Connect with us

North America

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၌ COVID-19 ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးများအပေါ် အဓိကစိုးရိမ်စရာဖြစ်နေဟု စစ်တမ်းတွင် ဖော်ပြ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့ရှိ Six Flags Fiesta Texas သို့ ၂၀၂၀ပြည့်နှစ် ဇွန် ၂၀ ရက်တွင် နှာခေါင်းစည်းတပ်ဆင်၍ အလည်သွားရောက်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ ဇူလိုင် ၈ ရက် (ဆက်ဟွာ)

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၌ ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍ အဓိကစိုးရိမ်ပူပန်မှုများရှိနေသဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံမှု နှေးကွေးလာကြောင်း စစ်တမ်းတစ်ခုကို ကိုးကား၍ ဒေသတွင်းမီဒီယာက ဇူလိုင် ၇ ရက် တွင် ဖော်ပြခဲ့သည်။The Dallas Morning သတင်းစာနှင့် Tyler ရှိ တက္ကဆက်တက္ကသိုလ် (UT-Tyler) တို့မှ ပူးပေါင်းကောက်ယူသည့် စစ်တမ်းအရ တက္ကဆက်မြို့တွင် ကာကွယ်ဆေးထိုးနှံခြင်းမရှိသူ ၃၄ ရာခိုင်နှုန်းခန့်က ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးကြောင့် ဆေးသွားရောက်ထိုးနှံခြင်း မပြုခြင်းဖြစ်ကြောင်း ဆိုသည်။

အခြား ၁၆ ရာခိုင်နှုန်းသည် ၎င်းတို့အနေဖြင့် စောင့်ကြည့်နေဆဲဖြစ်ကြောင်း နှင့် ၁၁ ရာခိုင်နှုန်းမှာမူ ၎င်းတို့အနေဖြင့် သတင်းအချက်အလက် လုံလောက်စွာ မရရှိခြင်းကြောင့်ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ဇွန် ၂၂ ရက်မှ ၂၉ ရက်အတွင်းကောက်ယူခဲ့သော စစ်တမ်းသည် စစ်တမ်းဖြေဆိုရန် မှတ်ပုံတင်ထားသူ ၁,၀၉၀ ဦးထံမှ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစစ်တမ်းမှားကောက်ယူမှု မှားယွင်းနိုင်ချေသည် ၃.၄ ရာခိုင်နှုန်း အတိုးအလျော့အတွင်းသာ ရှိနိုင်ကြောင်း သိရသည်။ ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးများရှိနိုင်သကဲ့သို့ လူများတွင် ပိုမို၍ ကိုယ်ခံအားရရှိအောင် အထောက်အကူပြုနိုင်သည်ဆိုသည့် ပညာပေးမှုများကိုလည်း စစ်တမ်းက အကြံပြုထားသည်။

ဘေးထွက်ဆိုးကျိုးများသည် COVID-19 ကြောင့်ဖြစ်ပွားသည့် အန္တရာယ်ထက် များစွာနည်းကြောင်း ၊ သို့သော် တက္ကဆက်ပြည်နယ်၌ ကာကွယ်ဆေးထိုးရန် ယုံကြည်မှုမရှိသေးသူများ ရှိကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများကပြောသည်။

တက္ကဆက်ပြည်နယ်၌ ရီပတ်ဘလစ်ကန်ပါတီ အားမဲထည့်ခဲ့သူများက ကာကွယ်ဆေးထိုးရန်ဆန္ဒမရှိကြောင်း ပြောဆိုမှုနှင့်အတူ စစ်တမ်းဖြေဆိုမှုတွင် ကာကွယ်ဆေးထိုးမည်မဟုတ်ကြောင်းဖြေကြားထားသော်လည်း ကာကွယ်ဆေးထိုးနှံပြီးသူအရေအတွက် မြင့်တက်တက်လာခဲ့ကြောင်း စစ်တမ်းတွင်တွေ့ရသည်။

တက္ကဆက်ပြည်နယ်၌ ကာကွယ်ဆေးထိုးရန် အရည်အချင်းပြည့်မီသူများ၏ ၅၈ ရာခိုင်နှုန်းကျော် မှာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ပြည်နယ်အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)
…………………………………………
(English Version)

Side effects major concern about COVID-19 vaccine in U.S. Texas: poll

HOUSTON, July 7 (Xinhua) — The pace of COVID-19 vaccinations is slowing in the U.S. state of Texas with the major concern about side effects, local media reported Wednesday, quoting a poll.
The poll, conducted by The Dallas Morning News and the University of Texas at Tyler (UT-Tyler), said about 34 percent of the unvaccinated respondents in Texas cited side effects as a factor for not scheduling an appointment.

Another 16 percent said they are “waiting to see” and 11 percent feel they don’t have enough information, the poll found.
The poll, conducted June 22-29, surveyed 1,090 registered voters and has a margin of error of plus or minus 3.4 percentage points. It also suggested that education about vaccine side effects could be helpful in getting more people immunized.

Public health experts say the side effects are far less than the risk of contracting COVID-19, but there are still people in Texas who are not convinced.

The poll found that the percentage of registered voters who say they won’t get a shot has risen as the number of vaccinated Texans increased, with Republican voters most likely to say no to the vaccine.State data shows that over 58 percent of eligible Texans have been vaccinated with at lease one dose. Enditem