Connect with us

Africa & Middle East

အသစ်ဖွင့်လှစ်လိုက်သော “ဆေးဝါးမြို့” အား အီဂျစ်နိုင်ငံက ဒေသတွင်း ဆေးဝါးဆိုင်ရာအချက်အချာအဖြစ် ပြောင်းလဲရန် ရည်ရွယ်

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma တွင် အလုပ်လုပ်နေသူတစ်ဦးအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

QALYUBIA ၊ အီဂျစ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ကိုင်ရိုမြို့တွင် မကြာသေးမီက ဖွင့်လှစ်ခဲ့သော ဆေးဝါးမြို့သည် အရည်အသွေးမြင့်ထုတ်ကုန်များဖြင့် ပြည်တွင်းနှင့် ဒေသတွင်း ဈေးကွက်များ အာမခံချက်ရှိသော ဒေသတွင်း ဆေးဝါးဆိုင်ရာအချက်အချာအဖြစ်သို့ ပြောင်းလဲရန် အီဂျစ်နိုင်ငံက ရည်မှန်းထားကြောင်း သိရသည်။

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma တွင် အလုပ်လုပ်နေသူတစ်ဦးအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma တွင် အလုပ်လုပ်နေသူတစ်ဦးအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma တွင် အလုပ်လုပ်နေသူတစ်ဦးအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma တွင် အလုပ်လုပ်နေသူများအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma တွင် အလုပ်လုပ်နေသူတစ်ဦးအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma တွင် အလုပ်လုပ်နေသူတစ်ဦးအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma တွင် လမ်းလျှောက်နေသူတစ်ဦးအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma အား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Qalyubia ပြည်နယ်ရှိ ဆေးဝါးမြို့ဟု လူသိများသော Gypto Pharma တွင် အလုပ်လုပ်နေသူတစ်ဦးအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့ရဲ့ ခရီးမှာ အဓိကသမိုင်းမှတ်တိုင်အဖြစ် နိုင်ငံများစွာမှ ကုမ္ပဏီတွေနဲ့ ပို့ကုန်ရည်မှန်းထားခြင်း အတွက် ဒေသတွင်း ဆေးဝါးဆိုင်ရာအချက်အချာတစ်ခု ထူထောင်ဖို့ မဟာဗျူဟာမြောက် လမ်းပြမြေပုံတစ်ခု တည်ဆောက်နေပါတယ်” ဟု ဆေးဝါးမြို့အဖြစ် လူသိများသော Gypto Pharma ၏ ဥက္ကဋ္ဌနှင့် စီအီးအို Amre Mamdouh က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဆေးဝါးအာမခံချက်ရရှိခြင်း၊ နိုင်ငံတကာကုမ္ပဏီများအား ဆွဲဆောင်ခြင်းနှင့် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း ကန့်သတ်ခြင်းသည် ၎င်းတို့၏ အဓိကပန်းတိုင်များအကြား အပါအဝင်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ကိုင်ရိုင်မြို့မြောက်ပိုင်း Qalyubia ပြည်နယ်တွင် တည်ရှိပြီး ဧပြီလက ဖွင့်ပွဲပြုလုပ်ခဲ့သော ဆေးဝါးမြို့သည် ဧရိယာ ၁၈၀,၀၀၀ စတုရန်းမီတာ ရှိသည်။ ဆေးဝါးမြို့တွင် ယင်းနယ်ပယ်ရှိ အဓိက နိုင်ငံတကာကုမ္ပဏီများအား ဆွဲဆောင်ရန် ဆေးဝါးထုတ်လုပ်ရေး၌ အဆင့်မြင့်နည်းပညာများနှင့် စနစ်များ တပ်ဆင်ထားကြောင်း သိရသည်။

လက်ရှိအဆင့်တွင် ဧရိယာ ၁၂၀,၀၀၀ စတုရန်းမီတာ လွှမ်းခြုံထားပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ကွန်ရက်များအတွက် အဆောက်အအုံများ ပါဝင်ကြောင်း ဥက္ကဋ္ဌက ပြောခဲ့သည်။

အနာဂတ်အဆင့်တွင်မူ ဧရိယာ ၆၀,၀၀၀ စတုရန်းမီတာရှိပြီး ဇီဝဗေဒထုတ်ကုန်များ၊ ကင်ဆာရောဂါဆေးဝါးများ၊ Beta-Lactam ပဋိဇီဝဆေးဝါးများ၊ ဟော်မုန်းဆေးများနှင့် ကာကွယ်ဆေးများ ထုတ်လုပ်သည့် စက်ရုံများ ပါဝင်မည်ဖြစ်သည်။

တိုင်းရင်းဆေးဝါးများနှင့် ဆက်စပ်သော အဆောက်အအုံများတွင် ဆေးပြားများ၊ ဆေးတောင့်များ၊ ဆေးအထုပ်များနှင့် ရေဆူဆေးပြား၊ ဆေးမှုန့်ထုတ်လုပ်ခြင်းများအတွက် ထုတ်လုပ်ရေးလိုင်းများ အခိုင်အမာ ပြင်ဆင်ခြင်းမတွက် စက်ရုံတစ်ရုံ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လိမ်းဆေးများ၊ ခရင်မ်များ၊ စအိုအတွင်းထည့်သည့်ဆေးတောင့်များနှင့် ဆေးတောင့်အပျော့များအတွက် ထုတ်လုပ်ရေးလိုင်းများ ပါဝင်သည်။

အဆောက်အအုံများတွင် သောက်ဆေးအရည်များနှင့် အစက်ချဆေးများအတွက် ထုတ်လုပ်မှုလိုင်းများ ပါဝင်သော အရည်ပြင်ဆင်မှုများအတွက် စက်ရုံတစ်ရုံလည်း ပါဝင်ကြောင်း၊ မျက်စဉ်းများ၊ သွားဘက်ဆိုင်ရာ ထုံဆေး၊ မေ့ဆေးများ၊ ထိုးပေးလေလုံပုလင်းများနှင့် အကြောဆေးအရည်များအတွက် ထုတ်လုပ်ရေးလိုင်းများပါဝင်သော ပိုးသတ်ရန်ပြင်ဆင်မှုအတွက် စက်ရုံတစ်ရုံပါဝင်ကြောင်း သိရသည်။

ကုမ္ပဏီ၏ မဟာဗျူဟာသည် ပြည်တွင်းနှင့် ကမ္ဘာ့ဈေးကွက်အား ကျင့်ဝတ်ရှိစွာထိုးဖောက်ရန်နှင့် စံချိန်မီ အရည်အသွေမြင့်ဆေးဝါးများ ထုတ်လုပ်ရန် ဖြစ်ကြောင်း Mamdouh က ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလုံးဝမရှိစေတဲ့ အစွမ်းထက်ဆေးဝါးတွေရရှိရေး အရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးပြုဖို့ ကတိပြုထားပါတယ်” ဟု Mamdouh က ပြောခဲ့သည်။

အနာဂတ်အဆင့်အစီအစဉ်နှင့်ပတ်သက်၍ ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်းလည်း Mamdouh က ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အီဂျစ်နိုင်ငံ အစိုးရအား ကိုဗစ်-၁၉ ရောဂါ (COVID-19) ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် ကူညီခဲ့သည့် ရင်းနှီးသောနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က တရုတ်နိုင်ငံနဲ့ ဇီဝနည်းပညာ၊ ကင်ဆာကုသရေးပညာနှင့် ကိုယ်ခံအားမြှင့်တင်သော ဆေးဝါးများ စတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်” ဟု စီအီးအိုက အလေးထားပြောခဲ့သည်။ (Xinhua)

————————————
(English Version)

Newly-opened “medicine city” aims to transform Egypt into regional pharmaceutical hub
Source: Xinhua| 2021-10-25 05:42:02|Editor: huaxia
QALYUBIA, Egypt, Oct. 24 (Xinhua) — A medicine city recently opened in Cairo is seeking to transform Egypt into a regional pharmaceutical hub, by securing local and regional markets with high quality products.
“We are building a strategic road map on establishing a regional pharmaceutical hub of excellence for multi-national companies as well as targeting export as a key milestone in our journey,” Amre Mamdouh, chairman and CEO of Gypto Pharma, also known as medicine city, told Xinhua.
Achieving medical security, attracting international companies and localizing the pharmaceutical industry are among their core goals, he added.
Inaugurated in April and located in Qalyubia province, north of Cairo, the medicine city covers an area of 180,000 square meters. It is equipped with advanced technologies and systems in pharmaceutical production to attract major international companies in the field.
The current phase covers an area of 120,000 square meters and it includes buildings for traditional medicine production, administration, industrial services and networks, the chairman said.
The future phase covers an area of 60,000 square meters as it includes factories producing biosimilars, oncology medications, Beta-Lactam antibiotics, hormone drugs and vaccines.
The traditional medicine-related premises include a factory for solid preparations production lines for tablets, capsules, sachets, and effervescent, powder formulations.
There is also a factory for semi-solid preparation that includes production lines for ointments, creams, suppositories, and gelatin capsules.
Additionally, the premises include a factory for liquid preparations that contains production lines for syrups and oral drops. Moreover, there is a factory for sterile preparations that includes production lines for ophthalmic drops, dental anesthetics, ampoules, and intravenous fluids.
Mamdouh said the company’s strategy is to penetrate the local and global market ethically and to produce high standard quality medicines.
“We are also committed to making efficient use of resources to secure efficient medicine with zero impact on the environment,” Mamdouh said.
Speaking about the plans for the future phase, Mamdouh said the company is looking forward to cooperating with China.
He said China is a friendly country which helped the Egyptian government manufacture COVID-19 vaccines.
“We hope to cooperate with China in the fields of biotechnology, oncology and immunology drugs,” the CEO stressed. Enditem
1,2, 3, 4 — A man works at Gypto Pharma, also known as medicine city, in Qalyubia province, Egypt, on Oct. 24, 2021. Inaugurated in April and located in Qalyubia province, north of Cairo, the medicine city covers an area of 180,000 square meters. It is equipped with advanced technologies and systems in pharmaceutical production to attract major international companies in the field. (Xinhua/Ahmed Gomaa)
5-People work at Gypto Pharma, also known as medicine city, in Qalyubia province, Egypt, on Oct. 24, 2021. Inaugurated in April and located in Qalyubia province, north of Cairo, the medicine city covers an area of 180,000 square meters. It is equipped with advanced technologies and systems in pharmaceutical production to attract major international companies in the field. (Xinhua/Ahmed Gomaa)
6,7- A man works at Gypto Pharma, also known as medicine city, in Qalyubia province, Egypt, on Oct. 24, 2021. Inaugurated in April and located in Qalyubia province, north of Cairo, the medicine city covers an area of 180,000 square meters. It is equipped with advanced technologies and systems in pharmaceutical production to attract major international companies in the field. (Xinhua/Ahmed Gomaa)
8-A man walks at Gypto Pharma, also known as medicine city, in Qalyubia province, Egypt, on Oct. 24, 2021. Inaugurated in April and located in Qalyubia province, north of Cairo, the medicine city covers an area of 180,000 square meters. It is equipped with advanced technologies and systems in pharmaceutical production to attract major international companies in the field. (Xinhua/Ahmed Gomaa)
9-Photo taken on Oct. 24, 2021 shows a view of Gypto Pharma, also known as medicine city, in Qalyubia province, Egypt. Inaugurated in April and located in Qalyubia province, north of Cairo, the medicine city covers an area of 180,000 square meters. It is equipped with advanced technologies and systems in pharmaceutical production to attract major international companies in the field. (Xinhua/Ahmed Gomaa)
10-A man works at Gypto Pharma, also known as medicine city, in Qalyubia province, Egypt, on Oct. 24, 2021. Inaugurated in April and located in Qalyubia province, north of Cairo, the medicine city covers an area of 180,000 square meters. It is equipped with advanced technologies and systems in pharmaceutical production to attract major international companies in the field. (Xinhua/Ahmed Gomaa)