Connect with us

North America

အမေရိကန် အပျော်စီးသင်္ဘောပေါ်လိုက်ပါသွားသူ ၅၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

နယူးယောက်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ရွိုင်ရယ် ကာရေဘီယံ နိုင်ငံတကာအပျော်စီးသင်္ဘော (Royal Caribbean International cruise ship) သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှ ဒီဇင်ဘာ ၁၈ ရက်က ထွက်ခွာသွားပြီးနောက် သင်္ဘောပေါ်လိုက်ပါသွားသူ ၅၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကုမ္ပဏီက ဒီဇင်ဘာ ၂၂ ရက်နှောင်းပိုင်းက ပြောကြားခဲ့သည်။Odyssey of the Seas အပျော်စီးသင်္ဘောပေါ်၌ ရောဂါကူးစက်မှုများတွင် ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းများ ပါဝင်ကြောင်းနှင့် ၎င်းတို့အားလုံးသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးဖြစ်ကြောင်း အော်ပရေတာ (operator) က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

၈ ညအိပ်ခရီးစဉ်ဖြစ်သော အဆိုပါ အပျော်စီးသင်္ဘောသည် အစီအစဉ်အတိုင်း အာရေဘီယံကျွန်းများဖြစ်သော ကျူရေးကိုးစ် (Curacao) ကျွန်းနှင့် အာရူးဗားကျွန်းထံ ရွက်လွှင့်သွားတော့မည်မဟုတ်ကြောင်း၊ ယင်းသင်္ဘောသည် Fort Lauderdale သို့ပြန်မလာမီ ပင်လယ်၌ ဒီဇင်ဘာ ၂၆ ရက်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းသင်္ဘောပေါ်တွင် ခရီးသည် ၃,၅၀၀ ကျော်နှင့် ဝန်ထမ်း ၁,၆၀၀ ခန့် လိုက်ပါသွားခဲ့ကြောင်း အမေရိကန် မီဒီယာသတင်းများအရ သိရသည်။

ယခုဖြစ်ရပ်သည် သီတင်းပတ်တစ်ပတ်ပင်မကြာသည့်ကာလအတွင်း ရွိုင်ရယ် ကာရေဘီယံ အပျော်စီးသင်္ဘောပေါ်တွင် ဒုတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိမှုလည်း ဖြစ်သည်။

Symphony of the Seas cruise ship သည် ကာရေဘီယံပင်လယ်တွင် ၇ ရက်ကြာခရီးစဉ်ပြီးနောက် သင်္ဘောပေါ်တွင် COVID-19 လူနာ ၄၈ ဦးနှင့်အတူ ဒီဇင်ဘာ ၁၈ ရက်က ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

 

————————————–
(English Version)

55 on U.S. cruise ship test positive for COVID-19
2021-12-24 14:29:21 Category:Society
NEW YORK, Dec. 24 (Xinhua) — A total of 55 people aboard a Royal Caribbean International cruise ship have tested positive for COVID-19 after it set sail Saturday from the southeastern U.S. state of Florida, the company said late Wednesday.

The infections on the Odyssey of the Seas cruise ship included passengers and crew members, and all are fully vaccinated, the operator said in a statement.
The ship, which was on an eight-night cruise, will not sail to the Caribbean islands of Curacao and Aruba as scheduled, the statement said, adding that the vessel will remain at sea until it returns to Fort Lauderdale, Florida, on Dec. 26.

According to U.S. media reports, there are over 3,500 passengers and around 1,600 crew members on board.
This is the second coronavirus outbreak on a Royal Caribbean cruise ship in less than a week.

Last Saturday, the Symphony of the Seas cruise ship returned to the port of Miami with 48 COVID-19 patients on board after a seven-day trip in the Caribbean. Enditem
Photo : The Grand Princess cruise ship approaches the Golden Gate Bridge on the San Francisco Bay Area, the United States, on March 9, 2020. (Xinhua/Wu Xiaoling)