Connect with us

COVID-19 UPDATES

အမေရိကန်နိုင်ငံ ဟူစတန်မြို့တွင် COVID-19 ကာကွယ်ဆေး လိုအပ်ချက်အား လိုက်နာခြင်းမရှိသဖြင့် ဆေးရုံဝန်ထမ်း ၂၀၀ နီးပါး တာဝန်ဆိုင်းငံ့ခံရ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ကောင်တီ Pomona မြို့၊ California Polytechnic State တက္ကသိုလ်ရှိ ကာကွယ်ဆေးထိုးနှံရာနေရာသစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံရန် ပြင်ဆင်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Houston Methodist Hospital ဆေးရုံရှိ ဝန်ထမ်း ၂၀၀ နီးပါးမှာ ဆေးရုံ၏ COVID-19 ကာကွယ်ဆေး လိုအပ်ချက်ကို လိုက်နာခြင်းမရှိသည့်အတွက် တာဝန်ဆိုင်းငံ့ခံရကြောင်း ဒေသတွင်း မီဒီယာက ဇွန် ၉ ရက်၌ သတင်းဖော်ပြခဲ့သည်။
ဒေသတွင်း ရုပ်သံဌာန KTRK ၏ သတင်းအရ ဆေးရုံမှ စုစုပေါင်းဝန်ထမ်း ၁၇၈ ဦးသည် ကင်းလွတ်ခွင့် သို့မဟုတ် ဆုံးဖြတ်ခွင့်မရှိကြောင်းနှင့် နောက်ထပ် ၁၄ ရက် လစာမဲ့ဆိုင်းငံ့ခံရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဝန်ထမ်းများအနက် ၂၇ ဦးသည် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများဖြစ်ပြီး ၎င်းတို့အနေဖြင့် ဒုတိယအကြိမ်ဆေးထိုးနှံမှုကို မကြာမီ လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ဆေးရုံမှထုတ်ပြန်သည့် ထုတ်ပြန်ချက်အား ကိုးကား၍ သတင်းဖော်ပြထားသည်။

“ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှု ဒါမှမဟုတ် တစ်ကြိမ်ထဲထိုးရတဲ့ Johnson & Johnson ကာကွယ်ဆေးတွေကို ထိုးနှံနိုင်သေးတဲ့အတွက် နောက်နှစ်ပတ်အထိ နောက်ဆုံးကိန်းဂဏန်းတော့ ရှိမှာမဟုတ်သေးပါဘူး။ ကိန်းဂဏန်းအရေအတွက်ကိုလည်း သုညအထိ ရောက်ရှိသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆေးရုံက ၎င်း၏ဝန်ထမ်းများအနက် ၂၄,၉၄၇ ဦးမှာ ကာကွယ်ဆေး လိုအပ်ချက်ကို လိုက်နာခဲ့ပြီး ကာကွယ်ဆေး အပြည့်အဝထိုးနှံခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Houston Methodist ဆေးရုံအနေဖြင့် ဝန်ထမ်းများအား ဇွန် ၇ ရက်မတိုင်မီ COVID-19 ကာကွယ်ဆေး မဖြစ်မနေထိုးနှံရန် ဧပြီလက ညွှန်ကြားထားကြောင်း၊ လွန်ခဲ့သည့်လက ဝန်ထမ်း ၁၀၀ ကျော်က ဝန်ထမ်းခန့်ထားမှု အခြေအနေအရ ကာကွယ်ဆေးလိုအပ်ချက်အတွက် ဆေးရုံအား တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ယခုရက်သတ္တပတ်အစောပိုင်းက တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က တက္ကဆက်ပြည်နယ်တွင် လည်ပတ်နေသော မည်သည့်စီးပွားရေးလုပ်ငန်းမဆို “ကာကွယ်ဆေးပတ်စ်ပို့” သို့မဟုတ် မည်သည့်ကာကွယ်ဆေးအချက်အလက်ကိုမဆို တားမြစ်ကြောင်း ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Nearly 200 hospital workers in U.S. Houston suspended for not complying with COVID-19 vaccine requirement
2021-06-10 05:51:12
HOUSTON, June 9 (Xinhua) — Nearly 200 employees at the U.S. Houston Methodist Hospital have been suspended from work for not complying with the hospital’s COVID-19 vaccine requirement, local media reported Wednesday.
According to local TV station KTRK’s report, a total of 178 employees from the hospital were not granted an exemption or deferral and have been suspended without pay for the next 14 days.
The report quoted a statement from the hospital, saying that of those employees, 27 have received one dose of vaccine, and the hospital was hopeful they will get their second doses soon.
“We won’t have the final numbers for two weeks as employees can still get vaccinated with their second dose or with the one-dose Johnson & Johnson vaccine,” read the statement. “I wish the number could be zero.”
The hospital said 24,947 of its employees complied with the vaccine requirement and were fully vaccinated.
In April, Houston Methodist mandated all of its workers to receive COVID-19 vaccine by June 7. Last month, over 100 employees sued the hospital for requiring the vaccine as a condition of employment.
Earlier this week, Texas Governor Greg Abbott signed a law that banned any business operating in Texas from requiring “vaccine passports” or any vaccine information. Enditem
A health care worker prepares a dose of COVID-19 vaccine at a new vaccination site in the California Polytechnic State University in Pomona, Los Angeles County, California, the United States, Feb. 5, 2021. (Xinhua)