Connect with us

North America

အမေရိကန်နိုင်ငံ Tennessee ပြည်နယ်၌ လေယာဉ်ငယ် ပျက်ကျမှုကြောင့် လူ ၇ ဦးသေဆုံး

Tennessee ပြည်နယ်အတွင်း လေယာဉ်ငယ် ပျက်ကျမှု ဖြစ်ပွားရာ အနီးတစ်ဝိုက် ကယ်ဆယ်ရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - Rutherford County Fire Rescue )

ဝါရှင်တန် ၊ မေ ၃၀ ရက်(ဆင်ဟွာ)

လူ ၇ ဦး လိုက်ပါသွားသည့် ဂျက်လေယာဉ်ငယ်တစ်စင်းသည် Tennessee ပြည်နယ်ရှိ ရေကန်တစ်ကန် အတွင်းသို့ မေ ၂၉ ရက်က ပျက်ကျခဲ့ရာ လေယာဉ်ငယ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း တာဝန်ရှိသူများက မေ ၂၉ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

Tennessee ပြည်နယ်အတွင်း လေယာဉ်ငယ် ပျက်ကျမှု ဖြစ်ပွားရာ အနီးတစ်ဝိုက် ကယ်ဆယ်ရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ – Rutherford County Fire Rescue )

Cessna C501 လေယာဉ်သည် Smyrna လေဆိပ်မှ ထွက်ခွာလာခဲ့ပြီးနောက် မကြာမီ အနီးနားရှိ Percy Priest ရေကန်အတွင်းသို့ မေ ၂၉ ရက် နံနက်ပိုင်းတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းစီမံခန့်ခွဲမှုဌာနက ကနဦး ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မေ ၂၉ ရက် အစောပိုင်းက ပျက်ကျမှုတွင် လူတစ်ဦး သေဆုံးပြီး အခြား ၆ ဦးမှာလည်း သေဆုံးဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာ၌ မေ ၂၉ ရက်နှောင်းပိုင်းအထိ ရှိနေခဲပြီး သေဆုံးသူများအား ရှာဖွေရန် ညလုံးပေါက် ဆက်လက်ဆောင်ရွက်နေကြောင်း Rutherford ကောင်တီ မီးသတ်ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် Joshua Sanders က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဂျက်လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရန် လေကြောင်းစီမံခန့်ခွဲမှုဌာန နှင့် အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံမှုဘုတ်အဖွဲ့က ဦးဆောင်ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
7 believed dead in U.S. Tennessee small plane crash
WASHINGTON, May 29 (Xinhua) — A small jet carrying seven people crashed into a Tennessee lake on Saturday, killing all on board, authorities said later in the day.
The Cessna C501 plane crashed into Percy Priest Lake on Saturday morning, shortly after departing from nearby Smyrna airport, the Federal Aviation Administration said in a preliminary statement.
Earlier Saturday, officials said that one person had been confirmed dead while the other six people also presumably perished in the crash.
Rescue crews were still at the crash scene late Saturday, and efforts to recover the dead “will be continuing through the night,” Captain Joshua Sanders of the Rutherford County Fire Rescue told a press conference.
The Federal Aviation Administration and the National Transportation Safety Board are leading the investigation of the jet crash. Enditem