Connect with us

Latin America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အဆောက်အအုံပြိုကျမှုတွင် ရုပ်အလောင်းများ ထပ်မံတွေ့ရှိလာပြီး သေဆုံးသူ အရေအတွက် ၉ ဦးထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံ အပျက်အစီးများတွင် ကူညီကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဒေသခံမီးသတ်တပ်ဖွဲ့မှ ဇွန် ၂၅ ရက်က ထုတ်ပြန်သည့် ဓါတ်ပုံတွင်တွေ့ရစဉ် (ဓာတ်ပုံ -Miami-Dade Fire Rescue/Handout via Xinhua)

ဝါရှင်တန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ကမ်းခြေမြို့လေးဖြစ်သော Surfside မြို့ ရှိ ၁၂ ထပ် တိုက် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်းပြိုကျမှုတွင် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးများ ညလုံးပေါက် ဆက်လက်လုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သော ညက ရုပ်အလောင်းများ ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူအရေအတွက်သည် ၉ ဦးထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။“ဒီနေ့အထိ ဆေးရုံမှာ လူတစ်ဦး သေဆုံးသွားခဲ့ပြီးတော့ အခင်းဖြစ်နေရာမှာ သေဆုံးသူ ၈ ဦးကို ရှာဖွေတွေ့ရှိထားတယ်။ဒါကြောင့် သေဆုံးသူ အရေအတွက်ဟာ ကိုးဦး ထိ ရှိသွားပြီလို့ အတည်ပြုနိုင်ပါတယ်။”ဟု Miami-Dade ကောင်တီမှူး Daniella Levine Cava က ပြောကြားခဲ့သည်။သေဆုံးသူများအနက် ရုပ်အလောင်း ၄ လောင်းမှာ မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားနိုင်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
————————————————–
(English Version)

1st LD: Death toll rises to 9 as more bodies found in U.S. Florida building collapse

WASHINGTON, June 27 (Xinhua) — The death toll in the partial collapse of a 12-story residential building in the beachside town of Surfside, southeastern U.S. state Florida, has risen to nine as more bodies were found overnight in ongoing search and rescue, authorities said on Sunday.

“As of today, one victim passed away in the hospital, and we’ve recovered eight victims on-site, so I am confirming today that the death toll is at nine,” Miami-Dade County Mayor Daniella Levine Cava said.

Four of the victims have been identified, she added. Enditem
Photo – Photo released by the Miami-Dade Fire Rescue on June 25, 2021 shows first responders rescuing survivors from a partially collapsed residential building in Miami-Dade County, Florida, the United States. (Miami-Dade Fire Rescue/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.