Connect with us

North America

အမေရိကန်နိုင်ငံ၌ COVID-19 ကူးစက်မှုအမြင့်ဆုံး ၃၆ သန်း နှင့် သေဆုံးသူ ၆၁၈,၀၀၀ ကျော်ရှိ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ အထိမ်းအမှတ်ကျောက်တိုင်သို့ လာရောက်လည်ပတ်သူများအား ၂၀၂၁ခုနှစ်၊ သြဂုတ် ၆ ရက် တွင်တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု၌ Delta ဗီဇပြောင်း ဗိုင်းရပ်စ် အတားအဆီးမရှိ ပျံ့နှံ့မှုကြောင့် ကူးစက်မှုများတစ်ဟုန်ထိုး ပြန်လည် မြင့်တက်လာခဲ့ရာ သြဂုတ် ၁၀ ရက်အထိ COVID-19 ဖြစ်ပွားမှုပေါင်း ၃၆ သန်းအထိ အမြင့်ဆုံးရောက်ရှိလာခဲ့ကြောင်း သိရသည်။ဒေသစံတော်ချိန် ညနေ ၆:၂၁ နာရီတွင်ထုတ်ပြန်သော Johns Hopkins တက္ကသိုလ်၏စာရင်းများအရ သြဂုတ် ၁၀ ရက်အထိ အမေရိကန်၌ COVID-19 ကူးစက်ခံရသူစုစုပေါင်း ၃၆,၀၃၉,၇၄၈ ဦး နှင့် သေဆုံးသူပေါင်း ၆၁၈,၀၄၄ ဦး အသီးသီး ရှိကြောင်း သိရသည်။

လက်ရှိတစ်မ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကူးစက်ခံရသူပေါင်း ၂၀၄ သန်းနီးပါးအနက် ၁၈ ရာခိုင်နှုန်းကျော်မှာ အမေရိကန်နိုင်ငံ၌ ကူးစက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကြောင့်သေဆုံးမှုပေါင်း ၄.၃ သန်းကျော်ရှိအနက် အကြမ်းဖျင်းအားဖြင့် ၁၄ ရာခိုင်နှုန်းခန့်မှာ အမေရိကန်နိုင်ငံမှ ဖြစ်ကြောင်း စာရင်းတွင်ဖော်ပြထားသည်။ (Xinhua)

———————————————–
(English Version)

U.S. COVID-19 cases top 36 mln with over 618,000 deaths

WASHINGTON, Aug. 10 (Xinhua) — U.S. COVID-19 cases topped 36 million Tuesday, fueled by a steep increase in infections due to the unchecked spread of the Delta variant.

As of 6:21 p.m. local time on Tuesday, U.S. COVID-19 cases totaled 36,039,748, with 618,044 deaths, according to Johns Hopkins University’s tally.

U.S. cases currently account for almost 18 percent of the nearly 204 million global cases, while the country’s COVID-19 deaths account for roughly 14 percent of the more than 4.3 million virus-related fatalities worldwide, showed the tally. Enditem