Connect with us

COVID-19 UPDATES

အသက် ၆ နှစ်မှ ၁၇ နှစ်ကြား ကလေးများအတွက် တရုတ်ကာကွယ်ဆေးအား အရေးပေါ်ဆေးဝါးအဖြစ်အသုံးပြုရန် ချီလီ အတည်ပြု

ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့ ရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာတစ်ခု၌ COVID-19 ကာကွယ်ဆေးထိုးရန် ပြင်ဆင်နေသည့် သူနာပြုတစ်ဦးအား ၂၀၂၁ ခုနှစ် မတ် ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီယာဂို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ၌ တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော Sinovac CoronaVac ကာကွယ်ဆေးအား အသက်၆ နှစ်မှ ၇ နှစ်ကြားကလေးများနှင့် ဆယ်ကျော်သက်များအတွက် အရေးပေါ်ဆေးဝါးအဖြစ်အသုံးပြုရန် ချီလီနိုင်ငံပြည်သူ့ကျန်းမာရေးအင်စတီကျူ့ (ISP) က စက်တင်ဘာ ၆ ရက်တွင် အတည်ပြုခဲ့သည်။

ဆေးဝါးသုံးစွဲမှုဆိုင်ရာ ပညာရှင်များအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ISP ညွှန်ကြားရေးမှူး Heriberto Garcia ကကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ပြည်သူတွေကို ဆက်လက်ကာကွယ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အသက် ၆ နှစ် အထက် ကလေးတွေအတွက် CoronaVac ကာကွယ်ဆေး ကို အတည်ပြုခဲ့ပါတယ်။
“ကာကွယ်ဆေးမထိုးတဲ့အတွက် ကလေးငယ်တွေက ကူးစက်မှုအရေအတွက်မြင့်တက်နေတယ်လို့ အချက်အလက်တွေကဖော်ပြနေတယ်’’ ဟု ၎င်းကဆက်ပြောသည်။

Sinovac CoronaVac ကာကွယ်ဆေး ၏ လုံခြုံစိတ်ချရ မှု နှင့် စမ်းသပ်ပြီး ရောဂါအပေါ် ကိုယ်ခံအားတုန့်ပြန်မှုများအား ISP မှ ပညာရှင်များက မီးမောင်းထိုးပြခဲ့သည်။
အသက် ၁၈နှစ်အထက်လူများအား Sinovac CoronaVac ကာကွယ်ဆေးကို အရေးပေါ်ဆေးဝါးအဖြစ်အသုံးပြုရန် ယခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ISP က အတည်ပြုခဲ့သည်။

ရည်မှန်းထားသောလူဦးရေ ၁၅ ဒသမ ၂ သန်း ၏ ၈၆ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်သော ပြည်သူ ၁၃,၀၇၄,၄၉၆ ဦးမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံခဲ့ပြီးဖြစ်ပြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။ (Xinhua)

………………………………
(English Version)
Chile approves emergency use of China’s vaccines for children aged 6-17
SANTIAGO, Sept. 6 (Xinhua) — Chile’s Institute of Public Health (ISP) on Monday approved the emergency use of Sinovac CoronaVac vaccines made by Chinese pharmaceutical firm Sinovac Biotech for children and adolescents aged from 6 to 17.
ISP Director Heriberto Garcia made the announcement at a press conference held after a meeting of experts on the use of the drug.
“In order to continue protecting the population, we have approved the CoronaVac vaccine for children aged six and up,” Garcia said.
“The data shows the number of infected children is rising due to the fact that they are not vaccinated,” he added.
The ISP experts highlighted the safety of the Sinovac CoronaVac vaccines and its tested immunogenic response.
The ISP approved the emergency use of Sinovac CoronaVac vaccines for those aged 18 or over on Jan. 20 this year.
According to the latest Ministry of Health data, a total of 13,074,496 people have been fully vaccinated, representing 86.01 percent of the target population of 15.2 million. Enditem