Connect with us

COVID-19 UPDATES

အမေရိကန် CDC က အိုမီခရွန်စိုးရိမ်မှုများအကြား အသက် ၁၆ နှစ်နှင့် ၁၇ နှစ်ကြား ဆယ်ကျော်သက်များအား COVID-19 အားဖြည့်ဆေးထိုးနှံရန် အကြံပြု

အမေရိကန်နိုင်ငံနိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ စူပါမားကတ်တစ်ခုတွင် နှာခေါင်းစည်း ဝတ်ဆင်ထားသော ဈေးဝယ်သူတစ်ဦးအား ၂၀၂၀ပြည့်နှစ်၊ မတ်လ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဌာန (CDC) က ဒီဇင်ဘာ ၉ ရက်တွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်ကြားအရွယ်များအား ပထမဆုံး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး အနည်းဆုံး ၆ လကြာပြီးနောက် Pfizer-BioNTech COVID-19 ကာကွယ်အားဖြည့်ဆေး (booster) အား ထပ်မံထိုးနှံရန် အကြံပြုထားသည်။

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယင်းအသက်အရွယ်အုပ်စုများတွင် Pfizer-BioNTech တတိယမြောက်ထိုးနှံရန် သင့်လျော်ကြောင်းပြောကြားပြီး နာရီပိုင်းအကြာတွင် CDC ၏ အကြံပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်အတွက် ကျွန်မတို့မှာအဖြေအားလုံးမရှိသော်လည်း COVID-19 အားဖြည့်ကာကွယ်ဆေးထိုးနှံထားခြင်းက အိုမီခရွန်နဲ့ အခြားဗီဇမျိုးကွဲများကို ကာကွယ်ရာမှာ ပိုမိုကျယ်ပြန့်စေပြီး အားကောင်းစေကြောင်း ကနဦးအချက်အလက်များက အကြံပြုထားတယ်” ဟု CDC ဒါရိုက်တာ Rochelle Walensky က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“COVID-19 ကာကွယ်ဆေးတွေက ဘေးကင်းပြီး ထိရောက်မှုရှိကြောင်းကို ကျွန်မတို့သိပြီး ဖြစ်ပါတယ်။ အသက် ၁၆နှစ် နှင့် ၁၇ နှစ်ရှိ ဆယ်ကျော်သက်များအနေနဲ့ ကနဦး Pfizer ကာကွယ်ဆေးအစဉ်လိုက်ထိုးနှံပြီး အနည်းဆုံး ၆ လကြာသွားပြီဆိုရင် အားဖြည့်ကာကွယ်ဆေး ထိုးနှံဖို့ အလေးအနက် အားပေးတိုက်တွန်းပါတယ်” ဟု Walensky က ပြောကြားခဲ့သည်။

FDA မှ ခွင့်ပြုထားသော သို့မဟုတ် အတည်ပြုထားသော မည်သည့်COVID-19 ကာကွယ်ဆေးမဆို ကနဦးကာကွယ်ဆေးထိုးပြီးသည့်နောက် အသက် ၁၈ နှစ်နှင့် အထက် အသက်အရွယ်များအားလုံးအတွက် Pfizer-BioNTech COVID-19 ကာကွယ်ဆေး၏ အားဖြည့်ကာကွယ်ဆေး (booster) ထိုးနှံရန် FDA မှ နိုဝင်ဘာ ၁၉ ရက်တွင် ခွင့်ပြုထားကြောင်း သိရသည်။

ယခုအချိန်တွင် Pfizer-BioNTech COVID-19 ကာကွယ်ဆေးကိုသာ အသက် ၁၆နှစ် နှင့် ၁၇ နှစ် ဆယ်ကျော်သက်များအတွက် ထိုးနှံရန် အကြံပြုထားပြီး တရားဝင်ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

—————————————
(English Version)
U.S. CDC recommends COVID-19 boosters for teenagers aged 16 and 17 amid Omicron fears
WASHINGTON, Dec. 9 (Xinhua) — The U.S. Centers for Disease Control and Prevention (CDC) on Thursday recommended individuals 16 and 17 years of age get a booster shot of the Pfizer-BioNTech COVID-19 vaccine at least six months after completing their first two doses.
The CDC recommendation came hours after the U.S. Food and Drug Administration (FDA) expanded eligibility for the Pfizer-BioNTech third shot to this age group.
“Although we don’t have all the answers on the Omicron variant, initial data suggests that COVID-19 boosters help broaden and strengthen the protection against Omicron and other variants,” said CDC Director Rochelle Walensky in a statement.
“We know that COVID-19 vaccines are safe and effective, and I strongly encourage adolescents ages 16 and 17 to get their booster if they are at least 6 months post their initial Pfizer vaccination series,” Walensky said.
On Nov. 19, the FDA authorized the use of a single booster dose of the Pfizer-BioNTech COVID-19 vaccine for all individuals 18 years of age and older after completion of primary vaccination with any FDA-authorized or approved COVID-19 vaccine.
At this time, only the Pfizer-BioNTech COVID-19 vaccine is authorized and recommended for adolescents aged 16 and 17. Enditem