Connect with us

Asia

အမေရိကန်၏ ငွေကြေးထိန်းချုပ်မှုလုပ်ရပ်ကို အာဖဂန်ပြည်သူများ လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ

ကဘူးလ် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်ပိုင်ငွေကြေးများကို အမေရိကန်နိုင်ငံက ထိန်းချုပ်ထားခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့် အာဖဂန်ပြည်သူထောင်ပေါင်းများစွာသည် ဇန်နဝါရီ ၂ ရက်က ကဘူးလ်မြို့လမ်းမများပေါ် တက်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အာဖဂန်ငွေများထိန်းချုပ်ထားခြင်းကို ဖြေလွှတ်ပေးရန် အမေရိကန်အား ကြွေးကြော် တောင်းဆိုခဲ့ကြသည်။တာလီဘန်တို့ တိုင်းပြည်အာဏာစတင်ရယူခဲ့သည့် ပြီးခဲ့သောနှစ် ဩဂုတ်လကတည်းက အာဖဂန်ဗဟိုဘဏ်မှ ပိုင်ဆိုင်သော အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ကို အမေရိကန်နိုင်ငံက ထိန်းချုပ်ခဲ့သည့်အပြင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) နှင့် ကမ္ဘာ့ဘဏ်တို့မှ ထောက်ပံ့ထားသည့် ရန်ပုံငွေများလည်း ကန့်သတ်ထိန်းချုပ်ခြင်းခံလိုက်ရသဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးသည် များစွာ ထိခိုက်ခံစားနေခဲ့ရသည်။

အမေရိကန်၏ ငွေကြေးထိန်းချုပ်မှုများအပေါ် အာဖဂန်နစ္စတန်နိုင်ငံကဘူးလ်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ပြည်သူများ ကန့်ကွက်ဆန္ဒပြနေကြစဉ်(ဆင်ဟွာ)

ဆန္ဒပြသူများက “ တို့အသိမ်းခံထားရတဲ့ပိုက်ဆံ တို့ကိုပြန်ပေး ” ၊ “ ငါတို့ပိုက်ဆံ ငါတို့ပြန်ပေး” ဟူသည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ ကဘူးလ်မြို့၌ ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
“ အာဖဂန်ပြည်သူတွေရဲ့အထူးလိုလာချက်နဲ့ ကျွန်တော့်ရဲ့တောင်းဆိုမှုကတော့ ကျွန်တော်တို့ပိုက်ဆံ ကျွန်တော်တို့ကို ပြန်ပေးဖို့ပါပဲ ၊ ဒါဟာ ကျွန်တော်တို့အခွင့်အရေးပါ။ ကျွန်တော်တို့အခွင့်အရေးကို သူတို့ပေးသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ရဲ့အသံကိုပိုပြီးကျယ်ကျယ်လောင်လောင်ကြားရဖို့ ဆက်ပြီး ဆန္ဒပြသွားရမှာပဲ” ဟု အမေရိကန်သံရုံးအနီးရှိ သံတမန်ရပ်ကွက်၌ ကန့်ကွက် ဆန္ဒပြမှုပြုလုပ်နေသည့် ဆန္ဒပြသမား Zekrullah က ဆိုသည်။ ဆန္ဒပြသူများသည် မတူညီသော ပြည်နယ်အသီးသီးမှ စုရုံးရောက်ရှိလာကြသူများဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အာဖဂန်ငွေကြေးများကို ကန့်သတ်ထိန်းချုပ်ထားခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေများ နှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဆန္ဒပြသမားမျာက ပြောကြားခဲ့သည်။ လွန်ခဲ့သော နှစ်ရက်ကလည်း အာဖဂန်အမျိုးသမီးအဖွဲ့တစ်ခုသည် ယင်းသံတမန်ရပ်ကွက်မှာပင် အလားတူကန့်ကွက်ဆန္ဒပြပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

#Afghans, #U.S, #protest, #xinhua, #xinhuamyanmar, #
#အာဖဂန်,#အမေရိကန်,#ဆန္ဒပြ,#ဆင်ဟွာ,#ဆင်ဟွာမြန်မာ

…………………………………………
(English Version)

Afghans take streets in protest against U.S. freezing of assets

KABUL, Jan. 3 (Xinhua) — Thousands of Afghans took streets in national capital of Kabul Sunday to protest against freeze of the country’s assets by the United States, calling the release of Afghans assets.

The Afghan economy, since the Taliban’s takeover in last August, has suffered from the freeze of over 9 billion U.S. dollars in assets belonging to the Afghan central bank by the United States as well as a halt in funds by the World Bank and the International Monetary Fund (IMF).

The demonstrators were holding placards that said “our seized money should be handed over!” and “Give us our frozen money!”
“The special demand of Afghan people and my demand is to unfreeze our money, it is our rights, they should give our rights, otherwise we will continue our demonstration to make our voice heard,” a protester Zekrullah said in a diplomatic district near the shuttered U.S. embassy, adding that the demonstrators came from different provinces.

The protesters said a ban on Afghan assets was an act against the international laws and a violation of international principles.
A couple of days ago a group of Afghan women also held a similar protest at the same district.Afghans take part in a protest in Kabul, capital of Afghanistan, Jan. 2, 2022. (Photo by Saifurahman Safi/Xinhua)