Connect with us

North America

အမေရိကန်နိုင်ငံ၌ ကလေးငယ် ၄ သန်းကျော် COVID-19 ရောဂါကူးစက်ခံရ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့၌ ဇွန် ၁၅ ရက်တွင် ကလေးများက ၎င်းတို့၏ ဆရာမနှင့်အတူ အပြင်သို့ ထွက်လာစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ ကပ်ရောဂါ စတင်ချိန်မှစ၍ ကလေးငယ် ၄ သန်းကျော် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အမေရိကန် ကလေးအထူးကုအကယ်ဒမီ(AAP) နှင့် ကလေးများ ဆေးရုံအသင်း၏ နောက်ဆုံးထုတ်ပြန်မှုများအရ သိရ သိရသည်။ဇူလိုင် ၁၅ ရက်အထိ ကလေး ၄ ဒသမ ၀၉ သန်းနီးပါး COVID-19 ရောဂါကူးစက်ခံထားရသည်။ပြီးခဲ့သော လများက အပတ်စဉ် ရောဂါဖြစ်ပွားမှုများ လျော့နည်းလာပြီးနောက် ဇူလိုင်လတွင် ရောဂါဖြစ်ပွားမှု တစ်ဖန် ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။

ဇူလိုင် ၁၅ ရက် ရက်သတ္တပတ်ကုန်ပိုင်းတွင် ကလေးငယ် ၂၃,၅၀၀ ကျော် ကူးစက်ခံရကြောင်း ထုတ်ပြန်မှုအရ သိရသည်။ အမေရိကန်နိုင်ငံ၌ COVID-19 လူနာအားလုံး၏ ၁၄ ဒသမ ၂ ရာခိုင်နှုန်းသည် ကလေးများ ဖြစ်ကြောင်း သိရသည်။

ကလေးများတွင်ရောဂါဖြစ်ပွားမှုသည် ဆေးရုံတင်ကုသခံရသူ စုစုပေါင်း၏ ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး COVID-19 ရောဂါကြောင့် သေဆုံးသူအားလုံး၏ သုည ရာခိုင်နှုန်းမှ ၀ ဒသမ ၂၆ ရာခိုင်နှုန်းအထိ ရှိကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြသည်။

“အခုအချိန်မှာ ကလေးတွေကြား COVID-19 ရောဂါကြောင့် အပြင်းအထန် နေမကောင်းဖြစ်တာ မရှိသလောက်ပါပဲ။ဒါပေမယ့် ဗိုင်းရပ်စ်ပိုးက ရောဂါကူးစက်ခံရတဲ့ ကလေးတွေရဲ့ ရေရှည် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ခံစားမှု နဲ့ စိတ်ကျန်းမာရေးသက်ရောက်မှုတွေကို ထိခိုက်စေနိုင်တဲ့အတိုင်းအတာတွေအပါအဝင် ကလေးတွေအပေါ် ရေရှည်ကပ်ရောဂါသက်ရောက်မှုတွေကို အချက်အလက်တွေ ပိုပြီး စုဆောင်းဖို့ အရေးတကြီး လိုအပ်နေပါတယ်။”ဟု AAP က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

———————————————————-
(English Version)

Over 4 mln children in U.S. infected with COVID-19

WASHINGTON, July 21 (Xinhua) — Over 4 million children in the United States have tested positive for COVID-19 since the onset of the pandemic, according to a latest report of the American Academy of Pediatrics (AAP) and the Children’s Hospital Association.

As of July 15, almost 4.09 million children have been infected with COVID-19. After decreases in weekly reported cases over the past couple of months, the country began to see increases in cases in July, according to the report.

Over 23,500 child cases were reported in the week ending July 15, according to the report. Children represented 14.2 percent of all COVID-19 cases in the country.

Children accounted for 1.3 percent to 3.6 percent of total reported hospitalizations, and 0 to 0.26 percent of all COVID-19 deaths, said the report.

“At this time, it still appears that severe illness due to COVID-19 is rare among children. However, there is an urgent need to collect more data on longer-term impacts of the pandemic on children, including ways the virus may harm the long-term physical health of infected children, as well as its emotional and mental health effects,” the AAP said in the report. ■

Photo – Children go out with their teachers in San Francisco, California, the United States, June 15, 2021. (Photo by Dong Xudong/Xinhua)