Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ နှင်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၁၀ ဦးထိ မြင့်တက်

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ် ဟူစတန်မြို့၌ ဖေဖော်ဝါရီလအတွင်းက နှင်းများဖုံးလွှမ်းနေသော လမ်းပေါ်တွင် သွားလာနေသော ယာဉ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဟူစတန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ပြင်းထန်သောနှင်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်သည် ပြည်နယ်တစ်ဝှမ်း ၂၁၀ ဦးထိ မြင့်တက်လာကြောင်း ဒေသတွင်း မီဒီယာက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။စုစုပေါင်း သေဆုံးသူ အရေအတွက်ထဲတွင် မုန်တိုင်းနှင့် ဆက်စပ်၍ သေဆုံးသူ ၅၉ ဦး ထပ်တိုးလာခဲ့ကြောင်း တက္ကဆက်ပြည်နယ် ကျန်းမာရေးဝန်ဆောင်မှုဌာနမှ နောက်ဆုံးသတင်းအချက်အလက်ကို ကိုးကား၍ မီဒီယာက ဆိုသည်။

နောက်ဆုံးအခြေအနေအရ ဟူစတန်မြို့၏ လေးခုမြောက်အကြီးဆုံး Harris ကောင်တီသည် သေဆုံးသူ ၄၃ ဦးဖြင့် အများဆုံး ရှိနေပြီး ယင်းနောက်တွင် Travis ကောင်တီ၌ ၂၈ ဦး နှင့် Dallas ကောင်တီ၌ ၂၀ ဦးတို့ ရှိနေကြောင်း သိရသည်။

ယင်းသေဆုံးမှုများမှာ ဖေဖော်ဝါရီ ၁၁ ရက်မှ မတ် ၅ ရက်ထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူအများစုမှာ ကိုယ်ပူချိန်အလွန်အမင်းကျဆင်းခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း နောက်ဆုံးအခြေအနေတွင် ဖော်ပြထားသည်။အခြားဖြစ်ပွားမှုများတွင် ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့အဆိပ်သင့်ခြင်း ၊ နာတာရှည်ရောဂါပိုမိုဆိုးရွားလာခြင်း ၊ ပြုတ်ကျခြင်း ၊ မီးလောင်ခြင်း နှင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုများ ပါဝင်ကြောင်း သိရသည်။

သေဆုံးသူအရေအတွက်သည် သေဆုံးမှုမှတ်တမ်းများ ထပ်မံ၍ ပြန်လည်သုံးသပ်ခြင်း နှင့် သတင်းအချက်အလက်များ ထပ်မံစုဆောင်းခြင်းတို့ကြောင့် ပိုများလာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလက အဓိက ဖြစ်ပွားခဲ့သော နှင်းမုန်တိုင်းများအတွင်း တက္ကဆက်ပြည်နယ်သား သန်းပေါင်းများစွာသည် ရက်များစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ပြည်နယ်၏ စွမ်းအင်ကွန်ရက်သည် မိနစ်ပိုင်းအတွင်း အားလုံးပျက်စီးသွားခဲ့သည်။လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ကုန်ပစ္စည်းသိုလှောင်ရောင်းချရာနေရာများ၌ ရေအပူချိန်သတိပေးချက် နှင့် အစားအစာရှားပါးမှုကဲ့သို့ အခြားပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

Death toll from winter storm in U.S. Texas rises to 210

HOUSTON, July 14 (Xinhua) — The death toll from the severe winter storm in U.S. Texas reached 210 statewide, local media reported Wednesday.

Fifty-nine storm-related fatalities were added to the total as media quoted the new update from the Texas Department of State Health Services.

According to the update, Harris County where the fourth largest U.S. city of Houston is located recorded the most deaths of 43, followed by Travis County at 28 and Dallas County at 20.

The deaths occurred from Feb. 11 to March 5 and most of the deaths so far have been related to hypothermia, said the update. Other causes included carbon-monoxide poisoning, exacerbation of chronic illness, falls, fire and traffic accidents.

The death toll could grow further as more death records are reviewed and more information is gathered, officials said.

During February’s major winter storms, millions of Texans lost power for days and the state’s energy grid came within minutes of total collapse. Lack of power led to other problems, like boil water notices and food scarcity at grocery stores. Enditem

Photo – Vehicles move on a snow-capped road in Houston, Texas, the United States, on Feb. 15, 2021. (Photo by Chengyue Lao/Xinhua)