Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ကွန်ဒုဇ်ပြည်နယ်တွင် အိုင်အက်စ်တို့တည်ရှိမှုကို တာလီဘန် တာဝန်ရှိသူ ငြင်းဆို

ကွန်ဒုဇ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်ရှိ တာလီဘန် ထောက်လှမ်းရေးအကြီးအကဲက အိုင်အက်စ်အုပ်စုနှင့် မိတ်ဖက် ဒေသခံစစ်သွေးကြွများ တည်ရှိနေသည်ဟူသော သတင်းများမှာ အခြေအမြစ်မရှိ လုပ်ကြံပြောဆိုခြင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။“ကွန်ဒုဇ်ပြည်နယ်မှာ တည်တံ့တဲ့ငြိမ်းချမ်းရေးပြန်လည်ရရှိနေပြီး ပြည်သူတွေကလည်း အဲဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နေပါတယ်။ Daesh (အိုင်အက်စ်) တည်ရှိတယ်ဆိုတဲ့ မည်သည့်သတင်း တစ်စုံတစ်ရာဟာ လုံးဝအခြေအမြစ်မရှိပါဘူး” ဟု Hajji Najibullah Haron က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကွန်ဒုဇ်ပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားများအား ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံက ကွန်ဒုဇ်ပြည်နယ် သို့မဟုတ် နိုင်ငံရှိအခြားနေရာများတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို နှောင့်ယှက်မည့် တစ်စုံတစ်ဦးကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း တာဝန်ရှိသူက မှတ်ချက်ပြုခဲ့သည်။

ကဘူးလ်မြို့တော်အား ဩဂုတ် ၁၅ ရက်က လွှဲပြောင်းယူပြီးနောက် တာလီဘန်သည် အိမ်စောင့်အစိုးရ ဖွဲ့စည်းကြောင်း စက်တင်ဘာ ၇ ရက်က ကြေညာခဲ့သည်။ (Xinhua)

———————————————-
(English Version)

Taliban official denies IS presence in Afghanistan’s Kunduz province

KUNDUZ, Afghanistan, Sept. 15 (Xinhua) — The Taliban intelligence chief in Afghanistan’s northern Kunduz province has rejected reports of the local presence of militants affiliated with the Islamic State (IS) group as baseless and fabricated.

“Lasting peace has returned to Kunduz province and people are living in peace there and any report about the presence of Daesh (Islamic State) militants in Kunduz is utterly baseless,” Hajji Najibullah Haron told reporters here on Wednesday.

Afghanistan will not allow anyone to sabotage peace and security in Kunduz or any other parts of the country, the official noted.
After taking over the capital Kabul on Aug. 15, the Taliban announced the formation of a caretaker government on Sept. 7. Enditem
1- Photo taken on Sept. 8, 2021 shows a view of a street in Kabul, capital of Afghanistan. (Photo by Saifurahman Safi/Xinhua)
2-Students have a class at a school in Kunduz province, Afghanistan, Aug. 22, 2021. (Photo by Ajmal Kakar/Xinhua)