Connect with us

COVID-19 UPDATES

အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးတွင် COVID-19 ရောဂါစစ်ဆေးတွေ့ရှိ

အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas သည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီး ဖြစ်သော်ငြားလည်း COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

“ဝန်ကြီး Mayorkas က ခရီးမသွားမီ လုပ်ထုံးလုပ်နည်းအရ ရောဂါစစ်ဆေးမှုပြုလုပ်ပြီးနောက် COVID-19 ဗိုင်းရပ်စ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Mayorkas က အသက်ရှူကြပ်တာအနည်းငယ်ပဲ ခံစားရပါတယ်။ သူက ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီး (ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ) လုပ်ထုံးလုပ်နည်းတွေ၊ ကျန်းမာရေးအကြံပေးချက်အရ နေအိမ်မှာပဲ သီးခြားနေထိုင်ပြီး အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ သူနဲ့ထိတွေ့မှု ခြေရာခံခြင်းကိုတော့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု ဝန်ကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် Marsha Espinosa ၏ ထုတ်ပြန်ချက်အား ကိုးကား၍ CNN သတင်းက ဖော်ပြထားသည်။

Mayorkas သည် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီး ဘလင်ကင်နှင့် ကိုလံဘီယာနိုင်ငံသို့ ခရီးသွားရန် စီစဉ်ထားသဖြင့် ဆေးစစ်မှုခံယူခဲ့ရာ ယခုလိုရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း CNN သတင်းက ဆိုသည်။ ယခုအခါ Mayorkas သည် နေအိမ်မှ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
1st LD: U.S. secretary of tests positive for COVID-19
WASHINGTON, Oct. 19 (Xinhua) — U.S. Secretary of Homeland Security Alejandro Mayorkas has tested positive for COVID-19 despite having been fully vaccinated, his spokesperson said Tuesday.
“Secretary Mayorkas tested positive this morning for the COVID-19 virus after taking a test as part of routine pre-travel protocols. Secretary Mayorkas is experiencing only mild congestion; he is fully vaccinated and will isolate and work at home per (the Centers for Disease Control and Prevention) protocols and medical advice. Contact tracing is underway,” CNN reported, citing a statement from Marsha Espinosa, the secretary’s spokesperson.
CNN also reported that Mayorkas’ positive test came as he was scheduled to travel to Colombia with Secretary of State Antony Blinken. Mayorkas is now working from home. Enditem
Photo : U.S. Secretary of Homeland Security Alejandro Mayorkas attends a joint news conference after the EU-U.S. Justice and Home Affairs Ministerial Meeting under the Portuguese Presidency of the Council of the European Union in Lisbon, Portugal, on June 22, 2021. (Photo by Pedro Fiuza/Xinhua)