Connect with us

North America

အမေရိကန် JFK လေဆိပ်၌ ရေယိုစိမ့်မှုကြောင့် လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ နှောင့်နှေးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ဂျွန်အက်ဖ်ကနေဒီ(JFK) အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လုံခြုံရေးစစ်ဆေးမှုနေရာမြင်ကွင်းတစ်ခုအား ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီ(JFK) အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ထိန်းချုပ်ရေးတာဝါမျှော်စင်တွင် ရေယိုစိမ့်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် စနေနေ့ညနေပိုင်းက လေယာဉ်ခရီးစဉ်ရာပေါင်းများစွာ နှောင်းနှေ့ကြန့်ကြာခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း မီဒီယာများ၏ တနင်္ဂနွေနေ့ ဖော်ပြချက်အရ သိရသည်။ယင်းအတွက်ကြောင့် လေကြောင်းခရီးစဉ်ပေါင်း ၃၀၀ နီးပါး နှောင်းနှေးခြင်း သို့မဟုတ် လမ်းကြောင်းပြောင်း ပျံသန်းခြင်းများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။ အဆိုပါ ရေယိုစိမ့်မှုသည် COVID-19 ကပ်ရောဂါစတင်ပြန့်နှံ့ချိန်မှစ၍ လေကြောင်း ခရီးသွားလာမှု အများဆုံးနေ့ရက်တစ်ရက်ဖြစ်သည့် ဇူလိုင် ၄ ရက် အမေရိကန်လွွတ်လပ်ရေးနေ့ အားလပ်ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် အမေရိကန်ပြည်သူ ၃.၇ သန်းခန့် လေကြောင်းခရီးစဉ်ဖြင့် ခရီးသွားလာခဲ့ရာ ယခင်နှစ် အလားတူ ကာလထက် ၁၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

JFK လေဆိပ်သည် အမေရိကန်နိုင်ငံအတွင်းသို့ ပြည်ပမှ ခရီးသည်များ အများဆုံး ဝင်ရောက်နေသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတစ်ခုဖြစ်သလို နယူးယောက်မြို့လေဆိပ်စနစ်တွင် ခရီးသည်အများဆုံး ဝင်ထွက်သွားလာသည့် လေဆိပ်ကြီး တစ်ခုလည်းဖြစ်ကြောင်း ၊ ၂၀၁၉ ခုနှစ်က ခရီးသည် ၆၂.၅ သန်းအဝင်အထွက်ပြုခဲ့ကြောင်း သိရသည်။ ယင်းလေဆိပ်မှ လေကြောင်းလိုင်းပေါင်း ၉၀ ကျော်ဝင်ရောက်လုပ်ကိုင်နေပြီး လူသားတို့ခြေချနေထိုင်ရာ ကမ္ဘာ့တိုက်ကြီး ၆ တိုက်စလုံးနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များဖြင့် အမြဲမပြတ် ပျံသန်းမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

—————————–i———————-
( English Version)

Water leak causes delays or cancellations of hundreds of flights at JFK airport

NEW YORK, July 4 (Xinhua) — Water leak at one of the control towers at the John F. Kennedy International Airport in New York on Saturday evening caused the delays or cancellations of hundreds of flights, according to media reports on Sunday.

Nearly 300 flights were reportedly delayed or diverted.The disruption occurred on the busiest Independence Day weekend for travel since the start of the COVID-19 pandemic.
Some 3.7 million Americans would reportedly fly this weekend, a 164 percent increase from last year.

The airport is the busiest international air passenger gateway into North America and the busiest airport in the New York airport system, handling over 62.5 million passengers in 2019. More than 90 airlines operate from the airport, with nonstop or direct flights to destinations in all six inhabited continents.
Passengers enter the security inspection area at John F. Kennedy International Airport in New York, the United States, March 13, 2020.