Connect with us

COVID-19 UPDATES

အမေရိကန်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်အား COVID-19 ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးဖြစ်

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်ကောင်တီ၊ ပိုမိုးနာမြို့ရှိ California Polytechnic State University တွင် COVID-19 ကာကွယ်ဆေးထိုးနှံရာနေရာ၌ ကာကွယ်ဆေးထိုးရန်ပြင်ဆင်နေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်အား မေ ၂၈ ရက်အထိ COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ အချက်အလက်များအရ သိရသည်။

အမေရိကန်လူဦးရေ၏ ၁၃၃ သန်းကျော်မှာ အပြည့်အဝကာကွယ်ဆေးထိုးနှံပြီးဖြစ်ကာ ၁၆၆ သန်း ကျော်မှာ အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း CDC ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

အပြည့်အဝကာကွယ်ဆေးထိုးနှံပြီးသူများအနက် သန်း ၄၀ ကျော်မှာ အသက် ၆၅ နှစ်နှင့် အထက် လူကြီးများဖြစ်ကြောင်း CDC ၏ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၂၈ ရက်အထိ အမေရိကန်တစ်နိုင်ငံလုံး၌ COVID-19 ကာကွယ်ဆေးအလုံးရေ ၂၉၂ သန်းကျော်အား ထိုးနှံပြီးဖြစ်ကာ Pfizer/BioNTech ကာကွယ်ဆေးအလုံးရေ ၁၅၇ သန်းကျော်၊ Moderna ကာကွယ်ဆေးအလုံးရေ ၁၂၃ သန်းနှင့် Johnson & Johnson ကာကွယ်ဆေးအကြိမ်ပေါင်း ၁၀.၆ သန်းအား ထိုးနှံပေးခဲ့ပြီးဖြစ်ဖြစ်ကြောင်း CDC ၏ အချက်အလက်များအရ သိရသည်။ (Xinhua)

————————————
(English Version)
Over 40 pct of American population fully vaccinated against COVID-19
WASHINGTON, May 28 (Xinhua) — Over 40 percent of the American population have been fully vaccinated against COVID-19 as of Friday, according to data of the U.S. Centers for Disease Control and Prevention (CDC).
Over 133 million Americans have been fully vaccinated, while over 166 million have got at least one dose, CDC data show.
Among the fully vaccinated, over 40 million are people 65 years of age or older, according to the CDC.
Over 292 million COVID-19 vaccine doses have been administered across the United States by Friday. Over 157 million Pfizer/BioNTech doses and 123 million Moderna doses have been administered in the country, while 10.6 million Johnson & Johnson shots have been administered, according to CDC data. Enditem