျက်ရှိကြောင်း၊ စက်တင်ဘာ ၈ ရက်အထိ အနည်းဆုံး ကလေးငယ် ၅၂၀ ဦး သေဆုံးခဲ့ကြောင်း CDC အချက်အလက်အရ သိရသည်။ (Xinhua)

————————————————-
(English Version)

U.S. child COVID-19 hospitalizations reach new high: media

NEW YORK, Sept. 9 (Xinhua) — More children are getting hit hard by COVID-19 as the Delta variant tramples across the United States, which caused doctors’ fear as school year has just started, according to a recent CNN report.

According to data from the U.S. Department of Health and Human Services, a record-high 2,396 children were hospitalized with COVID-19 as of Tuesday, said the report.
More than 55,000 children have been hospitalized with the pandemic since August 2020, according to data from the U.S. Centers for Disease Control and Prevention (CDC). Many of those children had no known preexisting conditions, the report added.

While childhood COVID-19 deaths are still rare, the number is increasing. As of Wednesday, at least 520 children had died, according to CDC data. Enditem
Photo : A student of Montrara Ave. Elementary School has a COVID-19 test in Los Angeles, California, the United States, on Aug. 16, 2021. (Xinhua)