Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် မီနီဘတ်စ်ကား ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ ပျက်စီးနေသော ကားတစ်စီးကို ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် အနောက်ပိုင်းဒေသတွင် ဇွန် ၃ ရက်က မီနီဘတ်စ်ကားတစ်စီးအား ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး အခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုသီတင်းပတ်အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးဘတ်စ်ကားများအား တိုက်ခိုက်သည့် တတိယအကြိမ်မြောက် ဗုံးပေါက်ကွဲခြင်းလည်း ဖြစ်ကြောင်း မြို့တော် ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာနေရာမှ ပျက်စီးနေသော ကားကို ထရပ်ကားဖြင့် သယ်ဆောင်လာစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာနေရာတွင် စစ်ဆေးနေသည့် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

“ဗုံးပေါက်ကွဲမှုက Pul-i-Sokhta ရပ်ကွက်မှာ ဖြစ်ခဲ့တာပါ။ သေဆုံးသူအရေအတွက်က အပြောင်းအလဲ ရှိနိုင်ပါတယ်” ဟု ကဘူးလ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ferdaus Faramarz က ကနဦးအချက်အလက်များအား ကိုးကား၍ စာသားမက်ဆေ့ချ်မှတစ်ဆင့် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် ဆီဒင်ကားတစ်စီးလည်း မီးလောင်ကျွမ်းခဲ့ပြီး ကဘူးလ်ရဲတပ်ဖွဲ့မှ မီးသတ်ဌာနကလည်း အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ယင်းနေ့အစောပိုင်းကလည်း အဆိုပါခရိုင်၌ပင် မီနီဘတ်စ်ကားတစ်စီးအား ဗုံးဖောက်ခွဲခဲ့ရာ အရပ်သား ၄ ဦးသေဆုံးပြီး အခြားသူ ၄ ဦးဒဏ်ရာရရှိခဲ့ကာ မီနီဘတ်စ်ကားလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်းမရှိသေးပေ။

အလားတူ ရပ်ကွက်တွင်ပင် ဇွန် ၁ ရက်က အများပြည်သူသယ်ယူပို့ဆောင်ရေးဘတ်စ်ကားနှစ်စီးတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား ၈ ဦး သေဆုံးပြီး အခြားသူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တာလီဘန် စစ်သွေးကြွများက ယင်းနေ့ဖြစ်ရပ်တွင် ပါဝင်ခြင်းမရှိဟု ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
4 killed as bomb hits mini-bus in Afghan capital Kabul
Source: Xinhua| 2021-06-04 00:58:23|Editor: huaxia
KABUL, June 3 (Xinhua) — Four people were killed and five others wounded in a bomb attack targeting a mini-bus in western part of Kabul, capital of Afghanistan, on Thursday, the third bomb explosion hitting public transport buses within the week, the capital police confirmed.
“The blast occurred in Pul-i-Sokhta locality. The number of death toll may change,” Kabul police spokesman Ferdaus Faramarz told reporters via a text message, citing initial information.
One sedan also caught fire and a fire-fighting unit of Kabul police was responding to the incident, he said.
Earlier in the day, four civilians were killed and four others wounded, and a minibus was destroyed when a bomb hit the vehicle in the same district.
No group has claimed responsibility for the attack so far.
On Tuesday, eight civilians were killed and 14 others wounded in twin blasts hitting two public transport buses in span of short time in the same neighborhood. Taliban militants denied involvement in the Tuesday’s incident. Enditem
1-Photo taken on June 3, 2021 shows a damaged vehicle at the site of a bomb attack in Kabul, capital of Afghanistan. Four people were killed and five others wounded in the bomb attack targeting a mini-bus in western part of Kabul on Thursday, the third bomb explosion hitting public transport buses within the week, the capital police confirmed. (Xinhua/Rahmatullah Alizadah)
2- A damaged vehicle is seen carried onto a truck from the site of a bomb attack in Kabul, capital of Afghanistan, on June 3, 2021. Four people were killed and five others wounded in the bomb attack targeting a mini-bus in western part of Kabul on Thursday, the third bomb explosion hitting public transport buses within the week, the capital police confirmed. (Xinhua/Rahmatullah Alizadah)
3- Afghan security personnel inspect the site of a bomb attack in Kabul, capital of Afghanistan, on June 3, 2021. Four people were killed and five others wounded in the bomb attack targeting a mini-bus in western part of Kabul on Thursday, the third bomb explosion hitting public transport buses within the week, the capital police confirmed. (Xinhua/Rahmatullah Alizadah)