Connect with us

North America

အမေရိကန်နိုင်ငံ ဟူစတန်မြို့ ဂီတဖျော်ဖြေပွဲတွင် လူအုပ်ပိမှုကြောင့် အနည်းဆုံး ၈ ဦးသေဆုံး ၊ စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေ

ဟူစတန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့၌ နိုဝင်ဘာ ၅ ရက် ညပိုင်းက ကျင်းပပြုလုပ်သည့် Astroworld ဂီတဖျော်ဖြေပွဲတွင် လူအုပ်ပိမိမှုကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး အခြား အမြောက်အမြားထိခိုက်ဒဏ်ရာရသွားကြောင်း ဟူစတန်မြို့တော်ဝန် Sylvester Turner က နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။“ ဒီမတော်တဆမှုကို ထိထိရောက်ရောက်စုံစမ်းစစ်ဆေးမှု နဲ့ ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်နေပါတယ်၊ မနေ့ညက အဲဒီနေရာမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ၊ ဘယ်နေရာကစပြီး လူအုပ်ကစဉ့်ကလျား ဝရုန်းသုန်းကားစဖြစ်ခဲ့လဲဆိုတာကို သေသေချာချာသိဖို့ သိပ်ကို အရေးကြီးပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဟူစတန်မြို့တွင် နိုဝင်ဘာ ၅ ရက်ညပိုင်းက ကျင်းပသော Astroworld ဂီတဖျော်ဖြေပွဲတွင် အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ရသည့် လူအုပ်ပိမှုဖြစ်ပွားပြီးနောက် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

သေဆုံးသူ ၈ ဦးအနက် ၇ ဦးမှာ အသက် ၁၄ နှစ် မှ ၂၇ နှစ်အရွယ် လူငယ်များဖြစ်ကြောင်း ဟူစတန်မြို့တော်ဝန်က ဆိုသည်။ “ ၈ ယောက်မြောက် သေဆုံးသူကတော့ ဖျော်ဖြေရေးပွဲလမ်းသဘင်သွားဖို့ အသက်အရွယ် မပြည့်သေးသူတစ်ယောက်ပါ။ အဲဒီဖျော်ဖြေရေးမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ ပျောက်ဆုံးနေတာမျိုးတော့ မရှိပါဘူး။ လူအုပ်ပိမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူ ၂၅ ဦးကျော်ကို ဆေးရုံပို့ပေးခဲ့ပါတယ်။ အဲဒီထဲက ၁၃ ယောက်က ဆေးရုံမှာ ဆက်ပြီး ကုသမှုခံယူနေရပါတယ်။ သူတို့ထဲကမှ ၅ ယောက်ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဟူစတန်မြို့တွင် နိုဝင်ဘာ ၅ ရက်ညပိုင်းက ကျင်းပသော Astroworld ဂီတဖျော်ဖြေပွဲတွင် အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ရသည့် လူအုပ်ပိမှုဖြစ်ပွားပြီးနောက် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဒဏ်ရာရသော လူနာများထဲတွင် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်ပါဝင်ပြီး သူ့အခြေအနေမှာ စိုးရိမ်စရာအနေအထားဖြစ်နေကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့သည်။

“ ပွဲစီစဉ်သူတွေက ဂီတနဲ့ ကခုန်ပျော်ရွှင်ဖို့ လူတွေကို ဖျော်ဖြေပွဲဆီခေါ်လာခဲ့တယ်။ ဒါပေမယ့် ကြေကွဲဝမ်းနည်းစရာနဲ့ အဆုံးသတ်ခဲ့ရတယ်” ဟု မြို့တော်ဝန်က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
စုံစမ်းစစ်ဆေးသူများက ဖျော်ဖြေပွဲဗီဒီယိုဖိုင်အား ပြန်ကြည့်ကာ ပွဲခင်းအနေအထား နှင့် ထွက်ပေါက်များ လုံလုံလောက်လောက် ထည့်သွင်းထားခြင်း ရှိမရှိကို သုံးသပ်သွားမည်ဖြစ်ကြောင်း နှင့် “ပထမတစ်ချက်က ဘာကြောင့် လူအုပ်ကစဉ့်ကလျားဝရုန်းသုန်းကားဖြစ်ရလဲ ၊ ဒုတိယ အချက်က ဒီအခြေအနေကနေ လွတ်မြောက်ဖို့ လူအုပ်မထွက်နိုင်အောင် ဘယ်အရာက အဟန့်အတားဖြစ်စေခဲ့လဲ ” ဆိုသည့် အကြောင်း ကိစ္စရပ်များကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဟူစတန်မီးသတ်တပ်ဖွဲ့အကြီးအကဲ Samuel Pena ကဆိုသည်။

“ လူအုပ်ကြီးက ဇာတ်စင်အရှေ့ဘက်ကို စပြီး အတွန်းခံရတယ် ၊ အဲဒီမှာ အထိတ်တလန့်မှုဖြစ်ပြီး လူအချို့ဒဏ်ရာရသွားကြတယ်” ဟု စနေနေ့ နံနက်ပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ Pena က ဆိုသည်။

ယင်းမတော်တဆမှုသည် သောကြာနေ့ညပိုင်းက ဧည့်ပရိသတ် ၅၀,၀၀၀ ခန့် လာရောက်အားပေးသည့် လက်မှတ်အကုန်ရောင်းချခဲ့ရသော ရုံပြင် (အမိုးပွင့်) ဂီတဖျော်ဖြေပွဲတွင် ရက်ပ်စ်အဆိုတော် Travis Scott က စင်ပေါ်သီဆိုနေချိန် ည ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရုပ်သံဗီဒီယိုမှတ်တမ်းအရ Scott က ပွဲကို ရပ်ဆိုင်းခဲ့ကြောင်း နှင့် လူနာတင်ယာဉ်တစ်စီး အချက်ပြမီးထွန်း၍ လူအုပ်စီ ဦးတည်ဝင်ရောက်လာသည်ကို အံ့ဩမင်သက်စွာငေးကြည့်နေခဲ့ကြောင်း တွေ့ရသည်။

“ လူအုပ်ကြီးက ကိုယ့်ကို ဖိထားတော့ အသက်တောင်ရှူမဝတော့ဘူး ” ဟု ပွဲကြည့်ပရိသတ်တစ်ဦးဖြစ်သူ အသက် ၂၂ အရွယ် Emily Munguiaက CNN သတင်းဌာနသို့ပြောကြားခဲ့သည်။ “ ကယ်ကြပါအုံးလို့ ကျွန်တော်စပြီး အော်မိတယ်။ ကျွန်တော်သိပ်ကိုကြောက်သွားတယ်၊ ကိုယ့်ကိုယ်ကို သေပြီးတောင်ထင်နေတာ”ဟု၎င်းကဆိုသည်။

“ မနေ့ညက ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတော ကျွန်တော်သိပ်ကို တုန်လှုပ်ခြောက်ခြားမိပါတယ် ၊ ဒီ Astroworld ဂီတဖျော်ဖြေပွဲမှာ ထိခိုက် သေဆုံးခဲ့ရသူတွေ အားလုံးအတွက် သူတို့မိသားစုနဲ့အတူ ကျွန်တော်ဆုတောင်းပေးပါတယ်” ဟု ရက်ပ်ပါ Scott က တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

လူပေါင်း ၃၀၀ ကျော်ကို ဂီတဖျော်ဖြေပွဲကျင်းပရာအနီးတွင် ဖွင့်လှစ်ထားသည့် ဖျော်ဖြေပွဲဆေးပေးခန်း၌ ကုသမှုပြုလုပ်ပေးခဲ့ရကြောင်း Penaက စနေနေ့ မနက်အစောပိုင်းတွင် ပြောကြားခဲ့သည်။

လူသေဆုံးရခြင်းအကြောင်းအရင်းများကို သိနိုင်ရန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက စစ်ဆေးနေကြောင်း ဟူစတန်မြို့တော်တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ ယင်းမတော်တဆမှုကြောင့် ဖျော်ဖြေပွဲ ဒုတိယညအစီအစဉ်ကို ပယ်ဖျက်ခဲ့ရသည်။

Astroworld ဖျော်ဖြေပွဲကို ၂၀၁၈ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် ပယ်ဖျက်ခဲ့ရသည်။ဟူစတန်မြို့သည် အမေရိကန်နိုင်ငံ ကတ္ကဆက်စ်ပြည်နယ်ရှိ လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ပြီး Greater Houston metropolitan နေရာတည်ရှိရာ ဗဟိုချက်မြို့ကြီးလည်းဖြစ်ကြောင်း သိရသည်။(Xinhua)

—————————————
(English Version)
Probe underway after stampede claims 8 lives at music festival in U.S. Houston

HOUSTON, Nov. 6 (Xinhua) — The investigation into the stampede leaving at least eight people dead and many others injured on Friday night at the Astroworld Festival in Houston, U.S. state Texas, has been underway, Houston Mayor Sylvester Turner said on Saturday afternoon.

“This incident is being thoroughly investigated and reviewed thoroughly. It is important for us to ascertain from last night what took place, what happened, where missteps may have occurred,” Turner said at a press conference.

Seven of the eight dead aged from 14 to 27 years old, said the mayor. The eighth’s age is not yet available at that time. No one has been reported missing from the concert.
Up to 25 people had been transported to the hospital following the incident, and 13 of them were still being hospitalized, including five people under the age of 18, according to the mayor.
The patients also included a 10-year-old child who was in critical condition, according to media reports.

“Organizers held the event to bring people together for music, but it sadly ended in tragedy,” the mayor said on Twitter.
Investigators will review video from the scene and look at how the venue was laid out and whether it had enough exit points so as to explore “what caused, one, the issue of the crowd surge, and two, what prevented people from being able to escape that situation,” said Chief of the Houston Fire Department Samuel Pena.

“The crowd began to compress towards the front of the stage and that caused some panic and it started causing some injuries,” Pena told a press briefing early Saturday morning.
The tragedy occurred just after 9 p.m. CT as rapper Travis Scott was on stage at the sold-out outdoor music festival with about 50,000 attendees on Friday night.

Video from the event showed Scott paused and looked on in confusion during the performance as an ambulance with flashing lights moved into the densely packed crowd.
“The crowd was squishing me so much that I felt like I couldn’t breathe,” Emily Munguia, 22, told CNN. “I started screaming for help … I felt so scared, like I was going to die.”
“I’m absolutely devastated by what took place last night. My prayers go out to the families and all those impacted by what happened at Astroworld Festival,” Scott tweeted on Saturday.
More than 300 people were treated at a field hospital set up near the festival, Pena said earlier on Saturday.

The causes of deaths are pending the medical examiner’s determination, according to city officials. The second night of the concert was canceled in the wake of the incident.
The Astroworld music festival began in 2018 and was canceled in 2020 due to the COVID-19 pandemic.

Houston, the most populous city in the U.S. state of Texas, is also the principal city of the Greater Houston metropolitan area.

Photo (1) Astroworld music festival held in the U.S. city of Houston on Friday night. Photos (2,3) Police cars are seen outside a reunification center set up for missing attendees of the Astroworld music festival in Houston, Texas, the United States, Nov. 6, 2021. At least eight people died and scores of others were injured at the Astroworld music festival in the U.S. city of Houston on Friday night, officials said. (Photo by Lao Chengyue/Xinhua)