Connect with us

Europe

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရသူ ၂၀ ဦး ရှိ

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်၌ မော်တော်ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဟူစတန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝေးလံခေါင်သီသော တက္ကဆက်ပြည်နယ် တောင်ပိုင်း အဝေးပြေးလမ်းပေါ်တွင် ဩဂုတ် ၄ ရက်က ဝန်ပိုတင်ဆောင်၍ အရှိန်လွန်မောင်းနှင်လာသည့် ဗန်ကား တိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်းအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။အဆိုပါယာဉ်တိမ်းမှောက်မှုသည် တက္ကဆက်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည့် McAllen မြို့၏ မြောက်ဘက် ၈၀ ကီလိုမီတာအကွာခန့် Encino ဒေသ၌ ဒေသစံတော်ချိန် ညနေ ၄ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၅၀၀) နောက်ပိုင်း တွင်ဖြစ်ပွားခဲ့ကြောင်း ၊ ခရီးသည် ၁၅ ဦး တင်ဆောင်ရန် သတ်မှတ်ထားသော်လည်း ခရီးသည် ၂၉ ဦး ဝန်ပိုတင်ဆောင်ထားသည့် ဗန်ကားသည် အမှတ် ၂၈၁ အဝေးပြေးလမ်းပေါ် လမ်းအကွေ့တစ်နေရာတွင် ယာဉ်အားမထိန်းချုပ်နိုင်ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း တက္ကဆတ်ပြည်နယ် အများပြည်သူလုံခြုံရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Nathan Brandley က ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူအားလုံးသည် အပြင်းအထန် သို့မဟုတ် စိုးရိမ်ရသည့် အခြေအနေများတွင် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။Brooks ကောင်တီအုပ်ချုပ်ရေးမှူး Urbino Martinez က ခရီးသည်အများစုသည် ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည်ဟု ထင်မြင်ယူဆကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ယခုနှစ်များအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများ မြင့်တက်လာခြင်းသည် နိုင်ငံအတွင်းသို့ ခိုးဝင်ရန် ငွေကြေးအမြောက်အများပေးကာ ရွှေ့ပြောင်းဝင်ရောက်သူများ နှင့်အတူ ပြည့်ကျပ်နေသော မော်တော်ယာဉ်များ ၏ ယာဉ်တိုက်မှုဖြစ်စဉ် မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

——————————————————–
(English Version)

10 killed, 20 injured in U.S. Texas car crash

HOUSTON, Aug. 4 (Xinhua) — An overloaded and overspeeding van crashed on Wednesday on a remote South Texas highway, killing at least 10 people, including the driver, and injuring 20 others, authorities said.

The crash happened shortly after 4:00 p.m. local time (0500 GMT) in Encino, about 80 km north of Texas’ border city McAllen, after the van, designed to hold 15 passengers but overloaded with 29 passengers, lost control around a curve on Highway 281, Nathan Brandley, a spokesman for the Texas Department of Public Safety said.
Brandley said all the injured were in serious or critical conditions.

Brooks County Sheriff Urbino Martinez said he believed most of the passengers were migrants, because in recent years, a surge in migrants crossing the border illegally has caused a rise in the number of crashes involving vehicles jammed with migrants who pay a large amount of money to be smuggled into the country. Enditem