Connect with us

Europe

အမေရိကန်နိုင်ငံ၌ COVID-19 အတည်ပြုလူနာသစ်၏ ၉၃ ရာခိုင်နှုန်းကျော်မှာ Delta ဗီဇကွဲဗိုင်းရပ်စ်ဖြစ်ကြောင်းတွေ့ရှိ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၌ COVID-19 စမ်းသပ်ရန် တန်းစီ၍ စောင့်ဆိုင်းနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု၌ ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးနှစ်ပါတ်အတွင်း COVID-19 အတည်ပြုလူနာသစ်၏ ပျမ်းမျှ ၉၃.၄ ရာခိုင်နှုန်းမှာ Delta ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ မှ သြဂုတ် ၄ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ဇူလိုင်လ နောက်ဆုံးအပတ်အတွက် နောက်ဆုံးကိန်းဂဏန်းများအရ နိုင်ငံ၏ အချို့ဒေသများတွင် ယခုထက် ပိုမိုမြင့်မားလျက်ရှိကြောင်း သိရသည်။အမေရိကန်နိုင်ငံအနောက်အလယ်ပိုင်း ပြည်နယ်များဖြစ်သည့် Iowa၊ Kansas၊ Missourie နှင့် Nebraska ပြည်နယ်များတွင် ကူးစက်မှုအားလုံး၏ ၉၈ ရာခိုင်နှုန်းကျော်မှာ Delta ဗီဇပြောင်းဗိုင်းရပ်စ် ဖြစ်ကြောင်း သိရသည်။

ယင်းကိန်းဂဏန်းများသည် လွန်ခဲ့သော နှစ်လအတွင်း ကူးစက်မှုလျင်မြန်စွာမြင့်တက်လာခြင်းကိုပြသလျက်ရှိ ကြောင်း သိရသည်။ မေ၂၂ ရက် တွင်ကုန်ဆုံးသော ရက်သတ္တပတ်နှစ်ပတ်အတွင်း Delta ဗီဇပြောင်းဗိုင်းရပ်စ်၏ ပျံ့နှံ့မှုမှာ ၃ ရာခိုင်နှုန်းခန့် ရှိကြောင်း ခန့်မှန်းရသည်။

လွန်ခဲ့သော အပတ် က နေ့စဉ် ရောဂါကူးစက်မှုအသစ်သည် ယခင်ရက်သတ္တပတ်က ၄၀,၅၉၇ ဦး မှ ၆၆,၆၀၆ ဦး အထိ ၆၄ ရာခိုင်နှုန်းကျော် မြင့်တက်လျက်ရှိကြောင်း CDC ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

——————————————————–
(English Version)

Delta variant accounts for over 93 percent of new COVID-19 cases in U.S.

WASHINGTON, Aug. 4 (Xinhua) — The Delta variant accounts for an estimated 93.4 percent of all new COVID-19 cases in the United States during the last two weeks of July, according to figures published by the U.S. Centers for Disease Control and Prevention on Wednesday.

This number is even higher in certain parts of the country, showed the updated figures for the week ending July 31. In the Midwest including Iowa, Kansas, Missouri and Nebraska, Delta variant accounts for more than 98 percent of all cases.

These figures have shown a rapid increase over the past two months. In the two weeks ending May 22, Delta’s prevalence was estimated around 3 percent.
The daily average of new cases over the past week rose to 66,606 per day, from 40,597 the previous week, an increase of more than 64 percent, CDC said. Enditem