Connect with us

North America

အာဖဂန်နစ္စတန်နိုင်ငံမှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်း ပြီးစီးပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဗိုလ်ချုပ်ကြီး ပြော

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ Hamid Karzai နိုင်ငံတကာလေဆိပ်တွင် အမေရိကန်နိုင်ငံ လေတပ် C-17 ဂလုပ်မာစတာ-၃ (C-17 Globemaster III) လေယာဉ်ပေါ်သို့ စီအိပ်ချ်- ၄၇ ချင်းနွတ် (CH-47 Chinook) တင်ဆောင်ထားသည်ကို ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- U.S. Central Command Public Affairs/Handout via Xinhua)

ဝါရှင်တန်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်း ပြီးစီးသွားပြီဖြစ်ကာ ယင်းနိုင်ငံအတွင်းသို့ နှစ် ၂၀ ကြာ အမေရိကန်နိုင်ငံဦးဆောင်သော တပ်ဖွဲ့ဝင်များ ဝင်ရောက်ခြင်းမှာလည်း အဆုံးသတ်ပြီဖြစ်ကြောင်း အမေရိကန် ဗဟိုကွက်ကဲရေးဌာနက ဩဂုတ် ၃၀ ရက်က ကြေညာခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ Hamid Karzai နိုင်ငံတကာလေဆိပ်တွင် အမေရိကန်နိုင်ငံ လေတပ် C-17 ဂလုပ်မာစတာ-၃ (C-17 Globemaster III) လေယာဉ်ပေါ်သို့ စီအိပ်ချ်- ၄၇ ချင်းနွတ် (CH-47 Chinook) တင်ဆောင်ထားသည်ကို ဩဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- U.S. Central Command Public Affairs/Handout via Xinhua)

“အာဖဂန်နစ္စတန်နိုင်ငံမှ ကျွန်တော်တို့ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်း ပြီးစီးပြီဖြစ်ကြောင်းနဲ့ အမေရိကန်နိုင်ငံသားတွေ၊ တတိယနိုင်ငံသားတွေနဲ့ ထိခိုက်လွယ်တဲ့ အာဖဂန်လူမျိုးတွေကို ရွှေ့ပြောင်းရေးမစ်ရှင်လည်း အဆုံးသတ်ပြီဖြစ်ကြောင်း ကျွန်တော် ကြေညာလိုက်ပါတယ်” ဟု အမေရိကန် ဗဟိုကွပ်ကဲရေးဌာန တပ်မှူး Kenneth McKenzie က ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

“ဩဂုတ် ၃၀ ရက် အရှေ့ပိုင်းကမ်းရိုးတန်းစံတော်ချိန် မွန်းလွဲ ၃:၂၉ နာရီက Hamid Karzai နိုင်ငံတကာလေဆိပ်မှ နောက်ဆုံး C-17 လေယာဉ် ထွက်ခွာခဲ့ပြီး အခုဆိုရင် အာဖဂန်နစ္စတန် လေပိုင်နက်ကနေ ထွက်ခွာနေပြီဖြစ်ပါတယ်” ဟု McKenzie က ပြောခဲ့သည်။

တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်း ပြီးစီးမှုသည် ၂၀၀၁ ခုနှစ်က အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော 9/11 အကြမ်းဖက်တိုက်ခိုက်မှု၏ နောက်ကွယ်က လက်သည်တရားခံဖြစ်သော Al-Qaeda အဖွဲ့အား ခိုလှုံခွင့်ပေးထားကြောင်း အမေရိကန်က စွပ်စွဲထားသည့် အာဖဂန်နစ္စတန်တွင် အမေရိကန် စစ်တပ်ဝင်ရောက်မှု အဆုံးသတ်ခြင်းလည်း ဖြစ်ကြောင်း McKenzie က ပြောခဲ့ပြီး “နောက်ထပ် အမေရိကန်နိုင်ငံသားတွေနဲ့ နိုင်ငံက ထွက်ခွာလိုတဲ့ သင့်လျော်တဲ့ အာဖဂန်လူမျိုးတွေကို ခေါ်ယူနိုင်ဖို့ သံတမန်ရေးရာမစ်ရှင်ကိုတော့ ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု ဆိုသည်။

ဩဂုတ် ၂၆ ရက်က ကယ်ဆယ်ရေးလုပ်ငန်းအား အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် အမေရိကန် တပ်ဖွဲ့ဝင် ၂,၄၆၁ ဦးနှင့် သမိုင်းတစ်လျှောက် အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ကြသော အမေရိကန် တပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော်အား ဂုဏ်ပြုကြောင်း၊ နောက်ဆုံး ကယ်ဆယ်ရေးလေယာဉ် ၅ စင်းတွင် အမေရိကန်နိုင်ငံသားများကို တင်ဆောင်ခဲ့ခြင်းမရှိကြောင်း၊ ဆိုလိုသည်မှာ ယင်းနိုင်ငံအတွင်းမှ ထွက်ခွာလိုသည့် အမေရိကန်နိုင်ငံသားများ ကျန်ရှိနေဆဲဖြစ်ကြောင်း McKenzie က သတင်းထောက်များအား ပြောကြားခဲ့သည်။

လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံတွင် ကျန်ရှိနေသည့် အမေရိကန်နိုင်ငံသား အရေအတွက်မှာ ရာဂဏန်းမျှရှိနိုင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၎င်းတို့အား ကယ်ထုတ်နိုင်ရေး ကူညီရန် တာဝန်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

“ဒီစစ်ဆင်ရေးမှာ စစ်တပ်ရဲ့ကဏ္ဍက အဆုံးသတ်သွားပါပြီ။ အခုတော့ သံတမန်ရေးလမ်းကြောင်းနဲ့ စတင်တော့မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် ကျန်ရှိနေသေးသော ၎င်း၏နိုင်ငံသားများအား ခေါ်ယူနိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်သလို သင့်လျော်သည့် အာဖဂန်လူမျိုးများကို အမေရိကန်ကို လာရောက်နိုင်ရန် အပြင်းအထန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဩဂုတ် ၃၀ ရက် အစောပိုင်း၌ ပြောကြားချက်အား ကိုးကား၍ အမေရိကန် မီဒီယာက သတင်းဖော်ပြရာတွင် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာလိုသူ အမေရိကန်နိုင်ငံသား အရေအတွက် ၂၅၀ အောက်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
U.S. general says withdrawal from Afghanistan completed
Source: Xinhua| 2021-08-31 07:50:28|Editor: huaxia
WASHINGTON, Aug. 30 (Xinhua) — The U.S. Central Command announced Monday that the withdrawal of U.S. troops from Afghanistan has completed, ending 20 years of U.S.-led invasion into the country.
“I’m here to announce the completion of our withdrawal from Afghanistan and the end of the mission to evacuate American citizens, third country nationals and vulnerable Afghans,” Kenneth McKenzie, commander of U.S. Central Command, announced during a news conference held by the Department of Defense.
“The last C-17 lifted off from Hamid Karzai International Airport on August 30, this afternoon, at 3:29 p.m. East coast time, and the last manned aircraft is now clearing the space above Afghanistan,” McKenzie said.
McKenzie said while the completion of withdrawal drew an end to U.S. military presence in the war-torn nation that Washington accused of harboring Al-Qaeda — the mastermind behind the 9/11 terror attack on American soil in 2001 — “the diplomatic mission to ensure additional U.S. citizens and eligible Afghans, who want to leave, continues.”
While paying tribute to the 2,461 U.S. service members killed — including the 13 troops lost Thursday to a terror attack aimed at sabotaging the evacuation mission — and over 20,000 U.S. personnel injured during the longest war Washington has engaged in throughout history, McKenzie also told reporters that no American citizens managed to embark on the final five evacuation flights leaving Kabul, meaning there were still Americans wishing to depart the country that were left on ground.
The general said the number of U.S. citizens currently still stranded in Afghanistan is “in the very low hundreds,” stressing that the Department of State is now in charge of assisting those evacuees.
“The military’s phase of this operation has ended … The diplomatic sequel to that will now begin,” he said, adding that the United States will continue trying to extract the remaining U.S. citizens and “negotiate very hard and aggressively” to get eligible Afghans to come to the United States.
U.S. media cited a State Department official as saying earlier on Monday that it was believed that there were fewer than 250 American citizens who may wish to leave Afghanistan. ■
Photo : A CH-47 Chinook is loaded onto a U.S. Air Force C-17 Globemaster III at Hamid Karzai International Airport in Kabul, Afghanistan, on Aug. 28, 2021. (U.S. Central Command Public Affairs/Handout via Xinhua)