Connect with us

North America

အမေရိကန်သမ္မတဟောင်း ကလင်တန် တောင်ကယ်လီဖိုးနီးယားဆေးရုံမှပြန်ဆင်း

အမေရိကန် သမ္မတ ကနေဒီကွယ်လွန်ခြင်း နှစ် ၅၀ ပြည့်အောက်မေ့ဖွယ်အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသော သမ္မတဟောင်း ကလင်တန်အား ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်းဂျလိစ် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဟောင်းဘီလ်ကလင်တန်သည် ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်မှုမရှိသော ရောဂါတစ်ခုကူးစက်ခံရပြီးနောက် ရက်ပေါင်းများစွာကြာ ဆေးကုသမှုခံယူနေခဲ့ရရာမှ အောက်တိုဘာ ၁၇ ရက်တွင် တောင်ကယ်လီဖိုးနီးယားပြည်နယ် ဆေးရုံမှ ပြန်ဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ သမ္မတကလင်တန်ဟာ ဒီနေ့မှာ UC Irvine ဆေးရုံ ကဆင်းသွားပါပြီ ။ သူ့ရဲ့အဖျားနဲ့ သွေးဖြူဥဆဲလ်အရေအတွက်ဟာ ပုံမှန် ပြန်ဖြစ်နေပါပြီ ၊ သူ့ရဲ့ခန္ဓာကိုယ်ခုခံအားလေ့ကျင့်ရေးအစီအစဉ်ပြီးဆုံးဖို့ နယူးယောက်ကနေအိမ်ကို ပြန်သွားမှာပါ” ဟု သမ္မတကလင်တန်ကျန်းမာရေးစောင့်ရှောက်မှု ဆရာဝန်အဖွဲ့ဝင် Irvine ဆေးရုံ ကယ်လီဖိုးနီးယားတက္ကသိုလ်ဆေးပညာဌာန ဥက္ကဌ ဒေါက်တာ Alpesh N. Amin ၏ ပြောကြားချက်ကို သမ္မတဟောင်း ပြောရေးဆိုခွင့်ရှိသူ Angel Urena က ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“ သမ္မတဟောင်းကို ဆေးကုသခွင့်ရတဲ့အတွက် UC Irvine ဆေးရုံက ဝန်ထမ်းတစ်ယောက်ချင်းကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ သူ့ကျန်းမာရေးအခြေအနေကို အနီးကပ် ဆက်ပြီးစောင့်ကြည့်သွားမှာပါ ” ဟု Amin က ဖြည့်စွက်ပြောကြားခဲ့သည်။

အသက် ၇၅ နှစ် အရွယ်သမ္မတဟောင်းကလင်တန်သည် ၎င်း၏သွေးကြောမှကွဲထွက်သော ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုကို ကုသရန်အတွက် Orange ကောင်တီရှိ Irvine ဆေးရုံ ကယ်လီဖိုးနီးယားတက္ကသိုလ်ဆေးပညာဌာနသို့ အောက်တိုဘာ ၁၂ ရက်တွင် တက်ရောက်ကုသမှုခံယူခဲ့ရကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သမ္မတဟောင်းသည် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကလင်တန်ဖောင်ဒေးရှင်း၌ ပြုလုပ်သော သီးသန့်ဧည့်ခံပွဲ နှင့် ညစာစားပွဲတစ်ခုတက်ရောက်ရန်အတွက် တောင်ကယ်လီဖိုးနီးယားသို့ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းသည် Orange ကောင်တီ၌ မိတ်ဆွေအပေါင်းအသင်းများနှင့် တွေ့ဆုံခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်တွင် မူးဝေသဖြင့် အရေးပေါ် ဆေးရုံတင်လိုက်ရခြင်းဖြစ်ကြောင်း သမ္မတဟောင်း၏ လက်ထောက်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Los Angeles Times သတင်းစာတွင် ဖော်ပြထားသည်။

ကလင်တန်သည် ဇနီးဖြစ်သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး(ဟောင်း) ဟီလာရီကလင်တန် ၊ သမီးဖြစ်သူ Chelsea တို့နှင့်အတူ နယူးယောက်မြို့သို့လေယာဉ်ဖြင့် ပြန်သွားနေပြီဖြစ်ကြောင်း သတင်းက ဆိုသည်။

ဒီမိုကရက်တစ်ပါတီဝင်တစ်ဦးဖြစ်သူ ကလင်တန်သည် ၁၉၉၃ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အမေရိကန်နိုင်ငံ၏ ၄၂ ယောက်မြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Former U.S. president Clinton released from Southern California hospital
LOS ANGELES, Oct. 17 (Xinhua) — Former U.S. President Bill Clinton was released Sunday from a Southern California hospital where he had been treated multiple days for a non-coronavirus-related infection.
“President Clinton was discharged from UC Irvine Medical Center today. His fever and white blood cell count are normalized, and he will return home to New York to finish his course of antibiotics,” said Dr. Alpesh N. Amin, chairman of the Department of Medicine at the University of California, Irvine, who had been overseeing the team of doctors treating Clinton, in a statement shared by the former president’s spokesperson Angel Urena on Twitter.
“On behalf of everyone at UC Irvine Medical Center, we were honored to have treated him and will continue to monitor his progress,” Amin added.
Clinton, 75, was admitted Tuesday evening to the University of California Irvine Medical Center in Orange County for a urological infection that spread to his bloodstream, according to his aide.
The former U.S. president was in Southern California for a private reception and dinner for the nonprofit Clinton Foundation. After meeting with friends in Orange County on Tuesday, he reported feeling fatigued, an aide to the former U.S. president was quoted as saying by The Los Angeles Times.
Clinton is flying to New York with his wife, former U.S. Secretary of State Hillary Clinton, and his daughter, Chelsea, reported the newspaper.
Clinton, a member of the Democratic Party, served as the 42nd U.S. president from 1993 to 2001. ■

Former U.S. President Bill Clinton speaks during a public memorial for Robert F. Kennedy at the 50th anniversary of his assassination at Arlington National Cemetery in Arlington, Virginia, the United States, on June 6, 2018. (Xinhua/Ting Shen)