Connect with us

North America

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံခေါင်းဆောင်များ ငါးနှစ်အတွင်း ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို ကျင်းပ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၈ ရက်တွင် ဝါရှင်တန်ဒီစီ၌ ကျင်းပသည့် ကွန်ဂရက်လွှတ်တော်၏ ပူးတွဲအစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့စဉ် (ဓာတ်ပုံ--Melina Mara/Pool via Xinhua)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြောက်အမေရိက ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau ) နှင့် မက္ကဆီကိုသမ္မတ အန်ဒရက်စ်မန်နူရယ်လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) တို့နှင့် နိုဝင်ဘာ ၁၈ ရက်တွင် အိမ်ဖြူတော်၌ လက်ခံကျင်းပခဲ့သည်။

ဘိုင်ဒင်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်(Donald Trump) မှ ရှောင်ဖယ်ထားသော ပုဂ္ဂိုလ်သုံးဦးပါဝင်သော ထိပ်သီးအစည်းအဝေးမတိုင်မီ ထရူးဒိုး နှင့် အိုဘရာဒေါ တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

ထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်သုံးဦးသည် ” ခိုင်မာသောဆက်ဆံရေးနှင့် ပေါင်းစည်းမှုတို့ကို ထပ်လောင်းပြောကြားခဲ့ပြီး ကျွန်ုပ်တို့သည် မယုံနိုင်လောက်အောင် ရှုပ်ထွေးသော ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ရချိန်တွင် ကျွန်ုပ်တို့၏မိတ်ဖက်ဆက်ဆံရေးအတွက် လမ်းကြောင်းအသစ်ကို ပုံဖော်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်” ဟု အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေါင်းဆောင်များသည် COVID-19 ကူးစက်ရောဂါကို အဆုံးသတ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေးနှင့် ဈေးကွက်ယှဉ်ပြိုင်မှု တွန်းအားပေးရေးနှင့်သာတူညီမျှသော တိုးတက်မှုအတွက် အခြေအနေများ ဖန်တီးပေးရေးများအပြင် ရွှေ့ပြောင်းနေထိုင်ရန် ဒေသတွင်း တုံ့ပြန်မှု ညှိနှိုင်းရေး အပါအဝင် ပူးတွဲပန်းတိုင်များ ပံ့ပိုးရာတွင် ခိုင်မာသော ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်။ (Xinhua)

————————————
(English Version)
U.S., Canadian, Mexican leaders hold first summit in five years
WASHINGTON, Nov. 18 (Xinhua) — U.S. President Joe Biden hosted Canadian Prime Minister Justin Trudeau and Mexican President Andres Manuel Lopez Obrador at the White House on Thursday for their first North American Leaders’ Summit since 2016.
Biden met separately with Trudeau and Obrador ahead of the three-person summit, which was shunned by former U.S. President Donald Trump.
During the summit, the three leaders “reiterated our strong ties and integration, and willingness to chart a new path for our partnership at a time when we face incredibly complex global challenges,” said the White House in a press release.
The leaders pledged to take concrete actions in support of their joint goals, including ending the COVID-19 pandemic and advancing global health, fostering competitiveness and creating the conditions for equitable growth, as well as coordinating a regional response to migration, it said. Enditem