Connect with us

North America

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတွင် မြေဧက ၂၄၄,၀၀၀ ကျော် တောမီးလောင်ကျွမ်းမှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား၌ တောမီးလောင်ကျွမ်းမှုတွင် မီးသတ်သမားတစ်ဦး မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ--အင်တာနက်)

ဆန်ဖရန်စစ္စကို၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမြောက်ပိုင်း ဝေလံခေါင်သီသောဒေသ၌ သြဂုတ် ၁ရက်တွင် မြေဧရိယာ ၂၄၄,၀၀၀ ဧကကျော် တောမီးလောင်ကျွမ်ခဲ့ကြောင်း သိရသည်။

Paradise ၏ အရှေ့မြောက်ဘက် ၁၀မိုင်အကွာ၌ ဇူလိုင် ၁၄ ရက်က စတင်လောင်ကျွမ်းခဲ့သော ၎င်းမီးသည် ကယ်လီဖိုးနီးယား၌ ယခုနှစ်အတွက် အကြီးဆုံးမီးလောင်ကျွမ်းမှုဖြစ်ပြီး Butte နှင့် Plumas ကောင်တီများ၌ မြေဧရိယာ ၂၄၄,၈၈၈ ဧက (၉၉၁ စတုရန်းကီလိုမီတာ) လောင်ကျွမ်းသွားကြောင်း ကယ်လီဖိုးနီးယားပြည်နယ် သစ်တော နှင့် မီးဘေးကာကွယ်တားဆီးရေးဌာန (CAL FIRE) က ဆိုသည်။

သြဂုတ် ၁ ရက် နံနက်ပိုင်းအထိ မီးလောင်ကျွမ်းမှု၏ ၃၂ ရာခိုင်နှုန်းကျော်ကို ငြှိမ်းသတ်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး ၆၇ လုံး လုံးဝ ပျက်စီးခဲ့ပြီး အဆောက်အဦး ၇ လုံးမှာ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ စုစုပေါင်း အဆောက်အဦး ၁၀,၄၃၅ လုံး မှာ မီးဘေးအန္တရာယ် ခြိမ်းခြောက်မှုခံခဲ့ရကြောင်း CAL FIRE ၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးသတ်သမားများက အခင်းဖြစ်ပွားရာနေရာ၌ မီးငြိှမ်းသတ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဇုန်များစွာ၌ ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ချက်များ နှင့် သတိပေးချက်များကို ပြန်လည် ရုတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Dixie Fire in U.S. California burns over 244,000 acres
SAN FRANCISCO, Aug. 1 (Xinhua) — The Dixie Fire has burned more than 244,000 acres as of Sunday in remote Northern California of the United States.
The fire, which started on July 14 about 10 miles northeast of Paradise, is California’s largest blaze so far this year and now covers 244,888 acres (991 square km) in Butte and Plumas counties, according to the California Department of Forestry and Fire Protection (CAL FIRE).
It was about 32 percent contained as of Sunday morning. The cause of the fire is still under investigation.
There were 67 structures destroyed and nine structures damaged. A total of 10,435 structures were threatened, CAL FIRE said.
As firefighters continue making progress on the incident, evacuation orders and warnings in many zones have been lifted. Enditem